အဖြူရောင်


ရှေ့ ဆက်တိုးလိုက်ရင် လွန်လေမလား
လက်ရှိအတိုင်းလေးက အကောင်းဆုံးများ
ခင်မင်ခြင်း မင်းနဲ့ ကိုယ့်ရဲ့  ကြား

ရိုးသားသောစွဲလမ်းခြင်း မရေရာမိ
ဆန်းပြားဖို့ရာ အကြောင်းလည်းမရှိ
ဒီလိုမင်းလေးရှိနေတော့..
ဒီအခြေအနေအကောင်းဆုံးဖြစ်နေတော့..
အချစ်က အဖြူရောင်လေးပေါ့

(သူငယ်ချင်းလေး မင်းစိတ်ချတော့..
အတွယ်တာဆုံးပေါ့ အတူရှိနေမယ်..
သူငယ်ချင်းလေး အမြဲတမ်းထိန်းချုပ်ရင်း
မင်း နားလည် ခွင့်ပြုပါ )

စမ်းချောင်းလေးစီးနေ ရင်ခွင်ကြား
ပန်းလေးများတောင် လှုပ်ခတ်သွား
ဒီလို တို့ ရဲ့  ဖြစ်စဉ်များ

သတိရခြင်းအကြောင်းများ ဝန်ခံရင်း
နယ်ကွာနေချိန် နှစ်သိမ့်ခဲ့
ရင်ခွင်တွင်သော့ခတ်မထားနိုင်လို့
ဒီအခြေအနေအကောင်းဆုံးဖြစ်လေတော့
အချစ်က အဖြူရောင်လေးပေါ့ (***)
ရင်ခုန်သံ နယ်မြေသစ်ထဲ ..
တို့နှစ်ယောက်တွေ့ဆုံခြင်း...
ဖြူစင်လှပလွန်းတာမို့ ...


အမှတ်တရ (၁၉၉၉)

Comments