တရုတ်နှစ်ကူးအတွက်

တရုတ်၁၂ကောင်မှာ နွား ကတော့ ကြွက် ပြီးရင် ဒုတိယလာတဲ့ အကောင်ပေါ့။ (အပြေးပြိုင်တော့ သူက ညာတာပါတေးနဲ့ နွားခေါင်းပေါ်ကလိုက်ပြီး ခရီးဆုံးတော့ ခုန်ချလိုက်တာ သူကနွားထက် အရင်ရောက်သွားပြီး နံပါတ်၁ ဖြစ်နေတာလို့ ပြောကြတယ်) ။ ကြွက်ကတော့ အသစ်အသစ် စတင်ခြင်းကို ဖော်ဆောင်ပါတယ်။ နွားနဲ့ အဓိက ကွာသွားတာကတော့ နွားက သူ့ ကာရိုက်တာ အရ လုပ်ဆောင်ချက်တွေ နှေးသယောင် ရှိပေမယ့် အရာထင်ပါတယ် ။ အဲ့ဒါကြောင့် မနှစ်က စတင်လုပ်ဆောင်ထားတာလေးတွေ ဒီနှစ်မှာ ဖြည်းဖြည်းမှန်မှန်နဲ့ အရာထင်ပါလိမ့်မယ်။
မနှစ်ကလိုပဲ မြေနှစ်ထဲမှာ ရှိပါတယ်။ မနှစ်ကထက် ယန်(Yang)ဓာတ်နည်းသွားတဲ့ အတွက်ကြောင့် အုတ်အော်သောင်းနင်း အုံးအုံးကြွက်ကြွက်ဖြစ်ရပ်တွေ လျော့နည်းသွားပါလိမ့်မယ်တဲ့။ ဖြစ်ပေါ်လာတဲ့ အခြေအနေအပေါ်မူတည်ပြီး လှုပ်ရှားတာမျိုးက အသစ်တစ်ခုကိုပြောင်းလဲလုပ်ကိုင်တာမျိုးထက် ပိုမိုအကျိုးဖြစ်ထွန်းစေပါမယ်။
နွားရဲ့  ဓာတ်က ရေ ဖြစ် ပြီး ၂၀၀၉ က မြေနှစ်ထဲမှာဖြစ်တဲ့အတွက် ဓာတ်မတည့်ဘူး လို့ဆိုပါတယ်။ ဒါကြောင့် ၂၀၀၉မှာ အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ (Element conflict ဖြစ်တယ်ပေါ့။) ဒါပေမယ့် အရာရာတိုင်းမှာ အဆိုးဖြစ်မှာမဟုတ်ပါဘူး ...နွား ရဲ့  အဓိက စရိုက်က စွမ်းဆောင်နိုင်မှု၊ အကြမ်းခံနိုင်မှု ဆို တော့ အဆင်ပြေပါလိမ့်မယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ရေရှည်စီမံကိန်း အလုပ်တွေကို ပိုရည်ရွယ်သင့်ပြီး မလိုအပ်တဲ့ စွန့်စားမှုတွေ၊အသစ်အကောင်အထည်ဖော်လိုမှု၊ ရေတိုမျှော်မှန်းချက်တွေကို မလုပ်မိရင် ကောင်းပါတယ်။ အရာရာကိုသတိရှိရှိနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မြေ နှစ်မှာဖြစ်လို့ သတ္ထု နှစ်မှာ မွေး တဲ့ (မည်သည့်အကောင်ဖွားဖြစ်စေ) အဆင်ပြေပါလိမ့်မယ်။ သစ်သား၊မီး၊ မြေကြီး ဖွားတွေက ရေဖွားတွေထက် အနည်းငယ် အဆင်ပြေပါလိမ့်မယ်။

၂၀၀၉ ခုနှစ်ဟာ လုပ်သမျှတွေဟာ မှတ်ကျောက်တင် အဓွန့်ရှည်စရာတွေဖြစ်ပါလိမ့်မယ်။ တခါတလေ လုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေလိမ့်မယ်...ဒါကြောင့် စိတ်အားထက်သန်မှုနဲ့ လုပ်ကိုင်လိုမှုကို မလျော့နည်းစေပါနဲ့..။အောင်မြင်မှု အသီးအပွင့်ကို ခံစားရမှာပါ။

