လှတစ်မျက်နှာ ..

အမျိုးသမီးတိုင်း ကတော့ ကိုယ့်မျက်နှာလေး ဘာမှ မလိမ်းခြယ်ရပဲနဲ့ လှလှပပရှိချင်တာပါ။ အခုမလှချင်ရင်တောင် နောင် အသက်ကြီးလာတဲ့အခါမှာ အသားအရေ စိုစိုပြေပြေ တင်းတင်းရင်းရင်းလေးဖြစ်ချင်ကြမှာပဲ။
အဲ့အတွက်လည်း ခေတ်ပေါ်အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေ အများကြီးရှိပါတယ်။ ကိုယ် ဝယ် ဝယ်နိုင် သလောက် စွဲသုံးနိုင်သလောက် အကျိုးသက်ရောက်မှုရှိပါတယ်။ မျက်နှာ မှာ အရေးအကြောင်းပေါ်မှ လိမ်းတာထက် ငယ်ကတည်းက မျက်နှာအသားအရေကို ဂရုစိုက်ပေးနိုင်ရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။
ကျွန်မ က အဆီပြန်တဲ့ မျက်နှာ အသားအရေမျိုးရှိတော့ မိတ်ကပ် ဒါမှမဟုတ် lotion cream လိမ်းရာမှာ ရွေးပါတယ်။လိမ်းစရာတွေကလည်း အထူးသဖြင့် နေအပူဒဏ် ကို ခံနိုင်အောင် ထုတ်လုပ်တဲ့ SPF ဘယ်လောက် ဘယ်လောက်ဆိုပြီးပါတာတွေကြောင့် ပိုအဆီပြန်စေပါတယ်။ SPF ပါတာတွေက moisturise အနည်းအများ ထိန်းပေးတာလို့ သိရပါတယ်။ အပြင်ထွက်ပြီ ဆိုရင် အဆီမပြန်တဲ့ သူတွေက အလှမပျက်နဲ့ နေပူထဲ သွားလားလှုပ်ရှားနေချိန်မှာ ကျွန်မမှာတော့ အဆီစုပ်တစ်ရှုးလေးတကိုင်ကိုင်နဲ့ပေါ့။
ဖြူဝင်းသန့်စင်နေတဲ့ မျက်နှာ အလှပိုင်ရှင် မိန်းကလေးတွေ ကို အနည်းနဲ့ အများတော့ အားကျကြမှာပါ။
နေပူထဲက ပြန်လာလာ ၊ အလုပ်ရှုပ်လို့ပဲ အဆီပြန်နေနေ မသိသာလှတော့ မျက်နှာပန်းလှတာပေါ့။
အဆီပြန်တဲ့ အသားအရေ ပိုင်ဆိုင်ထားတဲ့ သူတွေလည်း စိတ်ညစ်မသွားပါနဲ့နော်။ သူ့မှာလည်း အားသာချက်လေးရှိပါသေးတယ်။ :)
မျက်နှာက အမြဲ အဆီထွက်နေတော့အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းတွေ ဖြစ်လာဖို့ လျော့နည်းပါတယ်။ လေ၊ နဲ့ နေရောင်ဒဏ် ရဲ့  ထိရောက်မှုကို တခြားအရေပြားအမျိုးအစားတွေထက်ပိုခံနိုင်ရည်ရှိပါတယ်တဲ့။
အဲ..ဖုန်မှုန့် နဲ့ အလွယ်တကူချေးညှော် ထိကပ်စေတဲ့ အတွက်တော့ သန့်ရှင်းအောင် သေချာ ဆေးကြောရပါမယ် ။ မဟုတ်ရင် တော့ ဆားဝက်ခြံနဲ့ အဆီထွက် မွှေးညှင်းပေါက်လေးတွေ ကျယ်လာပါလိမ့်မယ်။
ကျွန်မ က အဆီပြန်လာရင် မျက်နှာသစ်လိုက်ရမှ နေသာထိုင်သာရှိတတ်ပါတယ်။ ရုံးမှာ ဆိုရင်တောင်မှ facial foam လေးဆောင်ထားပြီးနေ့လည်တစ်ခါ ကိုတောင် ရအောင်သစ်သူပါ ။ အဲ့ဒါက မှားယွင်းပါတယ်တဲ့ ။ အရေပြားကအမြဲမျှတ တဲ့ အဆီ ကိုထုတ်ပေးနေတာပါ။ မျက်နှာသစ်လိုက်တော့ ထွက်နေတဲ့ အဆီဓာတ်တွေဆုံးရှုံးသွားတဲ့အတွက် ပြန်လည်အစားထိုး တဲ့ အနေနဲ့ အဆီဓာတ်ကို ထပ်ထုတ်ပေးပါတယ်။ အဲ့ဒီတော့ကိုယ်က မျက်နှာသစ်လေအဆီကို ပြန်ထုတ်ပေးရတဲ့အလုပ်ကို မကြာမကြာလုပ်ရလေနဲ့ ပိုပြီး အဆီပြန်တဲ့ အသားအရေ ကိုရရှိစေပါတယ်။
အဆီပြန်တဲ့ မျက်နှာအသားအရေပိုင်ဆိုင်သူတွေ အတွက် ဖတ်ရှုမိတာလေးတွေ ရေးမှတ် ဝေမျှလိုက်ပါတယ်။
အဆီပြန်အသားအရေအတွက် က တော့ ကြက်ဥအဖြူ အရည် ကို သံပရာရည် လက်ဘက်ရည်ဇွန်း ၁ဇွန်းပျားရည်ဇွန်းတစ်ဝက် နဲ့ သမအောင်နှောလို့ မျက်နှာပေါ်တင်ပေးရမှာပါ ။
တဆက်တည်း -
အသားအရေ ခြောက်သွေ့တဲ့ သူတွေ အတွက် အသုံးပြုပေးရမယ့် သဘာဝ ပစ္စည်းကတော့ မျက်နှာသစ်(ပေါင်းတင်နည်း)ကတော့ ကြက်ဥ ရဲ့  အတွင်းအဝါသား ကို အရင်ခေါက် နောက် နှို့မှုန့်လက်ဘက်ရည်ဇွန်း ၁ဇွန်း ပျားရည် ဇွန်း၁ ဝက် တို့ကိုရောပြီး ထပ်မွှေပေး၊ ရတဲ့ အနှစ်ကို မျက်နှာမှာ Face Scrub အဖြစ်လိမ်းထားပေးပါ ။ ခြောက်လာပြီဆိုမှ ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။
နောက်ထပ်- မျက်နှာ အရေပြားကို ထိန်းသိမ်းဖို့အတွက် သဘာဝ အလှကုထုံးလေးတွေကတော့ ဒီလိုပါ။
ဒိန်ချဉ် ကို တင်ပေးရင်လည်း မျက်နှာအသားအရေကို နူးညံ့စေပါမယ် ။

