ဟိုတစ်တို့ ဒီတစ်တို့ သတင်း

ထိုင်းဘုရင်မင်းမြတ်ကို ပြက်ရယ်ပြုသော ဝက်ဘ်ဆိုဒ် ၁၅၀၀ အားပိတ်ပင်ဟန့်တား

ထိုင်းနိုင်ငံတပ်ဖွဲ့က ထိုင်းဘုရင်မင်းမြတ်ကို စော်ကားမော်ကားပြုသော ၀က်ဘ်ဆိုက် ၁၅၀၀အား ပိတ်ပင်မှုပြုခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသည် အစိုးရက ဘုရင် ဘူမိဘောလ်နှင့်မိသားစုအား ကာကွယ်သည့် တင်းကျပ်သောဥပဒေအရ ၀က်ဘ်ဆိုက် ၂၃၀၀ကို ကာကွယ်တားဆီးခဲ့သည်ဟူ၍ ပြောကြားခဲ့ပြီးနောက် ထိုကဲ့သို့ ရဲတပ်ဖွဲ့က ထပ်မံ ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုသို့ တော်ဝင်မိသားစုကို စော်ကားမော်ကားပြုသော ၀က်ဘ်ဆိုက် များအား တွေ့ရှိ ပြီးနောက် ဗန်ကောက်မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Suchart Mueankaoe က ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုသည် ပြစ်မှုနှိမ်နှင်းရေးရဲတပ်ဖွဲ့အား ထိုသို့ ၀က်ဘ်ဆိုက်ပေါ်မှ စော်ကားသူတို့အား ထိရောက်စွာ ဖမ်းဆီးနှိမ်နှင်းရန် ညွှန်ကြားထား ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ တော်ဝင်မိသားစုကို ကာကွယ်သည့်ဥပဒေအရ ဘုရင် မင်းမြတ်နှင့် မိသားစုအား စော်ကားခြင်း သို့မဟုတ် အသရေဖျက်ခြင်းပြုပါက ထောင်ဒဏ် ၁၅နှစ် ကျခံရမည်ဟုဆိုသည်။ ထိုသို့ သင့်လျော်မှုမရှိသောဝက်ဘ်ဆိုက်များကို တားဆီးရန် အတွက် ဒဏ်ငွေ ၄၅သန်းခန့် သုံးစွဲခဲ့ရသည်ဟု ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ပြောကြားခဲ့သည်။ ၂၀၀၇ခုနှစ်က လူကြိုက်များလှသည့် You Tube ၀က်ဘ်ဆိုက်တွင် ဘုရင်ဘူမိဘော်လ်အား ပြက်ရယ်ပြုနေပုံပေါ်လာပြီးနောက် ထိုကဲ့သို့ ပိတ်ပင်ဟန့်တားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ [Ref:AFP]/KH

[ဟိုသတင်း ဒီသတင်းတွေမဖတ်ဖြစ်တာကြာပါပြီ။ ။ ထိုင်း ဘုရင် သတင်းဖတ်ပြီး သြော်..၁၅နှစ် ပဲကိုးလို့ ..။
ဘုရှ် ကို နှုတ်ဆက်ဖိနပ်အနမ်း ပေးတဲ့ အီရတ်ကတစ်ယောက်က ဆွစ်ဇာလန်ကို နိုင်ငံရေးခိုလှုံခွင့်တောင်းမလို့ဆိုပဲ ..။ ကောင်းပါလေ့ ..။
စိတ်ညစ်စရာတွေ မဖတ်ချင်တော့ဘူး ။ ရဲတိုက် ကိုဗျုးတာပဲ သိမ်းလိုက်ဦးမယ်။ သူနာမည်ကြီးလာရင် အင်တာဗျူး စာသားတွေ လေလံပစ်မလို့လေ..
အဟက်က်..။
သူ့ပုံကြည့်ပြီး (အရင်တုန်းကကြိုက်တဲ့) ဂျပန်မင်းသားတစ်ယောက်နဲ့ ဆင်သလားလို့..။
အန်..ကုလားဆင် နဲ့ ဂျပန် ဘယ်လိုတူသလဲ မမေးနဲ့ ..တိဘူးရယ်..။အဲ့ ဂျပန်မင်းသားပါတဲ့ ကားတွေ ကြည့်တိုင်း သူ့ ပဲ မြင်တာမို့ ။
ရဲတိုက်ကို ကြိုက်တယ်လို့လည်းမဟုတ်ဘူး။။ သရုပ်ဆောင် တာ နောက်ပေါက်ထဲမှာ မဆိုးဘူးလို့ မှတ်ယူမိပါတယ်။ ]

