နားထောင်ဖြစ်နေသောသီချင်းလေးများ

အခုတလောပိုင်း သီချင်းအကောင်းလေးတွေ နားထောင်နေရလို့ ရှဲချင်စိတ်ပေါ်လာပါတယ်။ Master Love Songs ဆိုတဲ့ အခွေအသစ်လေးပါ။ အဲ့ထဲက မှ ဖြိုးကြီး ဆိုထားတဲ့ မမေ့နိုင် သီချင်းလေး အတော်ကောင်းပါတယ်။သူ့အသံ ကမကြားရတာ ကြာလို့လားမသိ ထူးအယ်လင်း အသံလို ရှတတအသံဖြစ်နေသလိုပဲ။ သီချင်း ရေးတဲ့သူကလည်း ရေးတတ်ပါတယ်အချိန်ကိုက် (တိုက်တိုက်ဆိုင်ဆိုင်)။(ရေးသူ-မောင်မောင်ဇော်လတ် ပါတဲ့) ဒါပေမယ့် သီချင်း ထွက်လာတဲ့ အခုချိန်မှာ သူတို့၂ဦးကိုယ်စီကိုယ်စီ သက်ဆိုင်သူအသစ်ရနေပြီလို့တောင် ကောလဟလ ကြားပါရဲ့။ဒုတိယ အကြိုက်ဆုံး ကတော့ ဆင်ပေါက်သီချင်းလေးပါပဲ။သူ့အသံအေးအေးလေးနဲ့ ရွှေခြေကျင်းသီချင်းကတည်း ကကြိုက်ခဲ့တာမို့ အထူးပြောစရာမလို။ နောက်ထပ် ကြိုက်တာ တွေ က ဖိုးကာ၊ L လွန်းဝါ ၊ဟဲလေး အဲလက်စ် သီချင်းအကုန်လုံးက ကောင်းပါတယ်။ရှားရှားပါးပါး တစ်ခွေလုံးမှာ သီချင်းတစ်ဝက်လောက်ကောင်းတာမျိုး ကျွန်မအတွက်မရှိတာကြာပါပြီ။ အေးအေးဆေးဆေးနဲ့ နားထောင်လို့ကောင်းတဲ့ အချစ်သီချင်းလေးတွေပါ။ အမျိုးသမီး ဆိုထားတွေတော့ သိပ်မကြိုက်လှဘူး။ နားထောင်လိုက်ရင် ကိုရီယား သီချင်းသံစဉ်လိုမျိုးတွေနဲ့ မို့ ။နောက် L ဆိုင်းဇီ တို့ ၃ယောက် က Whole again ကို ပုံစံထပ်တူ ဆိုထားတာကြီးကို စိတ်ပျက်သွားတယ်။ cobra နဲ့ အာဇာနည် သီချင်းတွေတော့ သိပ်မကြိုက်လှဘူး။ နားမစွဲသလိုဖြစ်နေသေးတယ်။ ဝယ်သိမ်းထားသင့်တဲ့ အခွေလေးပါပဲ ။

ဖြိုးကြီး - မမေ့နိုင်

နောက်နားထောင်ဖြစ်တာက တော့ boyzone သီချင်းတွေ၊ ၈နှစ်လောက်ပျောက်နေပြီး သူတို့ အဖွဲ့  ပြန်ဝင်လာတာ မသိလိုက်ဘူး။ MTV မှာ တွေ့လိုက်မှ ပဲ သူတို့ Greatest Hits အနေနဲ့ တစ်ခွေ ရယ် နောက်တစ်ခွေရယ် အောက်တိုဘာ၁၃ မှာ ထွက်ထားမှန်း သိလိုက်ရ တယ်။နောက်နှစ် ကစပြီး Tour ပြန်ထွက်တော့ မယ်လို့လည်း ဖတ်လိုက်ရတယ် ။ Love you anyway ဆိုတဲ့သီချင်းသစ်ကလေးကတော့ Westlife သီချင်းသံစဉ်လေးတွေ ကို ကြိုက်တဲ့ ကျွန်မတော့ အတော်သဘောကျနေပါတယ်။ better ကတော့ ကျွန်မ ရဲ့  ဒုတိယအကြိုက်ဆုံးပါပဲ။ Ronan ရဲ့  ပုံစံလေးပါတယ်လို့ ထင်ပါတယ် ၊ အေးအေးလေးနဲ့ ကောင်းပါတယ်။ Can't stop thinking about you ဆိုတဲ့ သီချင်းလေးကတော့ နည်းနည်းမြူးပါတယ်။ အဟောင်းတွေထဲက Isn't it a wonder ၊ Picture of You ၊ Love me for a reason တို့လည်းပါတော့ ပြောစရာမလိုအောင်ပါပဲ။ သူတို့ကို စကြည့်ဖူးကာစ က ကြိုက်ခဲ့တဲ့ Stephen ကို ကြည့်ပြီး အဘိုးကြီးတွေ ဖြစ်ကုန်ပြီပဲ လို့ ရယ်မိသေးတယ်။သူကို အသံရှတတ လေးနဲ့ မို့ကြိုက်ခဲ့တယ်။ အိုင်ယာလန် base အချင်းအတူတူ သူတို့ အသက်ကြီးတာ မလှတော့ဘူး။(Westlife က အသက်အကြီးဆုံးဖြစ်တဲ့ Nicky က သူတို့နဲ ကွာလှ ၃နှစ်ပဲလေ ။အဲဒါကို သူတို့က ပိုအိုနေသလိုပဲ =p)
အခုတလောပိုင်း သီချင်းအသစ်ကလေးတွေက ကိုယ့်အကြိုက်ချည်းဖြစ်နေတော့ ပျော်နေတယ်။ (သူတို့ပြန် unite လုပ်သလိုပဲ ကျွန်မကြိုက်တဲ့ A1 အဖွဲ့  အမြန်ပြန်ထွက်လာပါစေ)

I’m delirious
Are you serious?
What goes on in your head? I’m just curious ...


I don’t get it, I really don’t get it
I try to walk away but my feet won’t let me

Comments