=~=~=~=~~=~=~=~=
ကြွက်နှစ်ဖွား
ကြွက်နှစ်ဖွားတွေအတွက်တော့ မနှစ်က ကြွက်နှစ်မှာ အစပြုခဲ့တဲ့ အရာတွေနဲ့ နွားနှစ်မှာ ဆက်လက်အကျိုးဖြစ်ထွန်းလိမ့်မယ်။ နွားနှစ်မှ သတိပြုရမှာကတော့ တစ်ချိန်တည်း မှာ ကိစ္စအမြောက်အမြားကို တပြိုင်နက်လုပ်တာကိုရှောင်ရပါလိမ့်မယ်။ မိမိယုံကြည်ချက်ကို ပိုင်ပိုင်နိုင်နိုင်စီစဉ်အကွက်ချပြီး ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့တော့ လိုပါလိမ့်မယ်။ ဇွဲကြီးတဲ့ ကြွက်နှစ်ဖွားတွေ အတွက် နွားနှစ်က အချီးအမြှောက်ခံရမယ့် နှစ်ဖြစ်ပါတယ်။

နွားနှစ်ဖွား
နွားနှစ်ဖွားတွေ ဖြေးဖြေးမှန်မှန်နဲ့ အဆင်ပြေမယ့်နှစ်ဖြစ်ပါတယ်။ ကြုံဆုံရမယ့် အဖြစ်အပျက်တွေဟာ ပျော်စရာတွေချည်းဖြစ်နေလိမ့်မယ်။ လူမှုရေး (မိသားစုနဲ့ အချစ်ရေး) အဆင်ပြေတဲ့နှစ်..ကိုယ့်အနားမှာကိုယ့်ကို ဂရုစိုက်မယ့်သူတွေချည်း ဝိုင်းနေလိမ့်မယ်။ ကိုယ့်တစ်သက်တာမှာ ပြန်လှည့်ကြည့်ရင် အောင်မြင်မှုသရဖူဆောင်းတဲ့ နှစ်အဖြစ် အမှတ်ရနေပါလိမ့်မယ်။

ကျားနှစ်ဖွား
ကျားနှစ်ဖွားတွေ အတွက်တော့ သိပ်မထူးခြားတဲ့နှစ်ပါ။ လာမယ့်နှစ် အတွက် အေးအေးဆေးဆေး ပြင်ဆင်ရမယ့်နှစ်ပေါ့. အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါးမယ့်နှစ်ပါ။ ဘယ်အရာမဆို ကျား လိုစရိုက်မျိုးနဲ့ ရဲရဲရင့်ရင့်၊ ဖြတ်ထိုးဉာဏ်သုံးဖို့ သတိရပါ။

ယုန်နှစ်ဖွား
မနှစ်က ကြုံခဲ့ရတဲ့ စိတ်ညစ်စရာတွေ ဒီနှစ်မှာတော့ လျော့ပါးသွားပြီ။ မမြင်ရတဲ့ အောင်မြင်မှုတွေရလိမ့်မယ်..အကောင်းဆုံးခြေလှမ်းတွေနဲ့ သာ နွားနှစ်ကို ဖြတ်ကျော်ဖို့ ပြင်ဆင်ထားပါ။

နဂါးနှစ်ဖွား
နဂါးတွေရဲ့  ထက်မြက်မှုကို အဟန့်အတားဖြစ်စေမယ့် နှစ်ဖြစ်ပါတယ်။ သာမာန်ပုံစံနဲ့ကွဲထွက်တဲ့ အခြေအနေတွေ အခွင့်အရေးတွေကို လက်ခံရပါလိမ့်မယ်။ အသုံးအဖြုန်းကြီးတတ်သူတွေ အတွက် အခက်အခဲတွေ့စေနိုင်ပါတယ်...အချစ်ရေးအတွက်ကံကောင်းတဲ့နှစ်ပါ။

မြွေနှစ်ဖွား
မြွေနှစ်ဖွားတွေအတွက် အလွန်အရေးသာတဲ့နှစ်ပါ။ မျှော်မှန်းထားခဲ့ရတဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်မယ်။ ကိုယ်ထင်မှတ်ထားတာထက်ကို အောင်မြင်စေမယ်။အချစ်ရေးမှာ တစ်ဆင့်တက်နိုင်မယ်။ကိုယ်လုပ်သမျှ အောင်မြင်အရာထင်မှာဖြစ်လို့ အက်ရှင် ရှိဖို့ပဲ လိုအပ်တယ်။

