လိမ်တတ်မှ လိမ်

နေဇင်လတ် ရဲ့  ဆောင်းပါး နောက်ထပ်တပုဒ်..

အကြောင်းတစ်ခုခုကြောင့် လူတွေလိမ်တတ်ကြပါတယ်။ တချို့က အကြောင်း သေးသေးမှာလည်းလိမ်တယ်။ အကြောင်းကြီးကြီးကျလည်း လိမ်တယ်။ လိမ်တာ များရင် အမှန်မလုပ်တတ်တော့ပါဘူး။ အကျင့်က စရိုက်အဖြစ် ကူးသွားတာပါ။ စရိုက်အဖြစ် ရောက်သွားရင်တော့ ပြင်ဖို့မလွယ်ပါဘူး။ လိမ်တယ်ဆိုတာ လောဘ တစ်ခုကြောင့်ပါ။
မှန်မှန်ကန်ကန်လုပ်ရင် မရနိုင်တာရယ်၊ မကြိုးစားချင်တာရယ်၊ ပင်ပန်းမှာ ကြောက်တာရယ်၊ လောဘကို မထိန်းသိမ်းနိုင်တာရယ်တွေကြောင့် လိမ် ဖြစ်သွားကြရပါတယ်။ သူတို့ရဲ့ အနာဂတ်နဲ့ အလဲအလှယ် လုပ်ရတယ်ဆိုတာ တွေးမိသူလည်း ရှိချင်ရှိပါလိမ့်မယ်။ မတွေးမိတဲ့သူလည်း ရှိကြပါလိမ့်မယ်။ ဘာပဲ ပြောပြော လိမ်တာညာတာကို လူ့လောကအသိုက်အ၀န်းက လက်ခံကြတာ မဟုတ် ပါဘူး။ လူ့အသိုင်းအ၀န်းက လက်မခံရင် လိမ်သူကိုယ်တိုင်ကလည်း တစ်ချိန်ချိန် တစ်နေ့နေ့မှာ လူ့အသိုက်အ၀န်းက ဆန့် ကျင်ခြင်းကိုခံရမှာ မလွဲမသွေပါ။
"ပေါ်သွားရင် ကိစ္စမများဘူးလားကွာ"
"များလည်း မတက်နိုင်တော့ဘူး ဂျီတူးကြီးရာ၊ ကျွန်တော်က ကြိုက်နေပြီကိုး"
"မင်း အတော်ရဲတဲ့ကောင်ပဲ လှရီရာ" မျက်လုံး ပေကလပ်၊ ပေကလပ်နှင့် ဗိုလ်ဘမောင်လှရီကို ရယ်ချင်လာသည်။
"နောက်ပေါ်သွားတော့ ဘာဖြစ်သွားမလဲ"
"ပေါ်တော့လည်းပေါ်ပေါ့ ဂျီတူးရာ၊ ကိုယ့်မိန်းမဖြစ်သွားပြီပဲ၊ သူ ဘာတတ် နိုင်မှာ မှတ်လို့"
ငိုအားထက် ရယ်အားသန်ရပါတယ်။ မိန်းကလေးက အသားဖြူဖြူ၊ ရုပ်သင့်သင့်၊ လှရီက ပိန်ခြောက်ခြောက်၊ အသွေးအရောင်မပေါ်၊ ကျီးကန်းတောင်းမှောက် လုပ် တတ်သေးတယ်။ မိန်းမယူနိုင်တဲ့အဆင့်လိမ်ခဲ့တဲ့ ဘမောင်ရဲ့တပည့်ကျော် ရဲဘော် လှရီဟာ တခြားကိစ္စတွေမှာလည်း အဲဒီအကျင့် ပါပါလာတတ်တာ ဘမောင် သတိ ထားမိတယ်။ ၁၉၉၀ မှာ ဘမောင် ကရင်ပြည်နယ်ဘက် ရှေ့တန်းတစ်ခေါက်ဆင်းပြီး ၁၉၉၁ မှာ တပ်က အငြိမ်းစားယူဖြစ်တယ်။ သုံးလေးနှစ်လောက် တပည့်ကျော်နဲ့ မတွေ့ဖြစ်တော့ဘူး။ ၁၉၉၅ လောက်ကျတော့ တပည့်ကျော်က ဘမောင်ကို လာ တွေ့တယ်။ သူလည်းတပ်က အငြိမ်းစားယူသွားပြီ။ ပြင်ပလောကမှာ သူ့အကျင့် မဖျောက်နိုင်ဘူးနဲ့တူတယ်။ သုခတော့ ခံစားရတာ မကြာဘူး။ ဒုက္ခပင်လယ်မှာ မြုပ်ချီ၊ ပေါ်ချီနဲ့။ သူတို့လင်မယားလည်း ကွဲသွားကြတယ်။ သန်လျင်ဘက်မှာ နောက်မိန်းမတစ်ယောက်နဲ့တဲ့။ အဲဒီမိန်းမကိုရော လှရီ ဘယ်လိုယူလိုက်သလဲ ဘမောင် မမေးမိတော့ပါဘူး။

