ကြောင်ဋီကာ

အိမ်မွေး တိရစ္ဆာန်ထဲမှာဆို ကျွန်မက ကြောင်တွေကို အချစ်ဆုံးပဲ။ ဘယ်လောက်ချစ်သလဲဆို သူတို့ တပည့်တွေဖြစ်တဲ့ ကျားတို့ ကျားသစ်တို့ ကိုတောင် အိမ်မှာမွေးထားချင်တာ ။ သူတို့တွေက တစ်ချက် လက်နဲ့ပုတ်ခတ် ဆော့ကစားပြီး အချစ်စမ်းလိုက်ရင် ဒုက္ခများမှာ စိုးလို့သာ။ :D
(အိမ်မွေး) ကြောင်တစ်ကောင်ရဲ့  ယေဘုယျသက်တန်းဟာ ၁၄နှစ်၊ အမြဲကျန်းမာရေး check-up လုပ် ကာကွယ်ဆေးမှန်မှန်ထိုးတာမျိုး လုပ်ပေးရင်နှစ်၂၀ကျော်လောက်အထိ အသက်ရှည်နိုင်ပါတယ်။ သူတို့ကိုယ်ဝန်ဆောင်ချိန်ဟာ ၅၈ရက်ကနေ ၆၅ရက်အထိ..။ မွေးကင်းစကြောင်ပေါက်ကလေးတွေ ရဲ့  နားစည်ဟာ ကိုးရက်ကြာမှ အလုပ်စလုပ်တာပါတဲ့။ သူတို့လေးတွေရဲ့  မျက်လုံးလေးတွေ စပွင့်ချိန်မှာ အပြာရောင်မျက်လုံးလေးတွေ ရှိကြပါတယ်။သာမာန်အားဖြင့် ကြောင်တွေဟာနွားနို့ကို အစာခြေနိုင်စွမ်းမရှိပါဘူး။ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေက အဆင်မသင့်ရင် ဝမ်းသွားတတ်ပါတယ်။ (Pet shop တွေမှာ သူတို့အတွက် နို့ သက်သက်ရှိပါတယ်။ ) သူတို့အတွက် ကြောင်စာ meal တစ်ခုဟာကြွက်ကလေး ၅ကောင် ကို စားရတာနဲ့ ညီမျှပါတယ်တဲ့။
သူတို့ မျက်လုံးဟာ ၁၈၅ဒီဂရီ မြင်ကွင်းကျယ် ရှိပါတယ်။ကြောင်တွေ ဟာ အရောင်တချို့ ကို မြင်နိုင်စွမ်းမရှိပါဘူး။ ကာလာဘလိုင်း ပါတဲ့ ။အမှန်တော့ သူတို့မျက်လုံးဟာ ကျွန်မတို့လူတွေ အိပ်ချင်မူးတူးဖြစ်နေချိန်မှာ မြင်ရသလိုမျိုးပဲ ဝေဝါးဝါးမြင်ရရှာတာပါ။ (မျက်စိအားနည်းတဲ့လူတွေ မျက်မှန်ချွတ်ထားရင် မြင်ရသလောက်မျိုးပေါ့) အခုနောက်ပိုင်းမှာတော့ တချို့  ကြောင်တွေ က အပြာ၊အစိမ်းနဲ့ အနီ ကိုမြင်နိုင်စွမ်းရှိတယ်လို့လည်းပြောကြပါတယ်။ တကိုယ်လုံးစွတ်စွတ်ဖြူနေပြီး မျက်လုံးအပြာရောင်ရှိတဲ့ ကြောင်မျိုးဟာ နားမကြားတတ်ကြပါဘူးတဲ့။ သူတို့ဟာ နှာခေါင်းအောက်မှာ ရှိနေတဲ့ အရာမျိုးကို မမြင်ကြပါဘူး။ ဒါကြောင့် သူတို့နဲ့ ဆော့ဖို့ ပစ္စည်းကို မမြင်တာမျိုး ဖြစ်တတ်တာ။