အနုပညာလောကထဲကို ၂၀၀၅ခုနှစ်မှာ စတင်ရောက်ရှိခဲ့ပြီး မိုးဟေကိုပြန်ဝင်စားတဲ့ လူဝင်စား နေရာက သရုပ်ဆောင်ခဲ့တဲ့ အမျှင်ဆိုတဲ့ဇာတ်ကားလေးမှာ တမူထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ် လက်ခံလာခဲ့တဲ့ ရဲတိုက်နဲ့ သူ့အနုပညာခရီးလမ်းကို ဘယ်လိုလျှောက်လှမ်းသလဲဆိုတာ . . .
အမျှင်ဇာတ်ကားလေးနဲ့ ပရိသတ်ကြိုက်လောက်အောင်၊ လက်ခံလောက်အောင် ဘယ်လိုမျိုး ကြိုးစားပြီးသရုပ်ဆောင်ခဲ့ရလဲ။
ကျွန်တော်ကံကောင်းတယ်လို့ ပြောလို့ရတယ်။ အမျှင်ကားမှာပါတဲ့ ကာရိုက် တာက မြန်မာဗီဒီယိုကားတွေ အများကြီးရှိတဲ့အထဲမှာ အဲဒီလိုကာရိုက်တာမျိုး မရှိဘူး။ နောက်ပြီးတော့ သရုပ်ဆောင်ရတဲ့အခါမှာလည်း ထူးခြားတယ်။ လုပ်ရတဲ့ အိုက်တင်တွေကလည်း ထူးခြားတယ်။ အဲဒီအတွက် ပရိသတ်က ထူးခြားပြီး အရသာသစ်တစ်ခုရပြီး ကျွန်တော်ကို လက်ခံသွားတယ်လို့ ထင်ပါတယ်။
ဒီဇာတ်ကားမှာ မိုးဟေကိုနဲ့ ကိုရဲတိုက်ကို တူတယ်ဆိုပြီး ရွေးချယ်ရိုက်ကူးတယ် လို့ ပြောလို့ရလား။
ဒီလိုလည်း ပြောလို့ရတယ်။ အဓိကတော့ ဇာတ်ကို ကျွန်တော်နဲ့လိုက်တယ် ထင်ပြီး ဒါရိုက်တာက ရွေးတာပါ။
ကိုရဲတိုက်က သရုပ်ဆောင်တဲ့အခါ မျက်လုံးကိုအဓိကထားပြီး သရုပ်ဆောင်လား။
မဟုတ်ပါဘူး။ ကျွန်တော်က အပြင်ပန်းက ခန္ဓာကိုယ်အစိတ်အပိုင်းထက် စိတ်ကိုပဲ အလေးထားတာပါ။
ကိုရဲတိုက်က ဒရာမာနဲ့ဟာသ ဘယ်ဟာကို ပိုကြိုက်လဲ။
ပိုကြိုက်တာမရှိပါဘူး။ သရုပ်ဆောင်နေရရင်ကိုပဲ ကျေနပ်တယ်။ သရုပ် ဆောင်အလုပ်တွေကို အရင်ကတည်းက ရူးသွပ်ခဲ့တာ။ အနုပညာက ကိုယ့်ရဲ့ ဘ၀မှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါတယ်။ ကျွန်တော် အနုပညာ အလုပ်ကိုမှ မလုပ်ရရင် ဘ၀မှာ အနေမပျော်ဘူးလို့ပဲ စိတ်ထဲမှာ ခံယူထားတယ်။
