အရှုံး အနိုင်

အရှုံး နဲ့ အနိုင် တဲ့ ။လောကကြီး ကျင်လည်ရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှ အရှုံးချည့် အမြဲတွေ့ နေရတာမရှိပါဘူး။နိုင်နေတဲ့ သူတွေလည်း တနေ့နေ့ တချိန်ချိန် မှာ အရှုံး နဲ့ ရင်ဆိုင်ရဦးမှာပါ ။ စဉ်းစားမိတာ။ တချို့လူတွေက အရှုံးပေးလိုက်ရတာကို ပိုကြိုက်ကြပါတယ်။အဲ့လို လူမျိုးတွေက ပိုကြောက်ဖို့ကောင်းတယ်။ သူတို့ က ကိုယ့် ကို နိုင်ခွင့်ပေးလိုက်လို့ ကိုယ် အနိုင်ရတာမျိုးကြီးပါ။သူ က ကိုယ့်ကို သေချာအနိုင်ပေးလိုက်တာပါလား ဆိုတာကို သတိမထားမိတဲ့ သူတွေ ဟာ တခဏတာပဲနိုင်လိုက်ရတာ မသိရှာလိုက်ဘူး။ကျွန်မတော့ အင်း အင်း နင်ပြောတာမှန်ပါတယ် နင်လုပ်တာမှန်ပါတယ် ဆိုပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်မှာ ကိုသိပ်ကြောက်ပါတယ်။
ရှုံးလိုက်ရတဲ့ သူက ငါတော့ သွားပြီဟဲ့ ဆိုပြီး ကုန်းရုန်းပြန်ထဖို့ ပိုတိုးတက်လာစေဖို့ အခွင့်အရေးတွေ ရှိပါတယ်။ရှုံးသွားပြီးတဲ့အတွက် တခြားအခွင့်အလမ်းတွေကိုလည်း ပိုမြင်ရပါတယ်။ တကယ်နိုင်သွားတာ မဟုတ်ပဲ ရှေ့ဆက်သွားနေတဲ့ သူကတော့အနိုင်ရပြီ ဆိုပြီးစိတ်ချထားတတ်ကြပါတယ်။ပိုဆိုးတာ သူ သွားနေတာ အမှားကြီးမှန်းသိသားနဲ့ လူတွေက ဒီအတိုင်းကြည့်နေလိုက်တာပေါ့။ လူဆိုတာ ကိုယ့်ကိုကိုယ် သိဖို့ ကိုယ့်စိတ်ရင်းကိုတကယ်ပြန်မြင်ဖို့ က ခဲယဉ်းပါတယ်။ မှားနေရင် ပြန်ပြင်ဆင်ခွင့် ဆိုတဲ့ အခွင့်အရေးကလူတိုင်းမှာ ရှိပါတယ်။( မှားမှန်းသိသိနဲ့ ဆက်လျောက်နေတဲ့သူမျိုးကတော့ တကဏ္ဍ ပေါ့လေနော်)အတော်ကြီး အမှားလွန်နေပြီးမှ ပြန် ပြင်ဆင်မယ်ဆိုရင်တော့ အတိုးကြီးကြီးလည်း ဆပ်ရမယ်ထင်ပါရဲ့  ။
လောကကြီးမှာ အနိုင်ရတဲ့ သူဆိုတာမရှိပါဘူးတဲ့ ။ မရှုံးသေးတဲ့ သူပဲရှိပါတယ်တဲ့ ..။

Comments