ဗုဒ္ဓအဆုံးအမ ဓမ္မပဒ (အနှစ်ချုပ်)

သူမိုက်သည် မိမိပြုသော မကောင်းမှု အကျိုးမပေးသေးသမျှကာလပတ်လုံး မကောင်းမှုကို နှစ်သက်ဝမ်းမြောက်စွာ ပျားသကာကဲ့သို့ မှတ်ထင်၏။ သူ၏ မကောင်းမှုအကျိုးပေးသောအခါ ထိုသူမိုက်သည် ဆင်းရဲဒုက္ခသို့ ရောက်လေ၏ ။

So long as an evil deed has not ripened, the fool thinks it as sweet as honey. But when the evil deed ripens, the fool comes to grief .

++++++++++++++++++++++++++++

သူတစ်ပါးကို ဆုံးမသကဲ့သို့ မိမိကိုယ်ကို ဆုံးမရာ၏ (သူတစ်ပါးအား ဟောသောတရားကို မိမိကျင့်ရာ၏) မိမိကိုယ်ကို ကောင်းစွာ ဆုံးမပြီးမှ သူတစ်ပါးကို ဆုံးမရာ၏မိမိကိုယ်ကို ဆုံးမရန်ကားအလွန်ခဲယဉ်း၏။

One should do What one teaches others to do;if one would train others, one shoud be well controlled oneself.Difficult indeed is self-control.

++++++++++++++++++++++++++++

ကျီးရဲနှင့်တူစွာ အရှက်မရှိ ၊ သူတစ်ပါး၏ ဂုဏ် ကိုလည်းဖျက်စီး၊ သူတစ်ပါးပြုသော အမှုကို မိမိပြုယောင်လည်းကောင်း၊ ကြမ်းတမ်းသောသဘောရှိ၍ ယုတ်မာကြမ်းတမ်းသော အမှုဖြင့် အသက်မွေးသောသူမှာ အသက်မွေးနေထိုင်ရန်လွယ်ကူ၏ ။

Life is easy for the shamelss one who is as impudent as a crow, is backbiting and forward, arrogant and corrupt.

++++++++++++++++++++++++++++

အရှက်လည်း ရှိ အမြဲစင်ကြယ်သော သဘောကိုသာ ရှာကြံလေ့လည်းရှိ၊ တွန့်တိုခြင်း သဘော၊ ကြမ်းတမ်းသောသဘောလည်း မရှိ၊ စင်ကြယ်သောအမှုဖြင့်အသက်မွေး၍ သင့်မသင့်ကို ရှုမြင်သောသူမှာ အသက်မွေးနေထိုင်ရန် ခဲယဉ်း၏ ။

Life is difficult for the modest one who always seek purity, is detached and assuming, clean in life and discerning.

++++++++++++++++++++++++++++

သူတစ်ပါးတို့၏ ကြမ်းတမ်းဝန်တို မနာလိုသော စကားတို့ကို နှလုံးမသွင်းအပ်၊ သူတစ်ပါး၏ ကောင်းသောအမှု မကောင်းသောအမှု ပြု မပြု ကို မကြည့်ရှု မဆင်ခြင်ရာ။မိမိ၏ကောင်းသောအမှု မကောင်းသောအမှု ပြု မပြုကိုသာလျှင် ကြည့်ရှုဆင်ခြင်ရာ၏ ။

let None finds fault with others; let none see the omissions and commissions of others. But Let one see one's own acts ,done and undone.

++++++++++++++++++++++++++++

ဓမ္မပဒ (Dhammapada )

၁၉၄၉ ခုနှစ် မေလ၁၁ ရက် ဆရာတော် အရှင်သေဋ္ဌိလ ပါဠိဘာသာ မှ မြန်မာဘာသာသို့ ပြန်ဆိုသည့် ပထမအကြိမ် ပုံနှိပ်မူ နှင့် ၁၉၈၆ ခုနှစ်တွင် ဆရာတော် ဗုဒ္ဓရက္ခိတ (အိန္ဒိယမှ ရဟန်းတော်) ပါဠိ ဘာသာ မှ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆို၍ စကာင်္ပူတွင် ထုတ်ဝေ ပုံနှိပ်သောမူ ၂မျိုးကိုပေါင်းစည်း ၍ စီစဉ်ပုံနှိပ်ခြင်း လို့ဖော်ပြထားပါတယ်။

Comments

  1. ကျေးဇူးပါဗျာ၊facebook မှာ ယူတင်လိုက်ပါတယ်။

    ReplyDelete

Post a Comment