အသားအရေ နှင့် ဗိုက်တာမင်

အဓိကအားဖြင့် ဗိုက်တာမင် ကို ၂မျိုးခွဲနိုင်ပြီး fat-soluble (A, D, E and K) နဲ့ water-soluble ဖြစ်တဲ့
ဲ့B vitamins and vitamin C ပါတဲ့။ ဗိုက်တာမင် နှင့် အကျိုးသက်ရောက်မှုလေးတွေ ဆက်လက်ဖော်ပြထားပါတယ်။


ဗိုက်တာမင် A ချို့  တဲ့ လျှင်းး
- အရေပြားတွေ ကြမ်းလာပြီး ခြောက်သွေ့နေမယ်။ အဖုလေးတွေ ထွက်လာမယ်။
- အရေပြား ခြောက်သွေ့မှုကြောင့် ဦးခေါင်းထက် ဦးရေပြားခြောက်သွေ့ပြီး ဖောက်ထခြင်းကိုဖြစ်စေနိုင်ပါမယ်။
- နေလောင်ဒဏ် ကို မကာကွယ်နိုင်တဲ့အတွက် အမဲစက်များကို လည်း အသားအရေမှာ ဖြစ်ပေါ်စေတတ်ပါတယ်။
ထို့ကြောင့် ဗိုက်တာမင် - A ဓာတ် ပါဝင်သော အောက်ပါ အစားအစာများကို စားသုံးပေးခြင်းဖြင့် ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။
- မုန်လာဥနီ ၊ အစိမ်းရောင် အသီးအရွက်များ ၊ ခရမ်းချဉ်သီး ၊ သဘောင်္သီး ၊ ဖရဲသီး၊ နို့ နှင့် ဥ အမျိုးမျိုး

ဗိုက်တာမင် B ချို့  တဲ့ လျှင်းး
-အရေပြားက ခြောက်ပြီး အညိုရောင်သန်းလာမယ်။
-နှာခေါင်း ပါးစပ်နဲ့ မျက်လုံးနားတဝိုက်မှာ အသားအရေသွေ့ခြောက်တာ အက်ကွဲတာတွေ ဖြစ်လာနိုင်ပါတယ်။
-နှာခေါင်းနားတ်ဝိုက်မှာ နီရဲနေပြီး ပါးစပ်မှာ ကျီးကန်းပါးစပ်လိုမျိုး ဖြစ်နေနိုင်ပါတယ်။
ဗိုက်တာမင် - B ဓာတ်ပါရှိတဲ့ အစားအစာတွေ ကတော့- စပါး ဂျုံ ပဲ ၊ အစိမ်းရောင်ပါရှိသော အသီးအရွက်၊ အသား၊ အသည်း နှင့် ဒိန်ချဉ် ဒိန်ခဲ

ဗိုက်တာမင် C ချို့ တဲ့လျှင်းး
- အရေပြားတွန့်ခြင်း အရေးအကြောင်းများပေါ်လာခြင်း
နေရောင်ဒဏ်မခံနိုင်ခြင်း
ဗိုက်တာမင် C ပါဝင်သောအစားအစာများမှာ
-သစ်သီး ၊ Lemon ၊ လိမ္မော်သီး ၊ စတော်ဘယ်ရီသီး၊ ကီဝီသီး ၊ စပျစ်သီး နှင့် ဂေါ်ဖီ

ဗိုက်တာမင် D ချို့ တဲ့လျှင်းး
-သွား အရိုး တို့နဲ့ ဆက်စပ်နေတဲ့အတွက် သွားကျိုးလွယ် အရိုးကျိုးလွယ်ပါတယ်
စားသုံးရမယ့် အစားအစာကတော့
-နို့ ၊ အမဲအသည်း ၊ salmonငါး၊ tunaငါး၊ ထောပတ်စေ့ နှင့် ငါးကြီးဆီ

ဗိုက်တာမင် E ချို့ တဲ့လျှင်းး
အနာရွတ်ဖြစ်လွယ်ပြီး အရွယ်မတိုင်ခင်ရင့်ရော်မှု ဖြစ်နိုင်စေပါတယ်။
အဲ့ အတွက် ဗိုက်တာမင် E ဓာတ်ပါတဲ့
- ပေါင်မုန့်၊ နှံစားပင်၊ ဂျုံ ၊ ကညွှတ်၊ ထောပတ်၊ သံလွင်သီး ၊နေကြာစေ့ ၊ ပဲ တို့ကို စားသုံးပေးရပါမယ်။
သူတို့ ဟာ သွေးသွားသွေးလာကို ကောင်းမွန်စေပြီး အရေပြားရောင်ရမ်းခြင်းကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ ဆီးချို သွေးတိုး လည်ပင်းကြီး ရောဂါ ရှိသူများကတော့ စားသုံးသင့်-မသင့် ကို ဆရာဝန်များနှင့် အရင် တိုင်ပင် သင့်ပါတယ်တဲ့ ရှင်။ :)

ဗိုက်တာမင် K ချို့ တဲ့ ရင်တော့ မုန်ညှင်းရွက် ၊ ဆလတ်ရွက် ၊ broccoli (ပန်းမုန်လာစိမ်း)
တို့ကိုစားပေးသင့်ပါတယ်တဲ့။ သာမာန် ထိခိုက်ရှတာကိုတောင် သွေးထွက် များနေတာ။ သွေးယိုစီးမှုတွေ ဖြစ်စေနိုင်လို့ပါ။

အဓိက အားဖြင့် ဗိုက်တာမင်ဓာတ်များ ပါဝင်နေတာ က အစိမ်းရောင်ရှိတဲ့ အသီးအရွက် တွေဖြစ်နေပါတယ်။ ထို့ကြောင့်လည်း လူကြီးသူမတွေ က အစိမ်းရောင်ရှိတဲ့ အသီးအရွက် ကို စားလို့ ညွှန်ကြားကြတာနေမှာပါ။

စက်တင်ဘာ ၂၀၀၇ people မဂ္ဂဇင်း နှင့် ဝီကီ မှ ကိုးကား

Comments