Mayan Calender

(Photo from Flickr)
Current Mayan Date
baktun 12 katun 19 tun 15 uinal 15 kin 2Haab: 5 CehTzolkin: 1 Ik
Mayan epoch: 11 Aug, 3114 B.C.E.
...date based on local time 12:09:55pm, Fri Nov 14, 2008

300 A D 900 Mayan လူမျိုးတွေ က Central America မှာ ဘုရားကျောင်းတွေ အမှတ်တရ နေရာတွေ ထုထွင်းခဲ့ကြတယ်။ အဲ့ထဲမှာ သဲကျောက်နဲ့ ထွင်းခဲ့တဲ့ ပြက္ခဒိန် တစ်ခုလည်းပါတယ်။ မြန်မာ ရိုးရာ ပြက္ခဒိန်၊တရုတ်ပြက္ခဒိန် လိုမျိုး သူတို့နည်း သူတို့ဟန်နဲ့ (ဂြိုဟ်အသွားအလာ၊ သင်္ချာနည်းပညာ၊ နေလှည့်ပတ်ရာလမ်းကြောင်းစတာတွေအပေါ် မူတည်ပြီး) တွက်ချက် ခဲ့ ရာမှာ ပြက္ခဒိန်က ၂၀၁၂ ဒီဇင်ဘာ၂၁ ထိပဲ ရက်သတ်သတ်မှတ်မှတ်ရှိတယ်။ ထို လူမျိုးတွေ ဟာ နက္ခတ် ၊ဗေဒင် နတ်ဘုရား စတဲ့ အဖြေရှာမရတဲ့ spiritualအတတ်ပညာရှိခဲ့တဲ့ လူမျိုးစုလို့ ယူဆထားကြတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ဝန်းကျင်ကတည်းက နေ တဖြည်းဖြည်းပျက်သုဉ်းတိမ်ကောသွားပေမယ့် သူတို့ချန်ထားခဲ့တဲ့ အနုလက်ရာတွေက ကျန်နေခဲ့သေးတယ်။ ဘာလို့ ပြက္ခဒိန်မှာ အဲဒီရက်နောက်ပိုင်းမပါတော့တာလဲ ..။ လည်ပတ်နေတဲ့ ဂြိုဟ် ဝန်ရိုးပြောင်းတာနဲ့ကမ္ဘာကြီးက ပျက်သွားမှာလားး...။သူတို့ က ကမ္ဘာပျက်မယ့်ရက် ကိုကြိုသိနေပြီး သူတို့လူမျိုးတိမ်ကောသွားမယ့် နေ့တွေကို ကော ကြိုမတွက်နိုင်ခဲ့ကြဘူးလား..။
ကမ္ဘာကြီးပျက်မှာ ကိုတော့နားလည်လောက်အောင် ဉာဏ်မမီပါဘူး။ အခုတလော သေချာနေတာ ကတော့ ကမ္ဘာတစ်ဝှမ်းမှ ဆုတ်ကပ်ဆိုက်နေတာပဲ ။ သဘာဝဘေးအန္တရာယ် က လည်း နေရာတိုင်းမှာ ပဲ။ အမြဲ သဘာဝဘေးတွေ က နေလွတ်ခဲ့တဲ့ ကျွန်မတို့နိုင်ငံလေးတောင် ပျက်မတတ်ဖြစ်ခဲ့တာပဲ။ ကောသလမင်းကြီး အိမ်မက် ၁၆ချက် ကလည်း တစ်ချက်ချင်းစီ မှန်လာနေခဲ့ပြီ။ နေထိုင်နေကြတဲ့ လူတွေမှာ ကြည့်ကြည့်ရင် ပျော်ရွှင်စွာ ကောင်းစားနေနိုင်ကြတဲ့ လူအများစုဟာ တရားပျက်တွေဖြစ်နေတတ်တယ်။ လူတိုင်းလိုလိုမှာ လည်း သူများမိုးခါးရေ သောက် လို့ ကိုယ်ပါလိုက်သောက်ရမယ့် အခြေမျိုးရောက်နေကြတယ်။ပညာရှိတွေ ဆရာတင်နေရတဲ့ သူတွေ က