သွေးအုပ်စုခွဲတာ ဘယ်က စ

သွေးအုပ်စု ကို ကြည့်ပြီး လူတွေ ရဲ့  အကျင့်လက္ခဏာ တွေ ခန့်မှန်းတာတွေ က ဘယ် က စပါသလဲတဲ့။ဂျပန်ကပါတဲ့ ။ အနောက်နိုင်ငံတွေ မှာ ဆို ဘယ် ရာသီဖွားလဲ လို့ မေးရင် လူတိုင်းဖြေနိုင်သလိုပဲ ဂျပန်မှာဘာ သွေးအုပ်စုလဲ လို့ လူတိုင်းကို မေးရလောက် အောင် အရေးပါပါတယ်။ဒီလို သွေးအုပ်စ နဲ့ လူတစ်ယောက် ရဲ့ စိတ်နေသဘောထားကို ဆက်စပ်တွေးခေါ်မှုကို စတင်ချိန်က 1931 ခုနှစ်စတင်သူက တော့ Furukawa Takeji (1891–1940) ပါတဲ့။သူ က အထက်ကျောင်းတစ်ခုရဲ့  admin မှာ အလုပ်လုပ်ရင်း ကျောင်းလျှောက်ထားတဲ့ သူတွေ ရဲ့  သွေးအုပ်စု နဲ့ စိတ်နေစိတ်ထားကို ယှဉ်တွဲ လေ့လာမိတာပါ။ဖူရူကာဝါ က အကြမ်းဖျင်းအားဖြင့် တော့ အုပ်စု ၂ ခုကွဲတယ်ပေါ့ ။ စိတ်ရှည် ပြီး သေချာတွက် ချက်တတ်တဲ့အေ သွေးအုပ်စုသမားတွေ ရယ်။ သူနဲ့ပြောင်းပြန် စိတ်ဆတ် ဆုံးဖြတ်ချက် မြန်တဲ့ ဘီ သမားတွေ ရယ်ပေါ့။
နောက်ပိုင်း 1950’s, 60’s နဲ့ 70’s တွေ မှာ ဂျပန်မှာ သွေးအုပ်စု ဆိုင်ကိုလောဂျီ နဲ့ ပတ်သတ်ပြီးလေ့လာမှုတွေ ပြုလုပ်ကြပါတယ်။Masahiko နဲ့ Toshitaka Nomi သားအဖ နှစ်ယောက် က ဦးဆောင်ပြီး ဘယ်လို သွေးအုပ်စုက လူတွေရဲ့  နေထိုင်မှု ပေါင်းသင်းဆက်ဆံရေး တွေးတောကြံဆမှု ကို အကျိုးသက်ရောက်စေသလဲဆိုတာတွေကိုသုတေသနပြုခဲ့ကြတယ်။ ဂျပန်က တချို့ ကုမ္ပဏီ တွေဆို သွေးအုပ်စု တွေ ကို စမ်းဆစ်ပြီး အဖွဲ့တွေ ခွဲထားပါတယ်။ ဘေ့စ်ဘော အသင်းခေါင်းဆောင်တစ်ဦးက ဆို အသင်းကို ရွေးချယ်ရာမှာ သွေး ကို ကြည့်ပါတယ်တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက လည်း သွေးအုပ်စုအလိုက်ခွဲခြား တပ်စု ဖွဲ့မှုတွေရှိတယ် လို့ ဆိုပါတယ်။ အဲ့လိုပဲ နေ့ကလေးထိန်းကျောင်းတွေမှာ သင်ပြလို့လွယ်ကူအောင် ခြားနားတဲ့ သင်ကြားမှုစနစ်တွေ အုပ်စုခွဲသင်ကြားပါတယ်။မြားနတ်မောင်လုပ်ငန်းတွေ မှာ လည်း အသုံးချတယ် ဆိုတာ တော့ ပြောစရာမလိုအောင် သိကြမှာပါ။ သွေးအုပ်စုခွဲတာတွေ က ဘယ်လောက် ခေတ်စား (အရေးပါ) သလဲ ဆိုရင် အလုပ်လျှောက် တဲ့ လျှောက်လွှာတွေမှာဖြည့်ရပါတယ်။
1997 နောက်ပိုင်းမှာတော့ တီဗွီ ချယ်နယ်၅ခု မှာ ၄ခု က သွေးအုပ်စုနဲ့ ပတ်သက်တဲ့ ခေါင်းစဉ် တွေနဲ့ အပြိုင်ထုတ်လွှင့်ရလောက်အောင် ကျော်ကြားနေပါပြီ။ သာမာန်အားဖြင့် တော့ B Type တွေ ကို အာရှနိုင်ငံ သားတွေ အတော်များများမှာ တွေ့နိုင်ပါတယ်။ အနောက်တိုင်းနိုင်ငံသားတွေမှာ ရှားပါတယ်။ အဓိက အားဖြင့် A နဲ့ O တွေများပါတယ်။
နောက်ရက် မှ အသေးစိတ်သွေးအုပ်စုတွေ ကို ခွဲခြားထားတာတွေ ရေးပါမယ်။
အခုတော့ ချစ်စရာကောင်းတဲ့ မေးလ် ကရ တဲ့ ပုံလေးတွေ ကြည့်ရင်း မှန် မမှန်တိုက်ကြည့်လိုက်ပါဦးနော်။




Comments

  1. စိတ်ဝင်စားစရာလေးပါပဲ။ ကာတွန်းလေးတွေကလည်း ချစ်စရာ ကောင်းပါတယ်။ အဲဒီပုံလေးတွေကို စကာင်္ပူ သွေးဘဏ်မှာ ကပ်ထားတာ နှစ်စကတည်းက တွေ့မိပြီး သဘောကျနေခဲ့တာပါ။ အခုလို ထပ်မံ ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete
  2. ဟုတ်။ သွေးဘဏ် မှာ ကပ်ထားမှန်း မသိပါဘူးရှင်။ အီး-မေးက ရတာလေးက ချစ်စရာလည်းကောင်း မှန်လည်းမှန်လို့ မျှလိုက်တာပါ။ ကျေးဇူးပါ ကိုဂျူလိုက်ဒရင်ဒရေ..။

    ReplyDelete

Post a Comment