စပိန်က ဆုတံဆိပ်တွေစပိန်တစ်နိုင်ငံလုံးကို မဆိုလိုပါဘူး။ တော်တော်များများကတော့ စပိန်နိုင်ငံ၊ မက်ဒရစ်ကဆိုပြီး Fax ခေတ်ထဲက စာတွေပို့ပို့နေတာ၊ E-mail ခေတ်မှာလည်း တစ်ပုံတစ်ပင်ပဲ။ လိမ်တဲ့သူတွေလည်း တော်တော်များများ မိသွားကြတယ်။ သူတို့ လိမ်တာက ခပ်ပါးပါးနဲ့ လူအများကို လိမ်တာ။ သူတို့အချင်းချင်း အဖွဲ့တစ်ခုဖွဲ့တယ်။ ပြီးရင် နိုင်ငံတိုင်းမှာထုတ်တဲ့Yellow Pages ထဲက ကုမ္ပဏီလိပ်စာတွေကို စုပြီး "လူကြီးမင်းရဲ့ကုမ္ပဏီက စီမံခန့်ခွဲမှုကောင်းလို့ ကျွန်တော်တို့ရဲ့အဖွဲ့က ဆုပေးဖို့ ရွေးချယ် လိုက်ပါတယ်"ဆိုတဲ့ စာမျိုးကို မကောင်းသူထိပ်၊ ကောင်းသူထိပ် ပစ်ကြတော့တာပဲ။

ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သူတွေ၊ ပိုပြီးတွက်ကြတဲ့သူတွေထိတာ များ တယ်။ အထူးသဖြင့် နိုင်ငံတကာ အတွေ့အကြုံမရှိတဲ့သူတွေ၊ နိုင်ငံတကာကို မလေ့ လာကြဘဲ ပြည်တွင်းမှာသာ ကွက်ကွက်လေး ကြည့်တတ်ကြတဲ့ အမြင်မရှိသူတွေ ထိကြတာ များတယ်။ ဟိုဘက်က ခရီးစရိတ်၊ ဟိုတယ်ခ၊ ဆုဖိုးငွေ တွက်ချက်ပြီး ယူလိုက်ကြတယ်။ ဆုယူဖို့ Confirmation ယူရင် အဲဒီစုစုပေါင်းကုန်ကျမယ့်ငွေကို အရင်တင်ပေးရတယ်။ ဟိုတယ်ခတို့၊ လေယာဉ်ခတို့ဆိုတာ အများနဲ့ဝယ်ရင် Discount ရတယ်။ အထူးနှုန်း။ အဲဒီက အမြတ်ကို သူတို့စားတယ်။ မြန်မာပြည်မှာလုပ်ရင် ငွေ ၅၀၀၀ ကျပ်လောက်ကျတဲ့ တံဆိပ်ကို ဒေါ်လာထောင်ချီ ယူပစ်တယ်။ ဟို ရောက်ရင် ဆုကိုတော့ တကယ်ပေးပါတယ်။ ဒါပေမယ့် ကမ္ဘာကရော၊ နိုင်ငံတကာ ကရော အသိအမှတ်ပြုတဲ့ဆုမျိုး မဟုတ်ဘူး။ ဘယ်စံနှုန်းရှိရမယ်လို့ သတ်မှတ် ထားတာ မဟုတ်ဘူး။ အဲဒီဆုပေးတဲ့သူတွေက မြန်မာပြည်က ကုမ္ပဏီတွေကို ရောက် ဖူးတာ မဟုတ်ဘူး။ တချို့ ကုမ္ပဏီထောင်ပြီး ဘာမှ လုပ်ငန်းမလုပ်ကြတဲ့သူတွေလည်း အဲဒီစာမျိုးရကြတယ်ဆိုတော့ အဖြေကရှင်းပါတယ်။

