ယုံကြည်မှု

ဇူလိုင်လထုတ် ရွှေအမြုတေ မှ နေဇင်လတ် ၏ ဆောင်းပါး

ခေတ်အဆက်ဆက် ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ၂၁ ရာစု၏ ခေတ်သစ်အသွင်အပြင် ပို၍ပီသလာလေ၊ "ယုံကြည်မှု" ပိုမိုလိုအပ်လာလေ ဆိုသည်ကို တွေ့ရပါသည်၊ ယုံကြည်မှု၏ အဓိပ္ပာယ်နှင့် ယုံကြည်မှုအပေါ် နားလည်ခြင်း (Understanding Trust) တို့၏ တန်ဖိုးသည် ရှေ့တန်းသို့ မည်သူမျှ မတွန်းတင်ရဘဲ ရောက်လာရသည်။ Trust ဆိုသော ယုံကြည်မှုမှာ တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် နားလည်ခြင်း၊ စိတ်ချရခြင်း (Understanding Assurance & Confidence) တို့ကို အခြေခံထားပါသည်၊ သံသယရှိနေသမျှကာလပတ်လုံး ယုံကြည်မှုဟူသော Trust ပေါ်ပေါက်လာမည် မဟုတ်ချေ။ယုံကြည်မှုနည်းခြင်း (Low Trust) တွင် သံသယပမာဏများ၍ ယုံကြည်မှုမြင့်မားခြင်း (High Trust) တွင် သံသယတို့ အတော်ပါးလျားသွားသည်ကို တွေ့ရမည်။ ယုံကြည်မှုသည် တစ်ဦးချင်းမှာသော်လည်းကောင်း မိသားစုအတွင်းမှာသော်လည်းကောင်း အရေးကြီးသောကဏ္ဍမှာ ရှိသည်။ ကိုယ့်ကိုယ်ကို မယုံကြည်သောသူတစ်ဦးအတွက် ယုံကြည်ကိုးစားမှု (Confidence) ရှိမည်မဟုတ်ချေ၊ ငွေကို မထိန်းနိုင်သော၊ အပျော်အပါးကို မထိန်းနိုင်သောသူတစ်ဦးသည် ငွေများများ၊ အပျော်အပါး များများရှိသော လုပ်ငန်းကို လုပ်ရန် ယုံကြည်စိတ်ချရမှု (Confidence) အပြည့်အ၀ရမည် မဟုတ်ချေ။

ယုံကြည်မှုမှတိုးတက်မှုသို့ကိုယ့်ကိုယ်ကို ယုံကြည်ရန် ဦးစွာလိုပါသည်၊ မိသားစုအတွင်း ယုံကြည်မှု ရှိသင့်သည်၊ အဖွဲ့အစည်းများတွင် ဦးဆောင်သူနှင့် နောက်လိုက်များ အပြန်ပြန် အလှန်လှန် ယုံကြည်မှုရှိရပါသည်။ မတူညီသော အဖွဲ့အစည်းများတွင် လည်း Mutual Trust ရှိရပါမည်၊ သို့မှသာ ပူးပေါင်းမှုကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အမေရိကန်တွင် လောလောဆယ် စီးပွားရေးအကျပ် အတည်းကြောင့် ကမ္ဘာ့ဧရာမ လေ ကြောင်းလိုင်းကြီး နှစ်လိုင်းဖြစ်သော Northwest နှင့်Delta Airline နှစ်ခု ပူးပေါင်းသွားကြသည်။ ထိုကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး ခေါင်းဆောင်နှစ်ဦးအနက် တစ်ဦးက CEO အဖြစ် ဦးဆောင်ခွင့် ရခြင်းမှာ Trust Building ကို တည် ဆောက်နိုင်၍ ဖြစ်သည်။ နိုင်ငံကြီး သားစိတ်ဓာတ်ဖော်ပြရာကျပြီး ရင့်ကျက်မှု၏ အတုံ့အပြန်ကြောင့်လည်း ဖြစ်သည်။