ရိုက်ထားတဲ့ဇာတ်ကားတွေက ၁၃ကားရှိခဲ့ပြီဆိုတော့ ကိုယ့်သရုပ်ဆောင်ချက် တွေကို ပြန်ကြည့်ရင် လိုအပ်နေတယ်လို့ထင်လား။
ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားပြီးလုပ်ခဲ့တာပဲ။ ရိုက်ခဲ့တဲ့ ကားအားလုံးကို ပြန်ကြည့်ရင် ကျေနပ်ပါတယ်။
အခုဆိုရင် သရုပ်ဆောင်အများစုက သီချင်းဆိုလာကြတာ တွေ့ရတယ်။ ကိုရဲတိုက်ရော သီချင်းဆိုဖို့ အစီအစဉ်တွေရှိလား။
ယခုလောလောဆယ်တော့ မရှိသေးပါဘူး။ အဆိုတော့ ၀ါသနာပါပါ တယ်။ ကိုယ့်အတွက်လို့ ပြောလို့ရလောက်အောင် ဖြစ်လာတယ်ဆိုရင်တော့ ဆိုဖြစ်မယ်ထင်ပါတယ်။ အခုက သရုပ်ဆောင်ဘက်မှာ ကျွန်တော် တော်တော် ကြိုးစားရဦးမှာဆိုတော့ ဒီဘက်မှာပဲ အားစိုက်ပြီး လုပ်ချင်သေးတယ်။
ကိုရဲတိုက်ရဲ့ပရိသတ်ကို စကားနည်းနည်းပြောပေးပါဦး။
ပရိသတ်ကြီးကို ဒီ ၂၀၀၉ခုနှစ်မှာ ကျွန်တော်ရိုက်ခဲ့တဲ့ကားတွေ တစ်ကား ပြီးတစ်ကား ထွက်လာပါလိမ့်မယ်။ ကျွန်တော်ရဲ့သရုပ်ဆောင်မှုတွေ၊ အရည် အသွေးတွေကို ပရိသတ်ရဲ့အမြင်အာရုံလိုအပ်ချက်လေးတွေကို ပြန်ကြားချင် ပါတယ်။
အခု ကိုရဲတိုက်ရဲ့အနုပညာလှုပ်ရှားမှုက . . .
ကျွန်တော်ကိုမင်းလွင်ကိုရိုက်တဲ့ တိမ်တွေသွားတဲ့လမ်းဆိုတဲ့ဇာတ်ကား ရိုက်နေပါတယ်။ မပြီးသေးဘူးဗျ။ ထွန်းအိန္ဒြာဗို၊ မေသင်ဇာဦး၊ မေ၊ ကျွန်တော် ပေါ့ ဒီဇာတ်ကားက ကျွန်တော် အထက်တန်းရှေ့နေတစ်ဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

[၂၀၀၉ အတွက် စံဇာဏီဘို ၇ ရက်သားသမီးဗေဒင်တွေ့လို့ တင်လိုက်ပါတယ်။ မှန် မမှန်ကတော့ ၂၀၀၉ကုန်မှ သိပေမပေါ့နော်။ ဘာပဲဖြစ်ဖြစ် မိမိကိုယ်သာကိုးကွယ်ရာပါ။ နှစ်ကူးကာစဆိုတော့ ဟိုနေရာ ဒီနေရာ က ဗေဒင် လေးတွေဖတ်ရတာ ပျော်စရာကောင်းပါတယ် ။]



ဖော်ပြပါ ဟိုဟိုဒီဒီများကို ရန်ကုန်မီဒီယာ (Flower news) နဲ့ lifestyle မဂ္ဂဇင်း မှ ဖတ် ယူပါတယ်။
ချမ်းမြေ့  ကြပါစေ .. ။

Comments