တချို့ကတော့ စပိန်ရောက်တာနဲ့ "အင်"မှန်း ခပ်စောစော သိသွားကြပြီး မြန်မာပြည်ရောက်တော့ အသံမထွက် ကြတော့ဘူး။ တချို့ ခပ်တုံးတုံးတွေ ကျတော့ "အင်"မှန်း မသိသေးဘဲ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သတင်း စာထဲတောင် ကြိုကြားကြိုကြား ထည့် လိုက်ကြသေးတယ်။ ကိုယ်က စရိတ် အကုန်ခံပြီး မိတ်ဆွေကုမ္ပဏီတွေက ဂုဏ်ယူကြောင်း သတင်းကြော်ငြာဖိုး တောင် ထပ်အကုန်ခံလိုက်သေးတယ်။
ဘာမှကြောင့်မဟုတ်ဘူး။ လောဘ ကြောင့်ဖြစ်ကြတာ၊ မဆင်ခြင်ကြလို့ ခံလိုက်ကြရတာ။ အဲဒီလို နိုင်ငံတကာ ဆုမျိုးဆိုတာ တော်တော်ပြင်းတဲ့ "စံနှုန်း" တွေရှိတယ်။ အထပ်ထပ်စစ်တယ်၊ ကုမ္ပဏီပိုင်ရှင် ဖြေရမယ့်မေးခွန်းတွေကို က နည်းတာမဟုတ်ဘူး။ ကုမ္ပဏီရဲ့ Organizational Behavior ဆိုတဲ့ အမူ အကျင့်တွေ၊ Marketing Network တွေ၊ မဟာဗျူဟာဆိုတဲ့ Strategy တွေ၊ Distribution ဆိုတဲ့ ဖြန့်ချိရေးတွေ၊ စီမံ ကိန်းဆိုတဲ့ Planning တွေ၊ Manu-facturing ဆိုတဲ့ ထုတ်လုပ်မှုတွေ၊ စံနှုန်း ဖြစ်တဲ့ Nomns & Standardization တွေ အများကြီးပဲ။ တတိယနိုင်ငံက လူတွေ မရနိုင်ဘူးလို့ ဘမောင် မပြော လိုပါဘူး။ တိုးတက်တဲ့နိုင်ငံက လူ တွေတောင်ရဖို့ အတော်ခက်ခဲတာ။ သူတို့ဆီမှာ ထုတ်ကုန်တစ်ခု ထုတ်ပြီ ဆိုရင် ဆိုင်ရာ ပြဋ္ဌာန်းချက်ရဲ့ စံနှုန်း တွေနဲ့အညီ လိုက်နာရတယ်။ ပြီးရင် အစစ်ဆေးခံရတယ်။ စားသောက်ကုန် ထုတ်လုပ်မှုဆိုရင် ပိုဆိုးတယ်။

ဘာပဲပြောပြော လောကမှာ အလိမ်ခံတဲ့သူတွေ ရှိသမျှ လိမ်တဲ့ သူတွေလည်း ရှိနေကြမှာပဲ။ အလိမ်ခံရ တယ်ဆိုတာ ဗဟုသုတမရှိလို့၊ လောဘ များလို့ပါ၊ အဲဒီစပိန်က လိမ်နည်းက တော့ ဓားထက်ထက်နဲ့ ခပ်ပါးပါး အလိမ်ကောင်းတော့ အောင့်သက်သက် နဲ့ အသံမထွက်ရဲဘဲ အလိမ်ခံလိုက်ရ တယ်။ လိမ်တာကတော့ လိမ်တာပါပဲ။

......
......
.....