သူတို့ဟာ အသံအမျိုးပေါင်း ၁၀၀ကျော်ကို ပြုလုပ်နိုင်စွမ်းရှိတယ်။ (ခွေးတွေခမျာ တော့ အသံ၁၀မျိုးလောက်ကိုပဲ ထည်လဲသုံးရတတ်တာ ) ၊ကြောင်တွေဟာ "ee" နဲ့ ဆုံးတဲ့ အသံကို တုန့်ပြန်နှုန်းပိုမြန်တယ်။ပြီးတော့ အမျိုးသားတွေ အသံထက် အမျိုးသမီးအသံကို ပိုသိကြတယ်။ အဲ့ဒါက မိန်းကလေးတွေမှာ pitch ပိုမြင့်တဲ့ အသံမျိုးရှိလို့ပါတဲ့ ။ ကြောင်တွေကို ကိုယ်ကစကားပြောလေ၊ သူတို့ကလည်း ပြန်ပြောလေပါတဲ့။ chirps တွေ meows တွေ ကိုသင့်ရဲ့  Foreign Language အဖြစ်လည်းတိုးတက်သင်ယူနိုင်တာပေါ့နော်။ :)ကြောင်တစ်ကောင် ဟာ သူတို့အရပ်အမြင့်ထက် ရ ဆ ခုန်နိုင်စွမ်း ရှိကြပါတယ်။
ကြောင်တွေရဲ့  ဦးဏှောက်ထဲမှာ ရှိတဲ့ လူတွေနဲ့ တူတဲ့အကန့်ကတော့ emotion ပါတဲ့။သူတို့ဟာlonely မဖြစ်တတ်ကြဘူး။security ကိုလိုလားကြတယ်။( မိန်းကလေးအများစုနဲ့ ကြောင်တွေနဲ့ best friend ဖြစ်တာ ဒီလိုတူတာတွေကြောင့် ဖြစ်နိုင်ပါတယ်။) ဒါကြောင့်လည်း သခင်နေမကောင်းရင် security မပေးတော့ဘူး ဆိုပြီး စွန့်ခွာတတ်ကြတယ် လို့ဆိုတယ်။ ခွေးတွေနဲ့ မတူတာ ဒီအချက်ပါပဲ။ ခွေးတွေက သူ့ကို စောင့်ရှောက်သူကို သခင်လို့ မြင်တတ်တယ်။ ကြောင်တွေက သူတို့ကို စောင့်ရှောက်တာဟာသူတို့ ကိုချစ်လို့ သခင် လိုထားတယ်၊ကျွန်မတို့ကသာ သူတို့ကို မှီခိုသူလို့ ထင်တတ်တယ်(ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ မှတ်ဉာဏ်လေးလဲနော်။ အဲဒါကြောင့် ကိုယ်စိတ်ဆင်းရဲရင် အနားမှာပွတ်သီးပွတ်သတ်လာလုပ်တာတို့ စာရွက်တစ်ခုဖြန့်လိုက်တာနဲ့ လာတက်အိပ်တာတို့ လုပ်တာနေမှာ ။) ကြောင်လေးတွေရဲ့  အမြီးအရှေ့  အနောက် လှုပ်ယမ်းနေပြီ ဆိုရင် သူတို့တစ်ခုခုကို စိတ်ဝင်စားနေလို့ -concentrate လုပ်နေတာ။ စဉ်းစားနေတာ၊ ဥပမာ -အိမ်တံခါးဖွင့်ပေးထား ပြီး သူတို့တံခါးဝမှာ ထိုင် အမြီးကို စည်းချပ်ကျယမ်းနေရင် အပြင်ထွက်သင့် မထွက်သင့်တွေဝေ စဉ်းစားနေတာ။ နှုန်းပိုမြန်လာပြီ ဆိုရင် တော့ သူတို့တစ်ခုခုကို စိတ်မရှည်ဖြစ်သွားလို့ ပါတဲ့။တချို့  ကြောင်တွေမှာ လူ့အကျင့်တွေရှိတတ်ကြတယ်။ အဲဒါဟာ သူတို့ကိုယ်သူတို့ လူအဖြစ် သတ်မှတ်လိုက်တာကြောင့် မဟုတ်ပါဘူး။သူတို့က ကျွန်မတို့လူတွေကို ကြောင်အကြီးကြီးတွေ လို့မြင်လို့ပါပဲ။ဒါဟာ သူတို့behavior နေ့စဉ်အပြုအမူတွေ ကို အဘက်ဘက်က စိုးမိုးစေတဲ့ အဓိကအချက်ပေါ့။
