မြန်မာအလယ်တန်းကျောင်းသား၊ကျောင်းသူ ခြောက်ဦးဂျပန်နိုင်ငံသို့

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၊ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့

မြန်မာဖိုရမ်၊ စက်တင်ဘာ ၂၄ ရက် ၂၀၀၈ ခုနှစ်။

ဂျပန်တိုယိုတာယာဉ်များ ထုတ်လုပ်သောကုမ္ပဏီမှ စီစဉ်ဖိတ်ကြားသည့် (Junior Program) အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးမှာ ဂျပန်နိုင်ငံသို့ ဒေသန္တရ ဗဟုသုတ သွားရောက်လေ့လာခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာတော်သင် ဟောင်းများအသင်း (MAJA) မှ သိရသည်။
အဆိုပါ တိုယိုတာစီးတီးကုမ္ပဏီမှ အာဆီယံ ၁၀ နိုင်ငံရှိ အလယ်တန်းကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဗဟုသုတများလေ့လာရန် ဒုတိယ အကြိမ်မြောက်ဖိတ်ကြားခြင်းဖြစ်ကြောင်းသိရသည်။
“ဒီကျောင်းသား၊ ကျောင်းသူတွေဟာ အောက်တိုဘာ ၁၄ ရက် ကနေ ၃၁ ရက် အထိ ဂျပန်နိုင်ငံမှာ သွားရောက်လေ့လာခွင့်ရရှိပြီး နေထိုင်ရတဲ့ အခါမှာလည်း ကျောင်းသားတစ်ဦးကို ဂျပန်အိမ် တစ်အိမ်စီမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ သွားရောက်ခွင့်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ အင်္ဂလိပ်ဘာသာစကားကို တတ်ကျွမ်းသူတွေဖြစ်ရပြီး မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုအနုပညာတစ်ခုခုကိုလည်း တတ်မြောက်ရမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ရောက် တဲ့အခါမှာ အာဆီယံနိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူ အသီးသီးဟာ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ထုတ်ဖော်ပြသကြရမှာဖြစ်ပါတယ်” ဟု MAJA မှ တာဝန်ရှိသူ ဒေါက်တာ အောင်ကျော်က ပြောကြားခဲ့သည်။

=o=o=o=o=o=o==o=o=o=o=o=o=

ဘာရယ်မဟုတ်ပါဘူး။ အရင်အပတ်က ငယ်ငယ်ကအကြောင်းတွေ ရေးရင်း ဖူကူအိုကာ လွှတ်ကြသေးသလား တွေးမိနေ တာ အခု ဒီသတင်းလေးဖတ်လိုက်ရတယ်။

Comments