Condolences

ကိုယ့်ဘ၀ မှာ တွေ့ ရ ကြုံရတဲ့ အကောင်း အဆိုး အခြေအနေ အားလုံး ဟာ အဓိပ္ပါယ် ရှိပါတယ် ။ အခက် အခဲ တွေ ဒုက္ခတွေ ကို ကိုယ့်ဘ၀ မှာတန်ဖိုး ရှိတဲ့ အတွေ့ အ ကြုံတွေ ဖြစ်သွားအောင် မြင်တတ်ဖို့ လိုတယ်။ ယူတတ်ဖို့ လိုတယ်။
အဓိပ္ပါယ်မရှိ ဘူးလို့  ကိုယ်ကတွေးနေရင် မြင်နေရင် အဲဒီ အတွေ့ အကြုံဟာ ကိုယ့် ရဲ့  ရင့်ကျက်မှုကို အထောက်အကူ မပေးနိုင်ဘူး။အင်မတန် ကြီးတဲ့ ဒုက္ခတွေ ကို ကြုံရ ပြီးမှ စိတ်ထားလေးနက်တဲ့သူ မြင့်မြတ်တဲ့သူ ဖြစ်လာတဲ့သူ ဖြစ်လာကြတာ ရှိပါတယ်။အဓိပ္ပါယ် ရှိတယ် လို့  မြင်နိုင်ရင် ဒုက္ခတွေကို ခံနိုင်တယ်။
ဒါကြောင့် မလွဲ မသွေ တွေ့ ရမယ့် ဒုက္ခတွေကို အဓိပ္ပါယ် ရှိတဲ့ဒုက္ခတွေ ဖြစ်သွားအောင် လုပ်တတ်ဖို့  လိုတယ်။ဒုက္ခ ဖြစ်အောင် တမင်တကာ လုပ်ရမယ် လို့  မဆိုလိုဘူးနော် ။အတွေ့ အ ကြုံတွေ၊ အခြေအနေတွေ အားလုံးဟာ အသိဉာဏ် ဖြစ်ဖို့  ကုန်ကြမ်းတွေ ပဲ။အသိဉာဏ် ဖြစ်လာရင်တော့ အဲဒါ ကုန်ချော ဖြစ်သွား ပြီ။
ဆရာတော်ဦးဇောတိက- စိတ်နှလုံးရွှင်လန်းစေဖို့  (နှာ-၁၄၀)

၁.၇.၀၈ မှာ မိခင် ရုတ်တရက် ဆုံးရှုံးသွားတဲ့ သူငယ်ချင်း အတွက် ၊
ဖြေသိမ့်လိုက်ပါ လို့ မရည်ရွယ်ပါဘူး၊ ကြံ့ ကြံ့ ခံနိုင်ပါစေလို့ ...။

Comments