တော်ဝင်မျိုးဆက်
Diana မွေးနေ့က 1 July 1961 ...။
သူတို့မိသားစု ဘုရင်ဆက်ခံပုံကို နားလည်မလည် စိတ်လည်းမဝင်စား နဲ့။အခု စဖတ်ဖြစ်တော့လည်း ထပ်သိချင်လာပြန်ရော။သူက ဒုတိယ မြောက်နန်းမွေဆက်ခံမယ့်သူပေါ့လေ။ second in the line of succession to 16 independent states လို့ဖော်ပြထားပါတယ်။(Prince) Harry ကျ တော့ third ပေါ့ ။ဝေလမင်းသားက ချားလ်စ် ၊ပြီးတော့ တွေ့လိုက်တဲ့ Duchess of Cornwall ကိုဆက်နှိပ်လိုက်တော့ ကာမီလာ ကြီးထွက်လာပါရော။ သူမက များပြားလှတဲ့ တော်ဝင်ဘွဲ့တွေထဲက ဒိုင်ယာနာနဲ့မတူတဲ့ဘွဲ့ထူးဂုဏ်ထူးတစ်ခုကို သေချာရွေးယူခဲ့တာလို့လည်း ပြောကြတယ်။

အဲ့လိုနဲ့ နန်းတွင်းအရှုပ်တော်ပုံတွေ၊ယောက္ခမတွေဖြစ်တဲ့ ဘုရင်မကြီး နဲ့ မြို့ စားကြီး တို့နဲ့ ဒိုင်ယာနာအခြေအတင်ဖြစ်တာတွေ ဆက်လက်ဖြစ်ပွားနေခဲ့တယ်။နောက်ဆုံး အုတ်အော်သောင်းတင်း ဖြစ်ခဲ့တာကတော့ ချားလ်စ် က သူ့ ကိုယ်ရေးအရာရှိနဲ့ ဖောက်ပြန်နေပြီး ကလေးတောင်ဖျက်ချလိုက်ရတယ် လို့စွပ်စွဲခဲ့တာပဲ။ အဲ့နောက်ပိုင်း ဒိုင်ယာနာ ဟာ လူထုရေးရာတွေကနေ နှုတ်ထွက်ပြီလို့ကြေငြာခဲ့တယ်။အဘက်ဘက်က ပြိုအက်နေခဲ့တဲ့ အိမ်ထောင်ရေးကြီးကို အဆုံးသတ်ဖို့ ၁၉၉၅ မှာတော့ ဘုရင်မကြီး ကကွာရှင်းဖို့သင့်ပြီ လို့အကြံပေးခဲ့တယ်။ ချားလ်စ် မင်းသားကတော့ အဲ့အကြံကို ချက်ချင်းလက်ခံပြီး ဒိုင်ယာနာကတော့ ၁၉၉၆ကျမှသဘောတူကြောင်း ကြေငြာခဲ့တယ်။ (ဒိုင်ယာနာ ဟာ နောက်ဆုံးအချိန်ထိ မျှော်လင့်နေခဲ့တုန်းပဲ ဆိုတာကို မင်းမှုထမ်း မှာဖတ်ရှုခဲ့ရဖူးပါရဲ့  ၊ အဲ့တစ်နှစ်တာကာလအတွင်းမှာ ယောက္ခမတွေနဲ့ စာအပြန်အလှန်ရေးခဲ့ကြတယ်)ကွာရှင်းဖို့ သဘောတူကြီးပြီးနောက်ပိုင်း ဒိုဒီ နဲ့ သင်္ဘောလေးနဲ့ အပန်းဖြေခရီးထွက်တာကို စာနယ်ဇင်းတွေမှာဖော်ပြခဲ့တယ်။ အပန်းဖြေသင်္ဘောပေါ်ကို သား၂ယောက်ကို အလည်ခေါ်ခဲ့တယ်။သူတို့ ၂ယောက်လက်ထပ်ကြမယ်လို့လည်း အားလုံးကထင်ကြတယ်။အဲ့ဒါကြောင့်လည်းသူတို့ ကားအက်စီးဒင့်နဲ့သေတော့ဒိုဒီအဖေ က သူတို့၂ယောက် ဓားစာခံဖြစ်ရတာပါလို့ ပြောခဲ့တယ်။အခုချိန်ထိလည်း အဲ့လို သူယုံကြည်နေတုန်းပဲ။ (တရားရုံးကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဆိုပြီး ပယ်ချပြီးပါပြီ) ဘာလို့ဆို ဖိလစ်မင်းသာကြီး နဲ့ သူနဲ့ က အရင်က