ခရမ်းချဉ်သီး နိဿရည်း

အသားညိုတဲ့ သူတွေ နေလောင်ကာကွယ်ချင်ရင် ခရမ်းချဉ်သီးရေ ကို သံပရာရည်၁စက် ၂စက် နဲ့ ရော ၁၅မိနစ်လောက် မျက်နှာပေါ်ထားးပါတဲ့ ။
ခရမ်းချဉ်သီး ကိုရိုးရိုးလှီး၍ မျက်နှာပေါ် ပွတ်ပေးကာ ၁၅မိနစ်လောက်ထားလိုက်ပါ။ ဆားဝက်ခြံ နဲ့ ချွေးပေါက်ကျယ်ကလေး
တွေကို တဖြည်းဖြည်းနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။ အထဲမှ အရည်စေ့ ကလေးများကို မျက်နှာပေါ် လိမ်းကျံပြီး နာရီဝက် - ၁နာရီ ခန့် ထား၊ ပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေစိုပြေမှုကို ထိန်းသိမ်းစေရုံမက အညိုအမည်းစက်ကလေးတွေ ပါပျောက်ကင်းစေနိုင်ပါတယ်။
နုတ်နုတ်စင်းထားသော ခရမ်းချဉ်သီးကို သံပရာရည် ၂စက် ၃စက်ဖြင့် ရောကာ မျက်နှာပေါ်တင်ပေးရပါမယ်။မိနစ်၂၀ လောက်ထားပြီး က ရေဖြင့်ဆေးကြောနိုင်ပါသည်။ ၁နေ့လျင် ၂ကြိမ် ၁၅ ရက် မှ ရက် ၂၀ ထိ အသုံးပြုပေးနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။
ခရမ်းချဉ်သီး နှင့် သခွားသီး ကိုဖျော်ရည် ပြုလုပ်ကာ ၁၀မိနစ်ခန့်လိမ်းပေးထားပါ က ထူးခြားမှုကို မြင်တွေ့မှာပါ။
မျက်နှာပေါ်တင်ပေးဖို့ အတော်များများကတော့ အခုတင် အခုပျောက်(အခုလှ) မဖြစ်ပါဘူး။သဘာဝပစ္စည်း တွေ ကို သုံးတဲ့ အတွက် ရက်ဆက် အနည်းဆုံး ၁လလောက် လုပ်နိုင်ရပါမယ်။
ပါးစပ်ထဲမှာ အပူဖု ပေါက်ရင် ( mouth ulcer ) ခရမ်းချဉ်သီးဖျော်ရည် ကို တစ်နေ့ လျှင် ၃-၄ခါ ကျင်းပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
ခရမ်းချဉ်သီး တစ်လုံးလုံးအသုံးချနည်း ဖတ်မိသလောက်ကတော့ ဒါပါပဲရှင် ။ ထပ်တွေ့မှ ထပ်ဖြည့်ရပါဦးမယ်။

Comments

Post a Comment