လိပ်မိသားစုပုံပြင်

တစ်ခါက လိပ်မိသားစု တစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ဆုံးဖြတ်လိုက်ကြပါသတဲ့။ သိကြတဲ့အတိုင်း လိပ်ဆိုတော့နှေးကွေးတဲ့ သဘာဝအရ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာကိုကပဲ ၇နှစ်ကြာပါသတဲ့။သူတို့ အိမ်ကနေ ထွက်ခွာဖို့အဆင်သင့် ဖြစ်တာနဲ့ ခြေဆန့်လိုက်ကြတာ ၂နှစ်ကြာတဲ့ အခါ မှာ ပျော်ရွှင်စရာကောင်းတဲ့ နေရာလေးတစ်ခုကို တွေ့ရှိသွားကြတယ်။ အဲဒီ နေရာမှာပဲ စတည်း ချကြမဟဲ့ ဆိုပြီး ရှင်းလင်းရေးလုပ်၊ပါလာတဲ့ပစ္စည်းတွေထုတ်ပြီးနေရာချကြတာပေါ့(၆လ ကြာပါတယ်တဲ့)။အားလုံးလဲ ပြင်ဆင်ပြီးတော့မှ -
တစ်ကောင်က ထအော်ပါတယ် “ဟာ ငါတို့ ဆား ယူလာဖို့မေ့ခဲ့ပြီ”
နောက်တစ်ကောင်ကလဲ “ဆားမပါရင် သွားပါပြီကွာ ..အရေးအကြီးဆုံး အရာပဲ”
အဲဒီလို နဲ့ ငြင်းခုန်ဆွေးနွေးကြရင်း အဆုံးသတ်မှာ မိသားစု ထဲက အငယ်ဆုံးဖြစ်တဲ့ လိပ်ငယ်လေး ကို ဆား သွားပြန်ယူစေဖို့  ဆုံးဖြတ်လိုက်ကြတယ်။ သူက အငယ်ဆုံးဆိုတော့ အမြန်ဆုံးလို့ သတ်မှတ် အခိုင်းခံရတာ ကိုသိပ်လဲမကျေမနပ်နဲ့ ငိုလိုက်၊ ငြီးလိုက် ၊ဂျစ်ကျလိုက် လုပ်နေတာပေါ့။
နောက်တော့ သူ သွားမယ်လို့  ဂတိ ပေးလိုက်တယ် ဒါပေမယ့် သူ ပြန်မရောက်မချင်း ဘာမှ မတို့ မထိ မစားမသောက်ရဘူးဆိုတဲ့သတ်မှတ်ချက်တစ်ခုနဲ့ ပေါ့ ။ ကျန်မိသားစုကလဲသဘောတူလိုက်ကြပြီးလိပ်ကလေးလဲ ထွက်ခွာသွားတော့တယ်။
အဲဒီလိုနဲ့၃နှစ်သာကြာသွားတယ် ဖိုးရွှေလိပ်ငယ်လေး ပြန်ရောက်မလာ ။
နောက် ၅နှစ် ၆နှစ် လဲပေါ်မလာ။
၇နှစ်လောက်လဲကြာရော အကြီးဆုံး လိပ်ဖိုးဖိုး က ဆက် အဆာမခံနိုင်တော့ဘူး။
“ငါတော့ စားတော့ မယ်ဟေ့” ..ဆိုတဲ့ကြေညာချက်နဲ့ အတူ စားမလို့ လုပ်တုန်းး
လိပ်ငယ်လေးဟာဗြုန်းစားကြီးသစ်ပင်တစ်ခုနောက်ကနေထွက်ပေါ်လာပြီး ဒီလို အော်ဟစ်လိုက်ပါတယ်။...
....
်“တွေ့လား ..!! ကျွန်တော် သိသားပဲ. ကျွန်တော့် ကို ဘယ်သူ မှစောင့်မှာ မဟုတ်ဘူးလို့ .. တော်ပြီ၊ အခုတော့ကျွန်တော် လုံးဝ ဆား သွားမယူတော့ဘူး !”
=ဂ=ဂ=ဂ=ဂ==ဂ=ဂ=ဂ=ဂ=

Moral of the Story
လူတစ်ချို့  ဟာ တစ်ခြားသူတွေ ကို သူတို့  မျော်လင့်တဲ့ အတိုင်း ဖြစ်နေစေဖို့  အတွက်စောင့်ကြည့်နေတတ်ကြပါသတဲ့။ ကျွန်ုပ် တို့တတွေ ဟာ သူများတွေ ဘာလုပ်နေ/မှာ လဲ ကိုကြည့်နေရင်း က ကိုယ်တိုင်ဘာမှ မလုပ်ဖြစ်တဲ့ သူတွေလား......

Comments