့မြင်းနှစ်ဖွား
မြင်းနှစ်ဖွားတွေကတော့ ရုန်းကန်ရမယ့် နှစ်ပါပဲ။ လုပ်ငန်းကိုင်ငန်းအဆင်မပြေတတ်လို့ စိတ်အနှောင့်အယှက်ဖြစ်နေမယ်။ သင့်ရဲ့  ကြိုးစားမှုကို အရာထင်ဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမယ့်နှစ်ဖြစ်တယ်။ ကိုယ့်ကို ချစ်ခင်သူ အသိုင်းအဝိုင်းကို အလေးထားဆက်ဆံပါ။ အကြံ ဉာဏ်သစ်တွေကို ရယူလက်ခံဖို့ ဝန်မလေးပါနဲ့။

သိုးနှစ်ဖွား
သိပ်ကောင်းတဲ့နှစ်တော့ မဟုတ်ပါဘူး။ ကြွက်နှစ်ကနေထွက်လာလို့ အေးဆေးရလိမ့်မယ် မမျှော်လင့်သေးပါနဲ့ဦး။ သင့်ရည်ရွယ်ချက်အတွက် ဆက်လက်ကြိုစားရပါလိမ့်မယ်။ အဲ့အတွက် ၂၀၁၀ မှာ အောင်မြင်မှု အသီးအပွင့်တွေခံစားရမှာပါ။ သူတပါးအကူအညီရဖို့ လည်း အခွင့်အလမ်းနည်းပါတယ်။

မျောက်နှစ်ဖွား
သင့်ရဲ့  ကိုယ်ပိုင်အစွမ်းအစတွေနဲ့ အောင်မြင်ဖို့အတွက် အခွင့်အရေးတွေ ပေါ်ပေါက်လာမယ့်နှစ်ဖြစ်ပါတယ်။ များပြားလှတဲ့ အခွင့်အရေးတွေ ပေါ်လာမှာမို့ ကိုယ့်ပန်းတိုင်ပျောက်မသွားဖို့ သတိပြုရမယ်။ ဒီနှစ်မှာ ပြုလုပ်သမျှတွေဟာ နောင်နှစ်တွေမှာပါ အကျိုးဆက်ကျန်ခဲ့မှာမို့ အရာရာကို သတိထားလုပ်ကိုင်ပါ။

ကြက်နှစ်ဖွား
ကြက်နှစ်ဖွားတွေ အတွက် ကောင်းတဲ့နှစ်ပါပဲ။ နွားနှစ်မှာ အဆင်အပြေဆုံးက မြွေနှစ်ဖွားတွေ၊ နောက်ဒုတိယလိုက်တာက ကြက်နှစ်ဖွားတွေ ပေါ့ ။ အရာရာ အဆင်ချောမယ့်နှစ်ဖြစ်ပါတယ်။ လူမှုရေးရာမှာလည်းကျေနပ်အောင်မြင်မယ်။ ဒီနှစ်မှာတော့ တကယ်ဖြစ်မလာနိုင်ပါဘူးလို့ ထင်ထားတဲ့ အရာတွေတောင် အမှန်ဖြစ်လာလိမ့်မယ်။

ခွေးနှစ်ဖွား
ခွေးနှစ်ဖွားတွေအတွက် စွန့်စားမှုအသစ်တွေနဲ့ တွေ့ရမှာပါ။ သင့်ရဲ့  စိတ်ရှည်သည်းခံနိုင်မှုကို တစ်ကြိမ်ထက်မနည်း စမ်းသပ်တဲ့ကာလပါပဲ။ သင်ရည်ရွယ်မျှော်မှန်းထားတဲ့တဲ့ လုပ်ငန်းကိုင်ငန်းကို အဆင်ပြေပြေရချင်မှရမယ်။ ဒါပေမယ့် ပေါ်ထွန်းလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ရင် တိုးတက်နိုင်ပါလိမ့်မယ်။ မိသားစုနဲ့အဆင်ပြေပြေ ဆက်ဆံနိုင်မယ်။အလုပ်တစ်ဖက်ကြောင့် မိသားစုကို အချိန်မပေးနိုင်တာမျိုးဖြစ်တတ်ပေမယ့် နှစ်ကုန်ရင် နှစ်ဖက်လုံးမှာအဆင်ပြေပြေနဲ့ အရာထင်ထင်အောင်မြင်မယ်။

