အခက်အခဲ



အခက်အခဲက ပိုကောင်းတဲ့သူ ဖြစ်လာအောင် လုပ်ပေးတယ်။
စိတ်ချမ်းသာတဲ့သူဟာ သူ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့တယ်။ အဲ့ဒီလို အခက်အခဲတွေကြုံခဲ့ရလို့ဘယ်လိုပညာရခဲ့တယ် ဆိုတာကို ပြန်တွေးပြီးပြောတတ်တယ်။ အခက်အခဲတွေ နဲ့ ကြုံခဲ့ရတာဟာ သူ့အတွက်အကျိုးရှိတယ်လို့သူခံစားရတယ်။ ဒါကြောင့် သူစိတ်ချမ်းသာတယ်။ သူ ကံဆိုးလို့ အခက်အခဲတွေ ကြုံရတယ် လို့မတွေးဘူး။ သူ အရေးထားတာကသူ့မှာအခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ် ။အခက်အခဲကို ကျော်လွှားခဲ့ရလို့ ပညာရခဲ့တယ်။ ပိုပြီအရည်အချင်းရှိတဲ့လူဖြစ်လာတယ် ဆိုတာပဲ သူ့အတွက်အရေးကြီးတယ်။ အခက်အခဲက သူ့ကို ပိုကောင်းတဲ့သူ ဖြစ်လာအောင် လုပ်ပေးတယ်လို့ သူခံစားရတယ်။အဲဒါကြောင့်အခက်ခဲတွေကို သူတန်ဖိုးထားတယ်။
စိတ်ချမ်းသာမှ အခက်အခဲနည်းမယ်။
စိတ်ချမ်းချမ်းသာသာ နေပြီး ဘဝအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းတတ်အောင် လေ့လာပါ။ အခက်အခဲမရှိမှစိတ်ချမ်းသာမယ်လို့ မယူဆပါနဲ့။ အမှန်တော့ စိတ်ချမ်းသာမှ အခက်အခဲနည်းမယ်။ စိတ်ညစ်နေတတ်တဲ့သူဟာ အမြဲ အခက်အခဲတွေနဲ့ပဲ နေရတယ်။
ဘာမှ မလုပ်နိုင်ရင်မတွေးပဲနေ
စိတ်ချမ်းသာချင်ရင် ကိုယ်မတတ်နိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမခံဖို့ အရေးကြီးပါတယ်။ စိတ်ဆင်းရဲစရာကြုံရရင် ငါ ဘာလုပ်နိုင်သလဲဆိုတဲ့ မေးခွန်းကိုမေးပါ။ လုပ်နိုင်တာဆိုရင် လုပ်လိုက်ပါ။ဘာမှမလုပ်နိုင်ရင် မတွေးပဲနေတာကောင်းတယ်။တွေးလေစိတ်ဆင်းရဲလေ ဖြစ်နေတာ ဘာမှ အကျိုးမရှိဘူး။
ဆုံးရှုံးမှုကို မေ့ထားလိုက်။
အတိတ်က ဆုံးရှုံးမှုကို မေ့ထားလိုက်ပြီးတော့ အနာဂတ်အောင်မြင်မှု အတွက်အားသွန်ပြီး ကြိုးစားပါ။

Comments

Popular Posts