ကြောင်လေးတွေက အခန်းထဲကို သူ့ အစာကိုသယ်လာဖူးသလားတဲ့ ။ကျွန်မဆို ခဏခဏပဲ အိပ်ယာပေါ်ကို ဆွဲလာတာကြုံရတယ်။ အိမ်မြောင်လိုမျိုး၊ တစ်ခါ ကျောင်းကပြန်လာတော့ အိပ်ယာပေါ်မှာ မြွေရေခွံတောင်တွေ့တယ်။ အမေ မမြင်ခင် အမြန်လွှင့်ပစ်ရတယ်။အိပ်ယာခါတဲ့ အကျင့်ရှိလို့ တော်သေးတယ်။ ထင်တာ သူအရေခွံကိုပဲ ဆွဲလာတာနေမှာပါ။မြွေဆို သူ့ကို အရင်ပေါက်ပြီးနေလောက်ပြီ ၊ အခုမှ ပြန်စဉ်းစားကြည့်တာ အသည်းယားစရာ..။
ဆက်ရရင် အဲ့လို အစာသယ်လာတာ သူတို့က သူတို့သခင်ပိုင်ရှင်ကျေးဇူးရှင်ကို သူတို့မွေးထားတဲ့ ကြောင်ပိစိကလေးလို့ ထင်လို့ပါတဲ့။ဘယ်လို အမဲလိုက်ရတယ် ဆိုတာ သင်ပေးချင်တာပေါ့လေ။ အဲ့လိုမျိုးယူလာတာမျိုးဆို မဆူမရိုက်ပါနဲ့ တဲ့ သူတို့ကို ချီးမွမ်းသလိုလုပ် ပြီးမှတိတ်တိတ်လေး လွှင့်ပစ်လိုက်ပါတဲ့နော်။
နောက်တစ်ခုက ကြောင်တွေကို အချိန်ကို သိကြတယ်တဲ့။ သူ့ sense နဲ့ သူ အချိန်ကို မှတ်မိနေတာမျိုးပေါ့။ ဒါကြောင့် သူတို့ အစာစားချိန်ရောက်လို့ မကျွေးသေးရင် လိုက်တောင်းတာမျိုးရှိတတ်တယ်။ ကျွန်မကြောင်လေး တစ်ကောင်ဆိုရင် မနက်၃နာရီ ထိုးလို့ မှ ကွန်ပြူတာရှေ့  မှာ ထိုင်နေတုန်းဆိုရင် အတင်းမျက်နှာကို ကြည့် စူးစူးဝါးဝါးလာအော်တတ်တယ်။်အံ့သြစရာကောင်းတယ် သူအချိန်မှတ်မိတာတော့ -အလွန်ဆုံးအချိန်လွဲရင် ၂မိနစ်ပဲ။ ဓာတ်ပုံလို ဗီဒီယိုလိုရိုက်ထားချင်တာ သူက လည်တယ် သူ့ကို concentrate လုပ်နေတာမျိုးဆို ဘာမှဆက်မလုပ်ပဲနေပလိုက်ရော..ကြုံကြွားလေးလုပ်ကြည့်တာပါ နော်။ ဆက်ဦးကာမှ..။
...Sociable ကျတဲ့ ကြောင်လည်း ရှိပါတယ်တဲ့နော်။ လူသွားလေရာ တကောက်ကောက်လိုက်မယ်၊လူဘာလုပ်လုပ် တနေကုန်လိုက်ကြည့်လိုက်ကပ်နေရော ..။Room to Room monitor တဲ့ဆရာ ..။