ဘာမှမတတ်သူတွေဖြစ်နေတယ်။ အချင်းချင်းဆက်ဆံရာမှာ အမှန်တရားကိုလက်ကိုင်ထားတဲ့ သူတွေ က ရှုံးနိမ့်နေလေ့ရှိနေကြတယ်။ အကျင့်ပျက်နေတဲ့ သူတွေလည်း လူကြားထဲမှာ ဆရာတစ်ဆူလိုမင်းမူနေကြတယ်။ သိကြားသာသနာ ပါဟဲ့ ၊ကိုယ့်တရားလေးနဲ့ ကိုယ်နေကျ လို့သတိပေးတဲ့ သူတွေလည်း မောကြောသာဆိုက်သွားပါ့မယ်၊ ဆန်ကာနဲ့ ခါချလိုက်သလိုမျိုး သေးသိမ်နုပ်ဆင်းတဲ့ သူတွေ အောက်ကိုပါကျသွားလိမ့်တဲ့လေ ။ဖြစ်နိုင်ပါတယ်လေ၊အောက်ကို ကျသွားတဲ့ သူတွေ က သူတို့အောက်ကို ထိုးဆိုက်သွားတာလားမသိ ပျော်ရွှင်စွာ ဆင်းသွားကြတာ၊အပေါ်မှာ ကျန်ခဲ့တဲ့ သူတွေက စကောထဲ ဇီးဖြူလိမ့်သလို တိုးလိုက်တိုက်လိုက် မူးလိုက်မေ့လိုက်ပေါ့။တရားရှိပါတဲ့ သူတွေပါလုံးပါးပါးပြီး အကုန်လုံး ဆန်ကာပေါက် က ကျသွားမယ့်နေ့ ကို ပဲ ကမ္ဘာပျက်တဲ့ နေ့လို့ခေါ်ချင်လေသလား.......။
ထပ်ဖြည့်။ ။ မာယမ်တွေ အကြောင်းရှာရင်း ပိရမစ်ပုံလို သူတို့ယဇ်ပူဇော်တဲ့ကျောင်းတွေ တွေ့ပြီး မြင်ဖူးသလိုပဲ ဆိုပြီး ကြည့်ဖူးတဲ့ကားတစ်ခု ကိုသတိရသွားတယ်။ Apocalypto ဆိုတဲ့ကား။ အဲ့ဗီဒီယို ကား ကို ထပ်သွား ပြန်ဖတ်ကြည့်မှ PaLoatToatToat...ဟုတ်တယ်ဟ..မာယမ်တဲ့။ နည်းတောင်နည်းသေးတယ်။ ကြည့်တုန်းက သွေးသံရဲရဲ မကြည့်ရဲလို့ ဘုမသိဘမသိဝင်ကြည့် တချို့ အခန်းတွေ ဆို မျက်စိမှိတ်ထားနဲ့ ။ အင်္ဂလိပ် လို ပြောရင်တစ်စိတ်တစ်ဒေသ ရိတ်မိဦးမယ်။ မကြည့်လိုက်တာနဲ့ အင်္ဂလိပ်စာတန်းထိုးက လွတ်သွားရော ကိုး။
Anyway better late than Never.... :D
Apocalypto is a 2006 epic film directed by Mel Gibson and starring Rudy Youngblood. Set in an ancient Central American civilization, during the declining period of the Maya Civilization, Apocalypto depicts the journey of a Mesoamerican tribesman who must escape human sacrifice and rescue his family after the capture and destruction of his village.
The film features a cast of Native American descent, and its Yucatec Maya dialogue is accompanied by subtitles.

Comments