အင်တာဗျုး

့ပြဿနာတစ်ခုဖြစ်လာရင် ရင်ဆိုင်လို့ ရမယ့် ပြဿနာ ဆိုရင် ရင်ဆိုင်လိုက်တယ်။ ရင်ဆိုင်လို့ မရဘူး လွန်ပြီးသွားပြီ ဆိုရင်တော့ ယူကျုံးမရ ဖြစ်နေလို့မရဘူးလေ။ ဒါကို ကိုယ့်ဦးဏှောက်ထဲက ထုတ်နိုင်သလောက် ထုတ်ပေါ့နော်။ နောက်တစ်ခါ မဖြစ်အောင် ကြိုးစားပြီး ပြင်မယ် ဆိုရင် ပြီးတာပါပဲ။ လူတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အမှားကို သိသွားရင် ပြင်လို့ရပါတယ်။ ကိုယ်မှားခဲ့တဲ့ အမှားကြောင့်တော့ ဘယ်သူ့ကို မှ နောက်တမရစေချင်ဘူး။
ဘဝဆိုတာ အရမ်းတိုတဲ့ အတွက် ရထားတဲ့ အချိန်လေးအတွင်းမှာ အကောင်းဆုံးတည်ဆောက်သင့်ပါတယ်။ ညီမရဲ့  ဆောင်ပုဒ်က ပျော်ပျော်နေခွင့်ရချင်တယ်။ သူများကိုလည်း ပျော်အောင်လုပ်ပေးချင်တယ် ဒါပါပဲ။ စိတ်ဆင်းရဲစရာ စိတ်ညစ်စရာတွေ ခေါင်းထဲကို အဝင်မခံနိုင်ဘူး။ မေ့ပစ်နိုင်အောင် ကြိုးစားတယ်။
တကယ်တော့ မေလေးက အရမ်းခံစားတတ်သူပါ။ စိတ်နုလွန်း၊ ခံစားတတ်လွန်းလို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့စိတ်ကိုလေ့ကျင့်ယူထားရတာပါ။ တစ်စုံတစ်ခုအပေါ်မှာ အရမ်း အလေးအနက်ထားတယ်။ သနားတတ်တယ်။ serious ထားတယ်။ အဲ့ဒီစိတ်ထားတွေ အားလုံးက မေလေးရဲ့  အားနည်းချက် လို့ ပြောရင် ရပါတယ်။ ကိုယ့်အားနည်းချက်ကို ကောင်းတဲ့ နည်းနဲ့ ပြုပြင်ဖို့ ကြိုးစားတာပါ။ ဘာမဆို မေ့ပစ်လိုက်တတ်တာက မေလေးရဲ့ခံစားမှု အစစ် မဟုတ်ပါဘူး။ အကြောင်းကိစ္စ တစ်ခုကြောင့်ကိုယ့်ဘဝကြီး နစ်နာသွားမှာစိုးရိမ်တဲ့ အတွက် ကိုယ့်စိတ်ကိုကျင့်ထားတာပါ။
လူတစ်ယောက်ပဲဖြစ်ဖြစ် အရာဝတ္ထု တစ်ခုပဲဖြစ်ဖြစ် မေလေးက အရမ်းတန်ဖိုးထားပါတယ်။ ပစ္စည်းဥစ္စာ အပေါ် စွဲလမ်းစိတ် မရှိပေမဲ့ အဲဒီ ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေကိုတော့ အရမ်းတန်ဖိုးထားမိပါတယ်။ ငယ်ငယ်ကလေး ဘဝ ကတည်းက ကိုယ်ကြိုက်တဲ့ ပစ္စည်းလေးတစ်ခုကို နှစ်ပေါင်းများစွာကြာတဲ့ အထိ အမြတ်တနိုး သိမ်းထားတတ်ပါတယ်။

၂၀၀၉ မတ် အပျိုစင် မဂ္ဂဇင်း - ဇင်ဇင်ဇော်မြင့် အင်တာဗျုး

===============


Comments