သိပ္ပံနည်းကျသက်သေပြထားတာကတော့ ကြောင်မွေးခြင်းက လူ့ကျန်းမာရေးကို အကျိုးပြုစေပါတယ်တဲ့။သွေးတိုးနှုန်းကို ကျဆင်းစေတယ်။ pet မွေးတဲ့သူ တွေ ဟာ အသက်ပိုရှည်တတ်ကြတယ်။ stress နည်းစေပြီး heart attack ဖြစ်တာမျိုးကို ကျဆင်းစေလို့ ။ (တခါတလေ ကျွန်မဒေါသထွက်နေရင် သူတို့တစ်ခုခုလုပ်လိုက်တာမျိုးလေးတွေက စိတ်ကိုတစ်မျိုးပြောင်းသွားစေပါတယ်။ ငိုမဲ့မဲ့ ဖြစ်နေချိန်မှာ တောင် ထရယ်စေတဲ့ ပုံစံလေးတွေ ကြုံခဲ့ဖူးပါတယ်)
Ailurophile -ကြောင်ချစ်သူကို ခေါ်တဲ့ဝေါဟာရပါ။ ကြောင်ပေါက်စလေးတွေ တစ်အုပ်ကြီးကို kindle လို့ခေါ်ပြီး ကြောင်ကြီးတစ်အုပ်စုကိုတော့ clowder လို့ခေါ်ပါတယ်။

Abraham Lincoln က ကြောင်ချစ်သူပါ။ သူနေတဲ့ အိမ်ဖြူတော်မှာ ကြောင်၎ကောင်မွေးထားခဲ့တာတဲ့။ Julius Ceasar, Henri II, Charles XI, and Napoleon တို့က ကြောင်ကြောက်သူတွေပါတဲ့ ။ (ကဲ ဒီနေရာမှာတော့ ကျွန်မသူတို့ထက် သာ သွားပြီကော..။ )
Sir Isaac Newton ဟာ သက်ရောက်မှု နိယာမကို သာမက cat flap ကိုပါ တီထွင်ခဲ့သူပါ။ (သူတို့အပြင်ထွက်ဖို့ တံခါးပေါက်စလေးလေ)
ရှေးရှေးတုန်းက Egypt ပြည်မှာ ကြောင်တစ်ကောင်ကို သတ်မိရင် အဲ့လူကို သေဒဏ် ချမှတ်လို့ရပါတယ်တဲ့။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကြောင်အညစ်အကြေးနဲ့ မထိတွေ့မိစေရပါဘူး တဲ့ ။ ဗိုက်ထဲက ကလေးကိုထိခိုက်စေမယ့် organism ပါဝင်လို့ပါတဲ့ ။
ဒါလေးတွေကတော့ ကျွန်မက ကြောင်ချစ်သူဆိုတော့ ဟိုနားဖတ် ဒီနားဖတ် လုပ်ထားတာလေးတွေပေါ့။ တိရစ္ဆာန်ချစ်တတ်သူ တွေဟာ စိတ်နှလုံးနူးညံ့သူတွေလို့ ဆိုကြတဲ့ အတွက် မှန်ရင်တော့ ကျွန်မလည်း နူးညံ့သူထဲ ပါသွားမယ်ထင်ပါ့နော်. ။ :)
တချို့  အချက်တွေက အခုမှ ဂူဂယ်လ် လိုက်တာ ၊တချို့  က တော့ အမှိုက်ပုံထဲက ထွက်လာတာ..ရှင်..သြော် အသုံးမကျတာတွေ သိမ်းထားတဲ့နေရာကို အမှိုက်ပုံ အမှိုက်ပုံးလို့ ခေါ်တယ်မလား။ ကျွန်မခေါင်း က တခါတခါ အမှိုက်ပုံးပဲလေ။ တခါတလေ ပြောတာပါ။ :$

Comments