အာဆီယံ ၁၀ နိုင်ငံထဲမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအကောင်းဆုံး တောင်ကြီးမြို့

အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အကောင်းဆုံးမြို့ကြီး၁၀ မြို့ ဆုပေးပွဲကို အောက်တိုဘာ ၈ ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှတောင်ကြီးမြို့လည်းရရှိခဲ့ကြောင်း အာဆီယံဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရှိရပါသည်။
ယင်းဆုပေးရခြင်းရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသတွင်းမြို့များတွင် အကောင်းဆုံးနည်းလမ်းများ၊ အဆင့်မြင့်စံချိန်စံညွှန်းများနှင့်ထိန်းသိမ်းကြရေးအတွက် အားပေးလှုံ့ဆော်နိုင်ရန် ဖြစ်သည်။
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏စတုတ္ထမြောက်အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့်နေထိုင်လျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း၄၅၉၀ တွင် တည်ရှိသည့်အေးချမ်းလှသည့်တောင်ပေါ်မြို့ဖြစ်သည်။
ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ
Weekly Eleven ဂျာနယ်က ဖတ်လိုက်ရတဲ့ သတင်းလေးပါ။ တကယ်ကို တောင်ကြီးမြို့  လေးက သန့်ရှင်းပါတယ်။ အိမ်ရှေ့  တွေ မှာ ဈေးထဲဆိုလည်း ဈေးဆိုင်ရှေ့  မှာ အမှိုက်တွေ က ရှင်းလင်းနေတတ်ပါတယ်။ ထူးပြီး သန့်ရှင်းရေးလုပ်ကြတာ လို့တော့ မမြင်မိပါဘူး။ ဒီလိုပဲ ကိုယ့်အိမ်ရှေ့  တစ်နိုင်လေး လှည်းကျင်းသန့်ရှင်းနေတာ ကို တွေ့နိုင်ပါတယ်။ မနက်မိုးလင်းတာ နဲ့ ကိုယ့်အိမ်ရှေ့  မှာ တံမြက်လှည်း အိမ်ရှေ့  ရေမြောင်းလေးကို အမှိုက်လှည်းနေတဲ့ အဘိုးကိုပဲ မျက်စိထဲမြင်မိပါတယ်။
ကျွန်မအဖေ ကတော့ သူငယ်ငယ်ကတည်းက နေထိုင်ကြီးပြင်းခဲ့ရတဲ့ မြို့  လေးကို ဂုဏ်ယူသလိုမျိုးလေး ပြောတတ်ပါတယ်။ အထင်မသေးလေနဲ့ အမြဲမြန်မာပြည်တွင်း က မြို့ တွေ အသန့်ရှင်းပြိုင်ရင် တောင်ကြီး ကပဲ အမြဲပထမရတာပါတဲ့ ။ ကျွန်မတို့ ရွှေပြည်ကြီး မှာ နေရာတကာတွေ့နိုင်တဲ့ ပလတ်စတစ်အိတ်ခွံ တွေ ကိုတောင် တောင်ကြီးကလမ်းတွေ အိမ်တွေ နားမှာ မမြင်တွေ့နိုင်ပါဘူး။ တစ်နှစ်လောက်နေမှ တစ်ခေါက်ရောက်တဲ့ ကျွန်မ မမြင်မတွေ့လိုက်တဲ့ အမှိုက်ရှုပ်နေတဲ့ နေရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် လူနေအိမ်အတော်များများ ဝန်းကျင်ကို ကြည့်လိုက်ပါ ရေဖြန်းထားတာဖြစ်စေ အမှိုက်လှည်းပြီးလို့ စုထားတာလေးဖြစ်စေ အနည်းဆုံးတွေ့နိုင်ပါတယ်။

Comments