မပြေလည်တာလေးတွေရှိခဲ့ဖူးတယ်။ သူဌေးကြီးဖြစ်ပြီး နာမည်ကျော်ကြားတဲ့ အဲလ်ဖာရက် (Harrods နဲ့ ဟိုတယ် Ritz ပိုင်ရှင်၊ Premiership နဲ့ Fulham ဘောလုံးအသင်းပိုင်ရှင်) ကို သူတို့တော်ဝင်ပွဲတစ်ခုကို တက်ခွင့်မပေးခဲ့တာမျိုးရှိခဲ့တယ်။ အီဂျစ်လူမျိုးဖြစ်တဲ့ အဲလ်ဖာရက် ဟာ British citizenshipလျှောက်တာကို အကြိမ်ကြိမ်ပယ်အချခံနေရသူလည်းဖြစ်တယ်။ဘာသာရေးက မွတ်စ်ဖြစ်တော့ တော်ဝင်မင်းသမီးကိုဘာသာခြားနဲ့လက်မဆက်စေချင်တာ စတဲ့ စတဲ့မကျေလည်တာတွေကြောင့် သူတို့၂ယောက် အသတ်ခံလိုက်ရတာပါလို့ ယုံယုံကြည်ကြည်နဲ့ စွပ်စွဲနေခဲ့၊နေဆဲပဲ ။(သူ့ ကုန်တိုက်မှာ ထားထားတဲ့ Innocent Victims ရုပ်ထုလေးကို လူတိုင်းသိကြမှာပါ)
ကျွန်မအနေနဲ့ကတော့ တခြားသူများနည်းတူ ဒိုင်ယာနာ ကိုသဘောကျပါတယ်။ပိုတာကို တော့ သူ့ အိမ်ထောင်ရေးကိုသနားလို့ပါ။ကရကဋ်ရာသီဖွားတွေက အချစ်ရေးမှာ ကံမကောင်းဘူးလို့ဆိုကြတယ်။အဘက်ဘက်က ဘယ်လောက်ပြည့်စုံပြည့်စုံ အချစ်ရေးကိစ္စမှာအပေးသမားလို့ဆိုကြတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ဒိုင်ယာနာ လို အိမ်ထောင်ရေးမျိုးကတော့ ဘယ်သူကမှ ဖြတ်သန်းချင်မှာမဟုတ်ပါဘူး။မင်းသားဖြစ်တဲ့ ယောင်္ကျားသားဖြစ်တဲ့ ချားလ်စ် အနေနဲ့လည်း သူ့အပိုင်းနဲ့သူရှိလိမ့်မယ်။ မိန်းမတွေဆိုတာက ဒါမျိုးနဲ့ ပတ်သက်ရင်နေ့တိုင်းပူဆွေးနေရတဲ့အဖြစ်မျိုး။ ဒိုင်ယာနာက အချစ်ခံချင်တယ် ၊အထူးသဖြင့် သူချစ်တဲ့ ချားလ်စ် ဟာ သူ့ကို မရက်စက်လောက်ပါဘူးလို့ အမြဲကျိတ်မျှော်လင့်နေတာပါပဲ ။ သူမ က “သူမယောက်ျားကသာလျှင် အမြဲ သူမ ကို အဘက်ဘက် က မပြည့်စုံသူဖြစ်အောင် လုပ်တဲ့သူ” လို့ ကောမန့်ပေးခဲ့တယ်။ အချစ်ရေးမှာ လျစ်လျူရှုခံရရင် ဖောက်ပြန်ဖို့ဆိုတာ အနောက်နိုင်ငံတွေမှာ မဆန်းပါဘူး။တော်ဝင်ဖြစ်ပြီထိန်းသိမ်းရမယ် ဘာညာကတော့ သူတို့အပိုင်းပေါ့။ဒိုင်ယာနာ ဟာ ဘယ်လောက်ကြီး ပြဿနာဖြစ်နေဦး ၊ချားလ်စ် နဲ့ ပွဲတစ်ခုခုသွားရမယ်ဆိုရင် Dress ကိုရွေးမဆုံးသူ ၊ချားလ်စ် က အဲ့ အဝတ်ဟာ လှတယ် သူနဲ့ လိုက်တယ်လို့များပြောလိုက်ရင် မျက်နှာကို ဝင်းပြီးပျော်မဆုံးဖြစ်နေသူပါတဲ့ ။ဘယ်လောက်ပဲ အတွင်းမှာ အက်နေပါစေ၊ အပြင်တွဲသွားရင် ကမ္ဘာပေါ်မှာ သူမလောက်ကံကောင်းတာမရှိ ဆိုသလိုပုံစံမျိုးဖမ်းနိုင်သူပေါ့။
Comments
Post a Comment