Condolences ..

မနေ့ ကဆုံးသွားပြီတဲ့။။
ကောင်းရာမွန်ရာရောက်ပါစေ။
ရှိတဲ့ သားသမီး အားလုံးအခြေကျသွားပြီး အခြေအနေတစ်ခုမှာ ဆုံးပါးသွားတော့နောက်ဆံတင်းစရာ အဓိက အချက်တွေ မရှိဘူးပေါ့။။။

စိတ်ထဲလည်းမကောင်းဘူး။ ဒါတွေ ကို တွေးနိုင်ဖြေဆည်နိုင်စိတ် ဘယ်တော့မှ ရမှလဲ။ကြောက်တယ်။ အဲဒီ အချိန်တွေ ကို ရင်မဆိုင်ရဲဘူး။
နောက် ၂နှစ် ၃နှစ်လောက်မှာ ငါတစ်ယောက်တည်းထိပ်တိုက်ကြုံတွေ့ ရမယ့် ကိစ္စ၊ အဲဒါကြီးတွေးမိရင် စိတ်ဆင်းရဲတယ်။ငါ အမြဲငိုရတယ်။ငါ့ကို တွယ်တာလွန်းတဲ့ သူတို့ ၂ယောက် သေသွားရင်တောင်မကျွတ်ပဲ ငါ့ အနားမှာ ၀ဲလည်နေမှာစိုးတယ်။

Comments