နနွင်းမှုန့် (ဆနွင်းမှုန့်) နဲ့ သံပရာရည် ကိုရောပြီး လိမ်းပေးထားခြင်းဖြင့် အသားအရေ အညစ်အကြေးကို ဆေးပစ်နိုင်ပါတယ်။

မုန်လာဥနီ ကလည်းအရေပြား အပေါ်လွှာမှာ ဖြစ်ပေါ်တဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ် လို့ဖတ်ရဖူးပါတယ်။အရည် ကို မျက်နှာပေါ်လိမ်းပေးပြီး ၁၅မိနစ်လောက် ထားပေးကာ ရေနွေးနှင့်ပြန်ဆေး။ အသားအရေကို တင်းရင်းလှပစေပါတယ်တဲ့နော်။
ထို့ အတူ အချဉ်ဓာတ်ပါသော သစ်သီးများက အရေပြားကို သန့်စင် တင်းရင်းစေပါတယ်။လိမ္မော် ၊ သံပရာ ၊ နာနတ် စသဖြင့်ပေါ့..။
ခရမ်းချဉ်သီးအရေ ဖြင့် ပွတ်လိမ်းပေးခြင်းဖြင့်လည်း အရေပြားကို စင်ကြယ်စေပါတယ်တဲ့ရှင်။ (ခရမ်းချဉ်သီး ရဲ့  မျက်နှာအလှအတွက် အသုံးဝင်ပုံကိုနောက် ပို့စ် တစ်ခုအဖြစ် ရေးပါမယ်ရှင် ။ သူ့တစ်ခုတည်းနဲ့ ရှည်သွားလို့ ။ )
အာလူး ကတော့ တချို့  အသားအရေတွေနဲ့မတည့်ပါဘူး၊ ကျွန်မဖတ်ကြည့်ရသလောက်တော့ တိုက်ရိုက် မသုံးရပါဘူး။ အာလူးအရည်လေးကို ပဲ ဝါဂွမ်းလေးနဲ့ မျက်လုံးအောက်ကို တို့ပေးရတာပါ။ မျက်ကွင်းအောက်ညိုတာကို ပျောက်စေတယ် ပြောပါတယ်။ မျက်နှာတစ်ပြင်လုံးကို ကပ်ရင် မတည့်တဲ့သူတွေ ဆို မျက်နှာ မည်းလာတတ်ပါတယ်။
သခွားသီးကတော့ က လည်း လူသိများတဲ့ အသားအရေ အထောက်အကူပြုအသီးအနှံပါ။ သူ့ အတွက်
လည်း လေ့လာရပါဦးမယ်ရှင်။
အသားအရေ sensetive ဖြစ်တဲ့သူတွေအတွက်တော့ အနည်းငယ်စမ်းလိမ်းကြည့်ပြီး ယားယံတာမျိုးဖြစ်ရင်
ချက်ချင်းမျက်နှာဆေးပြီး ဆက်မသုံးပါနဲ့တော့နော်။

Comments