ယုံကြည်မှုအဆင့်မည်မျှယုံကြည်ရမည်၊ ယုံကြည်ကြသည်ကို ပြောရန်လိုပါသေးသည်။ Level of Trust ဟုပြောသည်၊ လင်မယား အိမ်ထောင်စုတွင် တစ်ဦးနှင့် တစ်ဦး မယုံကြည်ကြပါက အိမ်ပြန်နောက်ကျသော ခင်ပွန်းအတွက် ဇနီးသည်က သောကရောက်ရပါသည်။ တချို့ဇနီးမယားများက "အချိန်တန်ရင် ချည်တိုင်တော့ပြန်လာမှာပါ" ဟူသော အတွေးသည် သူ့ယောက်ျားကို တစ်ဝက်ယုံပေးခြင်းဖြစ်သည်။အပျော်အပါးတပ်မက်ဦးတော့ အိမ်ထောင်ရေးပျက်စီးရန်အထိ လုပ်မယ့်သူ မဟုတ်ဟု တစ်ဝက်ယုံပေးခြင်းဖြစ်သည်။ လုံးဝမယုံသည်ထက်စာလျှင် တော်သေးသည်ဟု ကောက်ချက် ချ၍ရပါသည်။တချို့က ယောက်ျားသွားလေရာ မိန်းမက လိုက်သည်၊ မိတ်ဆွေထဲတွင် စီးပွားရေး အတော်အတန်တောင့်တင်းပြီး သားသမီးများပင်အိမ်ထောင်ကျကာ ကိုယ်လည်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးသည့် အိမ်ထောင်တစ်ခုတွင် ခင်ပွန်းသွားလေရာ ဇနီးက လိုက်နေသည့် CEO တစ်ဦးကို တွေ့ဖူးသည်။ အချစ်လွန်သည်ထက် ယုံကြည်မှု လုံးဝ မရသူဟု မြင်ပါသည်။ အကြောင်းချင်း သိ၍ လိုက်သူကိုလည်း အဆိုးပြော၍ မရ၊ ထိုမိတ်ဆွေ CEO လုပ်သူမှာလည်း လစ်လျှင်လစ်သလောက် လှစ်ခနဲ၊ လှစ်ခနဲနေသည်။ ယုံကြည်ရန်မရှိ၍ ယုံကြည်၍မရသည်မှာ မဆန်း။အထက်ပါသာဓကတွင် ယုံကြည်မှုမည်မျှ ရရှိသည်ဟူသော ပမာဏပေါ် မူတည်၍ Level of Trust ဟူ၍ ဖြစ်လာ သည်။ လုပ်ငန်းကြီးလာလျှင်၊ ရည် ရွယ်ချက်ကြီးလာလျှင် တစ်ဦးနှင့် တစ်ဦး Highest Level of Trust ဖြင့် ဆောင်ရွက်မှသာ ရရှိပါသည်။

ဘယ်သူတွေတာဝန်ရှိသလဲ
ဲမိသားစုအဆင့်တွင် အိမ်ထောင်ဦး စီးက တာဝန်ခံရပါသည်။ ကုမ္ပဏီ အဆင့်တွင် ဦးဆောင်သူက တာဝန်ခံ ရပါသည်။ အဖွဲ့အစည်းများတွင် အဖွဲ့ အစည်းတို့ကို ဦးဆောင်သူများက တာ ၀န်ခံရပါသည်။ ခေါင်းဆောင်များတွင် ခေါင်းဆောင်မှုအရည်အသွေးတို့ အရေးကြီးလာပါသည်။ အမြင်ကျယ်မှု၊ သဘောထားကြီးမှု၊ အဆင်အခြင် ကောင်းမှု၊ အနာဂတ်ကို မြင်နိုင်မှုများက အဆုံးအဖြတ်ပေးပါသည်။
- နှစ်ဦးလုံးညံ့လျှင် ယုံကြည်မှု တည်ဆောက်၍မရပါ၊
- တစ်ဦးတော်၊ တစ်ဦးညံ့လျှင် လည်း ပန်းတိုင်မရောက်ပါ၊
- နှစ်ဦးတော်မှသာ ယုံကြည်မှု တည်ဆောက်ရယူနိုင်ပါသည်။

