အိမ်ရှိ ပစ္စည်းနဲ့ ဆားဝက်ခြံ ပျောက်အောင်

ဆားဝက်ခြံ အမည်းစက် ကလေးတွေ ပျောက်စေဖို့

၁။ကွေကာအုပ်ကို ရေနည်းနည်းနဲ့ ပြုတ်၊ ခဏ အအေးခံပြီး သံပရို(သံပုရာ) ရည်နဲ့ ရောမွှေပြီး မျက်နှာမှာ လိမ်းပေးပါတဲ့။
၂။ပျားရည် အနည်းငယ်ကို နွေးအောင်လုပ် ပြီး ဆားဝက်ခြံဖြစ်တဲ့ နေရာ မှာ လိမ်းပေးပါ။ ၁၀ မိနစ် ၁၅မိနစ်နေပြီးရင် မျက်နှာသစ်လို့ရပါပြီ။
၃။ ကြက်ဥ အကာရည် ကို ခေါက် ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပြီး ဂွမ်းစ အဝတ်စလေးနဲ့ မျက်နှာပေါ်တင်ပေးပါ။ နာရီဝက်လောက်ထားပြီး ရေနွေးနွေး နဲ့  ဆေးကြောပါ။
၎။အာလူးပါးပါးလှီးပြီး တင်ပေးတာလဲ နည်းကောင်းတစ်ခုဖြစ်ပါတယ်။
၅။ သံပုရာသီး ကို အရည်ညှစ်ပြီးလည်း တစ်နေ့ ကို ၂ခါ ၃ခါ တင်ပေးခြင်ဖြင့်ပျောက်ကင်းနိုင်ပါတယ်တဲ့။

Comments

Popular Posts