ဝက်နှစ်ဖွား
ဝက်နှစ်ဖွားတွေမှာ ရှိတတ်တဲ့ ရက်ရောတဲ့ အပြုအမူကြောင့်ပဲ အခွင့်အလမ်းအသစ် တွေ ပေါ်ပေါက်လာလိမ့်မယ်။ သူငယ်ချင်း အပေါင်းအသင်း၊ မိသားစု ဆက်ဆံရေးတွေကို တိုးတက်စေမယ့်နှစ်ဖြစ်တယ်။ နွားနှစ်မှာဒီတစ်ခုကပဲ ထူးထူးခြားခြားအကျိုးပေးမယ့် နယ်ပယ်ဖြစ်တယ်။
=~=~=~=~~=~=~=~=

ဤတွင် တရုတ်ဗေဒင်ဟောစာတမ်း ပြီးပါ၏ ။ ရရှိလာသော ဘိလပ်စာကို ဘာသာပြန်ပါ၏ ။ မှားယွင်းမှုရှိပါသော် သည်းခံကြပါစေလို။ အတ္တာဟိ အတ္တနော နာထော ။
မနှစ်က ဖတ်ရတာတစ်ခုက ခွေးနှစ်သမားတွေ အတွက် တစ်ခုမှ မကောင်းဘူး ဆိုလို့ ရယ်တောင်ရယ်လိုက်သေး။ ဘယ်တုန်းကများ ဘယ်သူတွေ ထွန်းထွန်းပေါက်ပေါက် ကောင်းတာကျလို့ပေါ့။ (ကျွန်မက တရုတ်လူမျိုးတော့မဟုတ်ပါဘူး။ ဒီလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ )။ အခုမှပြန်စဉ်းစားမိတော့...တကယ့်တကယ်ကို မကောင်းတာ..၂၀၀၈ က ကျွန်မအတွက်။ နိုင်ငံတိုင်းမှာလည်း ပျက်စီးတာတွေ ဖြစ်၊ ကြွက်လို အသိုက်ပျောက်လိုက် ပြန်ရှာရလိုက် နဲ့ ..။ နောက် ၁၂နှစ်မြောက်နှစ်ကိုတောင် ထပ်မရောက်စေချင်ပါဘူး။ ဘယ်နိုင်ငံမှာ မှလည်း နာဂစ်လိုမုန်တိုင်းမျိုးတွေ ၊ ငလျင်..၊ စီးပွားပျက်တာတွေ မဖြစ်စေချင်ပါဘူး။ လက်တွေ့ကျကျတွေး တဲ့သူတွေတောင် ၂၀၀၈ ကို မေ့ကြမှာမဟုတ်ပါဘူးလေ။..ထားပါတော့နော်... ။

ကြည့်ရတာ နွားနှစ်ထဲလည်း သိပ်မဟန်သေးဘူးထင်ပါ့။ သူတို့ပြောကြသလိုမျိုးဆို မြွေနှစ်ဖွား နဲ့ ကြက်နှစ်ဖွားတွေ အတွက်ပဲ နည်းနည်းအဆင်ပြေမယ်ပေါ့။ ကြွက်နှစ်လောက် တော့ မဆိုးဘူး ပြောကြတာပဲ။
ဒါပေမယ့် အိုဘားမား က နွားနှစ်ဖွား ဖြစ်ပြီး နွားနှစ်မှာ ဘုရင်ဖြစ်လို့ ကောင်းဘူးဆိုပဲ ။ နောက် ၄၄နှစ်မှာ ၄ ဂဏန်းသမားမို့တဲ့..စုံနေတာပဲ။ သေချာတာကတော့နွားနှစ်မှာ နွားလိုရုန်းကန် အလုပ်များရမယ် ထင်ပါရဲ့ .. :f ။ ကျားရို ကျားရို.. အာဂျာ အာဂျာ..ဆက်လက်ကြိုးစားချီတက်ကြပါဦးစို့ ... ။ :)
ဒီဆိုဒ် ကလေးမှာလည်း ရှည်ရှည်လျားလျားပြောထားပါသေးတယ်။ တရုတ်နှစ်ဖွား ကြည့်ရန် ပုံကို http://www.eng.uwaterloo.ca/~uwcesa/culture.php ကနေကူးပြီး ဖြည့်လိုက်ပါတယ်။

Comments