ခေါင်းဆောင်တိုင်း လူတော်များ မဟုတ်နိုင်ကြပါ၊ တစ်ဦးနှင့်တစ်ဦး ကိုယ်ရည်ကိုယ်သွေး (Personality) ကွာခြားနိုင်ပါသည်။ တစ်ခါတစ်ရံ တန်းညှိရနိုင်ပြီး တစ်ခါတစ်ရံ တန်း ညှိမရနိုင်ပါ။

Building Trust

ယုံကြည်မှုတည်ဆောက်သည်ဟု နားလည်ထားသည်။ Trust သည် ယခုအခါ လူမှုအရင်းအမြစ် (Social Capital)၊ လူသားအရင်းအမြစ် (Human Capital)၊ နိုင်ငံရေးအရင်း အမြစ် (Political Capital) များတွင်မှာပါ အတိုင်းအတာကြီးမားစွာ နေရာယူလာပြီ ဖြစ်သည်။ ယုံကြည်မှု၏ တန်ဖိုးနှင့် သက်ရောက်အားကို ပို၍နားလည် ကြလာသည် ဟုယူဆရ၏။

ယုံကြည်မှု တည်ဆောက်ရန် အကြောင်းအရာများစွာရှိသော်လည်း အခြေခံသည် နားလည်မှု (Under-standing) ဖြစ်သည်၊ နားလည်မှုသည် တစ်ဖက်သတ်နားလည်မှုဖြင့် တည်ဆောက်၍မရ၊ အပြန်အလှန် နားလည်မှု (Mutual Understanding) ဖြင့်သာ တည်ဆောက်ရယူနိုင်သည်။ အကွာ အဟ (Differences) များ၊ အယူအဆ (Conceptual) များကို တတ်နိုင် သလောက် ညှိနှိုင်း၊ အလျှော့အတင်း လုပ်ယူရသည်။ ရည်မှန်းချက် (Mission) ၊ အနာဂတ်အမြင် (Vision)များတူလျှင် အခြားအရာများကို သာမာန်အချင်း အရာ (Minor Issues) များအဖြစ် သဘောထားနိုင်ဖို့ လိုသည်။

Assertive ဖြစ်လွန်းလျှင် အခက်အခဲရှိနှိုင်သည်၊ Position ဟူသော ဋ္ဌာနန္တရများကို ခေတ္တမေ့ထားပြီး ရလဒ်ကောင်း (Good Result) ကို ဦးတည်ထားရန် လိုသည်။ Cooperativeness ဟူသော ပူးပေါင်းလိုမှုကို ပြသရန်လိုသည်။ Self Interest ဟူသော ကိုယ်ကျိုးစီးပွားကို ဖယ်ရှားနိုင်လျှင် ယုံကြည်မှုတည်ဆောက်ခြင်း တစ်ဝက်မကပြီးသည်။မည်သည့်အရာမျှ ခြောက်ပစ် ကင်းသည်ဟူ၍ မရှိ၊ အကောင်းဆုံး လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။

မိသားစု အတွင်းဖြစ်လျှင် Family Interest ကို အန္တိမ ထားက မိသားစု တွင်းပြေလည်၍ ကုမ္ပဏီအဆင့်ဖြစ်လျှင် Company Interest ကို ပန်းတိုင်အဖြစ် ထားရန်လိုသည်။ အမျိုးသားအဆင့် ထိဖြစ်လျှင် National Interest အဖြစ် ရည်မှန်းချက်ထားရန် ဖြစ်သည်။ ဒေသအဆင့်ညှိနှိုင်းမှုတွင် National Interest ကို ရှေ့တန်းတင်လွန်းပါက မအောင်မြင်နိုင်သလို National Level တွင်လည်း Family. Personal Interest ကို ရှေ့တန်းထားလွန်းပါက အောင်မြင်နိုင်မည်မဟုတ်၊ Understanding ဟူသော နားလည်မှု မရသမျှ ကာလပတ်လုံး ယုံကြည်မှုဟူသော Trust ကိုလည်း ရနိုင်မည် မဟုတ်ပါ။

Comments