ကိုလေးဖြူ From Youtube

ကိုလေးဖြူ ရဲ့  နာဂစ်ရန်ပုံငွေ ပွဲတုန်းက ရှိုးလေးကို ယူကျူ့  မှာတွေ့ လိုက်တဲ့ အတွက် မျှလိုက်ပါတယ်။
တင်ပေးတဲ့ ကိုမျိုးသော် ဆိုသူကိုလည်း ကျေးဇူးတင်ပါတယ်ရှင် ။
သီချင်းတွေ ဆောင်းဘောက်(စ) နားမှာ ရက်ကော့ဒ် လုပ်ထားလို့လားမသိ လေတိုးသံအတိအကျလေးတွေတော့ ပါနေပါတယ်။ လိုက်ဖ်ရှိုး ရဲ့  အရသာပေါ့လေ ။ ဒီလိုမျိုးလေးတွေ ကြည့်ရရင် မြန်မာပြည်ကို အပြေးပြန်ချင်တော့တာပါပဲ ။

ဒီ ဝမ်းနည်းမှတ်တမ်း သီချင်းသံကြားရရင် ငိုချင်ပါတယ်.။ အထူးသဖြင့် တီးလုံးသံပေါ့ ။ကိုအယ်ဖြူ ဆုံးတုန်းက စပ်ထားတဲ့ သီချင်းလို့ထင်ပါတယ်။ ဒွေး ဆုံးတော့လည်း သူ့ အသုဘ ကို ဒီသီချင်းနောက်ခံ နဲ့ တင်ထားတာ တကယ်ခံစားရပါတယ်။



အဆိုမတတ်တဲ့ သူတွေ ကြောင့် ကော်ပီဆို တော်ပြီ ဆိုတဲ့ ကျွန်မ ဒီ သီချင်းလေးကိုတော့ နှစ်သက်ပါတယ်။သူတို့ဆိုရင်တော့ အလွန်နားထောင်ကောင်းပြီး နားထဲကို original ထက်ပိုတိုးသွားပါတယ် ။ အဲ့ဒါကြောင့် ကော်ပီဆိုတယ်ဆိုတာလည်း ဆိုတတ်မှ ၊ မှီငြမ်းတာလည်း အတော်ခက်ခဲတယ်ဆိုတာကို ပိုလက်ခံပါတယ် (ဆရာကြီးရွှေဥဒေါင်း နဲ့ ကိုလေးဖြူ ၊အငဲ တို့ က သာဓကပါပဲ ) ။အဆုံးမတော့ ပညာကတော့ အဓိကပါပဲပေါ့ ။

Comments