၂၀၀၉ နိဒါန်း

ခရစ်နှစ်သစ် ၂၀၀၉ ခုနှစ်မှာ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ လို့ အရင်နှုတ်ဆက်လိုက်ပါတယ်။ လိုရင်းကတော့ ပညတ်သွားရာ ဓာတ်သက်ပါအောင် စံဇာဏီဘို ဟောစာတမ်းလေး ကူးတင်မလို့ပါ။ :)
ကရကဋ်ရာသီဖွားတွေ အတွက် ၂၀၀၉ ဟာ အလွန်ကောင်းတဲ့နော်။ ကဏန်းတွေလက်မထောင်ဖို့သာ ပြင်ထားကြပေတော့။ သူငယ်ချင်းထဲမှာ ကဏန်းရှိရင်လည်း ချက်သာစားးအဲ ကပ်သာထားကြပေတော့နော..အဟက်က်က်..။
=ဂ=ဂ =ဂ =ဂ =ဂ =ဂ =ဂ =ဂ=
ဘဝလမ်းကြောင်း အပြောင်းအလဲနှင့် အရေးပါသော ဆုံးဖြတ်ချက်သစ်များ ချမှတ်ရန်အတွက် အောင်မြင်အကျိုးပေးမည်။ အပြိုင်အဆိုင်များ အခက်အခဲများနှင့်ရင်ဆိုင်ပြီး တက်လမ်းများရရှိမည်။
ပင်ကိုစရိုက်တွင် သူတပါးအပေါ် လွန်လွန်ကဲကဲအားနာခြင်း၊ စိတ်ကောင်းစေတနာကောင်းထားခြင်း အလွယ်တကူ တာဝန်ယူတတ်သော စရိုက်ရှိခြင်းများ ရှိမည်။ ယခုနှစ်တွင် ဤစရိုက်အားပြုပြင်သင့်သည်။ ဤကာလအတွင်း ဖြစ်ပေါ်လာသော အညံ့အဆိုးအလုံးစုံသည် ကံဇာတာပေါ်တွင် အဓိကမကျပဲ အားနည်းချက်စရိုက်များမှ ပြဿနာဖြစ်စရာများ ကြုံမည်။ သူတစ်ပါးအား ကူညီရင်း ရန်အတိုက်အခံများ ကြုံမည်။
ကရကဋ်ရာသီဖွားအားလုံးတို့သည် ဂဏန်းတစ်လုံးတည်းပေါင်းက ၂ ဂဏန်း ရရှိသည့် နှစ်များဖြစ်သည့် ၁၉၈၂၊ ၁၉၉၁၊ ၂၀၀၀၊ ၂၀၀၉၊ ၂၀၁၈ ခုနှစ်များတွင် ကိုးနှစ်လျှင်တစ်ကြိမ် ကောင်းသည့် ကံကောင်းခြင်းများ ရရှိမည်။ယခု၂၀၀၉ သည် ထူးခြားစွာ ကံကောင်းခြင်းနှင့် ဘဝတိုးတက်မှုများ ဖြစ်ပေါ်ခြင်းသာမက စိတ်ချမ်းမြေ့  ခြင်း၊ စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်မည်။
၂၀၀၉ ခုနှစ်အတွင်း စီးပွားတက်မည်။ ယခင်နှစ်နှစ်ဆက်တိုက် စိတ်ပင်ပန်း လူပင်ပန်းခြင်းမှ ကင်းလွတ်မည်။ အတိုက်အခံ မည်မျှရှိစေ အားလုံးကို ကျော်လွှားပြီး တိုးတက်မှုရရှိခြင်းသို့ ပြောင်းလဲဖြစ်ပေါ်မည်။ ကိုးနှစ်ကြာမှ တစ်ကြိမ်ဖြစ်ပေါ်တတ်သော ကံကောင်းခြင်းများ ပေါ်ထွန်းသောနှစ်ဖြစ်သည်။ လမ်းသစ်ထွင်၍ ဆောင်ရွက်မှုများ အောင်မြင်မည်။


၂၀၀၉ တစ်နှစ်တာအတွင်း လူမျိုးကွဲ လူမျိုးခြား ကပြားများအကျိုးပေးမည်။ လူယုံမထားရ။ တစ်ပါးသူကတိစကားများအပေါ် ယုံစားလွန်းခြင်း မရှိသင့်။ ရှေ့ တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံသူများ ဝန်းရံနေသည်။ အနီးကပ်ဒုက္ခပေးသူ အန္တရာယ်သတိရှိပါ။