လောကကြီးဟာ ခြောက်ပစ် မကင်းပါဘူး။ လူတွေအားလုံးလည်း ခြောက်ပစ်မကင်းကြဘူး။ လိမ်သူတွေ ရှိတာ အလိမ်ခံရသူတွေ ရှိလို့လို့ပြော ရင် မှန်မလားပဲ။ ဘာဖြစ်လို့ လိမ်ဖြစ် သွားကြတာလဲ။ လောဘကြောင့်၊ ပြင်း ထန်တဲ့ ဆန္ဒတစ်ခုကို မထိန်းသိမ်း နိုင်မှုကြောင့်၊ အကြောင်းတစ်ခုခု၊ အခြေ အနေတစ်ခုခုကြောင့်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။ဘာကြောင့်ပဲလိမ်လိမ် တချို့က လိမ်မှန်း သိပ်သိသာတယ်။တချို့က လိမ်မှန်းမသိဘူး။ သိပ် တော်တဲ့သူတွေကျတော့ ခံရတဲ့သူက ခံလိုက်ရပြီးတာတောင်မှ လိမ်သွားသူ ကို အကောင်းမြင်တုန်းပဲဆိုတော့ တစ်ဖက်က သိပ်တော်လို့လည်း ဖြစ် မယ်၊ တစ်ဖက်က သိပ်ညံ့လို့လည်း ဖြစ် ချင်ဖြစ်နိုင်တယ်။ လောကကြီးမှာ လူညံ့ တွေရှိနေသမျှ ကာလပတ်လုံး လူလိမ် တွေ ရှိနေကြမှာပဲလို့ တရားသေ ကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်။

ဘယ်သူတွေ လိမ်လိမ်၊ ဘယ်သူတွေ အလိမ်ခံ၊ အလိမ်ခံ၊ လိမ်တယ်ဆိုတာ ကိုက ရာဇ၀တ်မကင်းတော့ အလောင်း အစားလုပ်ရတဲ့ သဘောတော့ ရှိပါ တယ်။ လွတ်ရင်စံ၊ မလွတ်ရင်တော့ ခံပေါ့။ ကိုယ်လိမ်ခဲ့၊ ညာခဲ့တာရဲ့ ပမာဏ အလိုက်တော့ ခံရမှာ အသေ အချာပါပဲ။

လိမ်သူတွေ၊ ညာသူတွေ အတွက် တရားသူကြီးနှစ်ဦး ရှိနေပါ တယ်။တစ်ဦးက လူသားတရားသူကြီး ဖြစ်ပါတယ်။ လူသားကျင့်ဝတ်နဲ့ ဆိုင် တဲ့ တရားဥပဒေကို လက်ကိုင်စွဲ ပါတယ်။ လိမ်သူသိပ်တော်ရင် အဲဒီ တရားသူကြီးကို ကျော်လွှားနိုင်ပါ တယ်။ လွတ်သွားကြတဲ့သူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် လူလိမ်တွေ မှန်သမျှတွေက နောက်တရားသူကြီး တစ်ဦးကိုတော့ ဘယ်သူမှ ကျော်နိုင်ကြ မှာ မဟုတ်ပါဘူး။ အဲဒါက သဘာဝ တရားသူကြီး။ လောကရဲ့ တရားသူ ကြီးဖြစ်တဲ့ "ကံ" ပါ။ အလိမ်ခံရသူ တွေက ကျေနပ်သည့်တိုင်၊ မသိသေး သည့်တိုင်၊ နောက်ဆုံးခွင့်လွှတ်သည့် တိုင် "ကံ" တရားသူကြီးက ခွင့်မလွှတ် ပါဘူး၊ အသနားခံလို့လည်း မရပါဘူး။ အယူခံလို့လည်း မရပါဘူး။ သူ့ဘက်က ချမယ့် စီရင်ချက်ကလည်း မျက်နှာ မလိုက်ပါဘူး။ လာဘ်ထိုးလို့လည်း လျှော့မပေးပါဘူး။ အဲဒါက "ကံ-ကံ၏ အကျိုးပါပဲ"။

ကောင်းကံတွေ အားကြီး နေသေးလို့ လိမ်ခြင်း၊ ညာခြင်းရဲ့ အကျိုးပေးကို ချက်ချင်းမခံရသေးဘဲ နောက်မှခံရမယ်ဆိုရင် အဲဒီတရား သူကြီးက အတိုးတောင်းတတ်ပါတယ်။ ကြာလေ အတိုးတက်လေပါပဲ။ အတိုး အရင်းပေါင်းပေးရတဲ့အခါ လိမ်သူတွေ မျက်နှာမရှုံ့စေချင်ပါ။

Comments