အိပ်မက်မက်တဲ့ အကြောင်း

အိပ်မက်ထဲမှာ လှေ လိုမျိုးလှော် နေရတယ်။ ရေထဲမှာ မြွေ ဆို ပြီး မည်းမည်းရှည်ရှည် အကောင်ကြီးတွေ တွေ့တယ်။“ငါမြွေ ကြောက်တယ်ဟ” ဆိုပြီး ဆက်လှော်ကြတယ်။ ကြားထဲမှာ ကုန်းပေါ်ရောက်သွားပြီး ပြိုင်ပွဲတစ်ခုလိုမျိုးကို ၀င်ကြည့်နေတာလည်း ပါတယ်။ နောက် လှေလှော်ရင်း ရေကန်တစ်ခုထဲ မှာ ကျနေတဲ့ သူ ကို ဆွဲတင်တာလဲ ပါတယ်။အဲဒီနောက် ဘယ်သူကမှန်းမသိ (ဘာကိုလဲမသိ) နင်နိုင်တယ်ဆိုပြီး ရော့ စစ်သူကြီးဘွဲ့  ဆိုပြီး မကိုဋ် လိုမျိုး ခေါင်းဆောင်းလိုမျိုးကြီးစွပ်ပေးတယ်တဲ့။ဟိ..ရယ်ရတယ်နော်.။ တစ်ခါမှ ဒီလိုမျိုးမမက်ဖူးဘူး။ အိပ်ယာက နိုးတော့ တွေးပြီး ရယ်ရသေးတယ်။
အိပ်မက်စာအုပ်ဖတ်တော့ မြွေ ကလည်း အကောင်း ၊ ခေါင်းဆောင်းရတာက အကြီးအကဲမစ မယ်တဲ့။
အကောင်းတွေဖတ်ရတော့ ပျော်သွားတယ်။
လွန်ခဲ့တဲ့ ၄ ၅လ က ခွေးအမည်း ကိုယ့်လက်ကိုခုန်ကိုက်တယ် မက်ပြီး နေမကောင်းလည်းဖြစ်တယ်။
လူမှုရေးမှာလည်း ကိုယ် မမှားဘဲ ကိုယ့်ကို အပုတ်ချခံရတာ၊ တဖက်စီးနင်းအပြောခံရတာ ကြုံရတယ်။ကံ သိပ်မကောင်းတဲ့ အချိန်လိုနဲ့ တိုက်ဆိုင်တာလည်းဖြစ်မှာပေါ့။ဘာပဲဖြစ်ဖြစ် အိပ်မက် က အစ ကောင်းတာမက်စေချင်တာ ကိုယ့် အတ္တလို့ ပဲဆိုရမှာပဲ။

အိပ်မက် မက်ရင် တခြားလူတွေပါပေမယ့် ဘယ်သူတွေပါမှန်းမသိဘူး။ တခါတလေ စမက်တုန်းကတစ်ယောက်ကပဲ အိပ်မက်ထဲ မှာ အမျိုးမျိုးပြောင်းနေတယ်။ ဘယ်သူဘယ်ဝါ ပီပီသသ တစ်ခါမှ မမြင်ရဖူးဘူး။
မှတ်မှတ်ရရ အိပ်မက်ထဲမှာ အဆက်အသွယ် ပြတ်သွားတဲ့ သူငယ်ချင်း တစ်ယောက် ကိုမက်ဖူးတယ်။သူ့မျက်နှာလေး ပီပီပြင်ပြင် ပေါ်လာပြီး “ငါ မနက်ဖြန် မင်္ဂလာဆောင်တော့မယ်” ဆိုပြီး ပြောရင်းပျောက်သွားတယ်။ (အဲ့နေ့ကို မှတ်ထားတယ်)အိပ်မက် မက်တိုင်းေ၇ ပါလေ့ရှိတာ ဘာလို့မှန်းမသိဘူး။ ပင်လယ် ချောင်း ကန် မိုး မျိုးစုံကို လှည့်ပတ်ပါနေတော့တာပဲ။ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားတဲ့နေ့ တွေ မှာ အိပ်မက် မက်လေ့မရှိဘူး။ အိပ်မက်တွေ က နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ အခါမျိုးမှာ မက်တတ်တာ လို့တော့ကြားဖူးတာပါပဲ။မသိစိတ် ထဲမှာ အမှတ်တမဲ့ရှိနေတဲ့ အရာတွေ အိပ်မက်ထဲမှာ ပေါ်လာလေ့ရှိတယ်လို့လဲပြောကြတယ်။
အချစ်နဲ့ (ချစ်သူနဲ့) ပတ်သက်လို့ တစ်ခါမှ ကောင်းကောင်းမွန်မွန်မမက်ဖူးဘူး။ ကောင်းရော။

Comments