ကရကဋ်ရာသီဖွားတို့သည် အစာအိမ် ဝမ်းဗိုက်၊ အူလမ်းကြောင်းပိုင်းတွင် ကျန်းမာရေးအညံ့ အဓိကဖြစ်နိုင်သည်။ အစားအသောက် အနေအထိုင် အထူးဂရုစိုက်ရမည်။ စိတ်ဖိစီးမှုနှင့် ပတ်သက်သော ဝေဒနာများကိုလည်း အထူးဂရုစိုက်ရမည်။ ကရကဋ် ရာသီဖွားတို့သည် စိတ်ဓာတ်အတက်အကျ မြန်သည်။ တစ်စုံတစ်ရာ အခက်အခဲနှင့်ကြုံတိုင်း စိတ်လှုပ်ရှားမှု မြန်ဆန်စွာနှင့် တုန့်ပြန်တတ်သည့် အပြင် ပူပင်သောကကြီးတတ်သည်။ အလုပ်ကိစ္စများ ဆောင်ရွက်သောအခါတွင်လည်း သူတပါး ဝေဖန်မည်ကို စိုးရိမ်ခြင်း မနားမနေအလုပ်လုပ်ခြင်းကြောင့် စိတ်ဖိစီးမှုများ ရှိမည်။

၂၀၀၉ တစ်နှစ်တာအတွင်း-

တပါးသူ၏ ဝေဖန်ချက်များအပေါ် စိတ်ခံစား ပြင်းပြင်းထန်ထန် မထားသင့်။ ကိုယ်လုပ်ဆောင်မည့် လမ်းကြောင်းအပေါ် ဦးတည်ချက်မပြောင်းပဲ ဆောင်ရွက်သွားပါ။ အပြောအဆို အသွားအလာအလုံးစုံကို တတ်အားသမျှ လျှော့ပါ။ ထိန်းချုပ်ပါ။ စိတ်တို စိတ်ဆတ် မာန်ပါပါ တုန့်ပြန်ခြင်းများ ရှောင်ပါ။

သံယောဇဉ်မထားသင့်သူကို ထား ခြင်း၊ မချစ်သင့်သည်ကို ချစ်ခြင်း၊ သူတပါးအပေါ်၌ လွန်လွန်ကဲကဲ အနစ်နာခံလွန်းခြင်းများကို လျှော့ပါ။ ကိုယ့်အပေါ် ခုတုံးလုပ်၍ တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေသူများ ဝန်းကျင်တွင်ရှိမည်။

တပြိုင်နက်တည်း တစ်ခုထက်ပိုသော အလုပ်ကိစ္စများကို လုပ်ကိုင်ရန် ကြုံမည်။ ရဲရဲ ရှေ့ တိုးလုပ်ပါ။ ယခင် ကာလအတွင်း ဆောင်ရွက်ခဲ့ပြီး တစ်ပိုင်းတစ်စ ဖြစ်နေသည့် ကိစ္စများကို အဆုံးသတ်ပါ။ ဘဝသစ်တစ်ခုသို့ ပြောင်းလဲပြီး တိုးတက်မှုရှာရန် ဝန်မလေးသင့်။
ဤကားးး ကရကဋ်ရာသီဖွားများအတွက် ဟောစာတမ်း ကောက်နုတ်ချက် ဖြစ်ပါ၏ ...။ :)


ကရကဋ်တွေသာမက ၁၂ရာသီဖွားအားလုံး ကပ်ရောဂါဆိုး နှင့် ရန်သူမျိုးငါးပါးဒဏ်မှ ကင်းဝေးကြပါစေ။ စီးပွားပျက်ကပ်ဒဏ် ကို အပြုံးမပျက် ကျော်လွှားနိုင်ကြပါစေ။ နှစ်သစ်မှာ လူဟောင်းစိတ်သစ်ဖြင့် စိတ်ညစ်များ ပြေပျောက်ကြပါစေ။(လူဟောင်းပီသအောင် ဆံပင်ပုံစံတောင် မပြောင်းနဲ့..=p )

Comments

Popular Posts