မယဉ်ကျေးသောအပြုအမူများး

ပွဲသွားပွဲလာ
Dinner ဒါမှမဟုတ် party တွေအတွက် အဖိတ်ခံရရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့..။ ဖိတ်စာနဲ့ပဲဖိတ်ဖိတ်၊ အီးမေးလ်၊ smsနဲ့ပဲဖိတ်ဖိတ်၊ ပွဲတစ်ခုလုပ်ဖို့ စီစဉ်ရတာ ပင်ပန်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီ့အတွက် သင်လာ မလာ ကို အကြောင်းပြန်ဖို့ မမေ့လျော့ပါစေနဲ့။

ညစာစားကြတော့
တစ်ခါတလေ dinner လူလေးယောက်နဲ့ အထက် သွားစားတဲ့အခါမှာ နောက်ဆုံးပိုက်ဆံရှင်းရင် အလုပ်ရှုပ်စေတတ်ပါတယ်။ပိုက်ဆံခွဲရှင်းမယ်ဆိုလည်း ပျှမ်းမျှကို ခပ်သွက်သွက်တွက်ချက်ပြီး ရှင်းလိုက်ပါ။ ပိုက်ဆံခွဲဖို့အတွက် မိနစ် ၂၀လောက်အချိန်ယူနေတဲ့သူတစ်ယောက်ကြောင့် ပျော်ရွင်နေတဲ့စိတ်ဥတုလေးတွေကို မပျက်စီးစေပါနဲ့။

တန်းစီရာမှာ
စာတိုက်မှာဖြစ်ဖြစ် ဈေးဆိုင်မှာဖြစ်ဖြစ် Queue စီကြရတာ နေရာတိုင်းမှာပါပဲ။ ပေါင်မုန့်တစ်လုံးဝယ်ဖို့ အတွက် မိနစ်အနည်းငယ် တန်းစီရမှာ စိတ်မရှည်တဲ့သူဆိုရင်တော့ တခြားအချိန်မှသာ စောင့်ဝယ်ပါတော့။နောက်တစ်ခုကတော့ စိတ်မရှည်တဲ့ပုံကို ဖော်ဆောင်တဲ့ ရှေ့ ကတစ်ယောက်နား အတင်းကပ်စီတာမျိုးကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရှေ့ကစီနေတဲ့သူက သင့်အသက်ရှူသံကို ကြားနေရမတတ် ထိကပ်နေတဲ့ အကွာအဝေးမျိုးပေါ့။ လူတိုင်းရဲ့  အချိန်တစ်ခုစီဟာ တန်ဖိုးရှိတဲ့အတွက် Queue ဖြတ်တာမျိုးကိုလည်း မလုပ်မိပါနဲ့။

ငါ ငါ ငါ
သူတစ်ပါးရဲ့  ပျော်စရာတွေ၊ ရယ်စရာတွေ ၊ အံ့သြစရာတွေ နားထောင်ရတာ ကြားရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အလုပ်က အကြောင်း၊ သမီးရည်းစားကိစ္စ၊ အားလပ်ရက်ခရီးတွေ အကြောင်း...စသဖြင့်ပေါ့။ ဒါပေမယ့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်ရဲ့  ပျော်စရာအတိပြည့်နှက်နေတဲ့ ဘဝ အကြောင်းကို တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် မရပ်မနား နားထောင်ခဲ့ရပြီးပြီဆိုရင်တော့...အင်င်င်းးး အဲ့ဒီတော့ အခုမင်းကဘာဖြစ်နေတာပါလိမ့် ဆိုတာမျိုး မေးဖို့ဝန်လေးမနေပါနဲ့။ သူတို့အကြောင်းကို လျှောက်ပြောနေပြီး သင့်ကိစ္စအကြောင်းအရာဘက်ကို စကားမစတဲ့သူမျိုးဟာ ရိုင်းပျသူတွေသာဖြစ်တဲ့ အတွက် အားနားနေဖို့ မလိုအပ်ပါဘူး။

ကလေးအထုပ်
လူကြားသူကြားထဲမှာ ကလေး xx အသုံးချပြီးတဲ့xx diaper လဲလှယ်ပေးတာဟာလည်း စိတ်ညည်းငြူစရာကောင်းတဲ့ အပြုအမူပါပဲ တဲ့။အသစ်ကိုလဲတာပဲ ဖြစ်ဖြစ် တကယ်ကြီးကို လိုအပ်မှသာ အလဲအလှယ်ပြုသင့်ပါသတဲ့။

မိုဘိုင်းလ်ရောဂါ
ခေတ်အခါ အရ Mobile ဖုန်း တွေ နေရာတကာမှာ သုံးကြတာပါပဲ ။ သွားရင်းလာရင်းနဲ့ သူငယ်ချင်းကိုမနေ့က hot date အကြောင်းပြောနေတာ ဘာညာကို ကိုယ်ကကြားနေရတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။Mobile ဖုန်းတွေက အဓိကကျ တာ အမှန်ပါပဲ။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်အချိန် မှာ ဘာကိစ္စ ဆိုတာမျိုးတွေကိုမေးခွန်းလေးမေးပြီး ကိုယ့်ဘာသာ ကန့်သတ်ထားနိုင်ရင် ကောင်းပါလိမ့်မယ်။ ကိုယ်မသိတဲ့သူတွေ ကြားမှာ "TMI" tickets (Too Much Information) တွေ သိပ်မပေးချင်ပါနဲ့။

ဆေးလိပ်မီးခိုးတွေ
လမ်းသွားရင်းဆေးလိပ်သောက်ရင် အနီးအနားမှာ ကလေးသူငယ်တွေ ရှိသလား၊ သူများမျက်နှာနား အခိုးတွေ မှုတ်ထုတ်မိမလား ဆင်ခြင်သင့်ပါတယ်။ ဆေးလိပ်ပြာနဲ့ ဆေးလိပ်လွှင့်ပစ်တာမျိုးကို သတိထားရမှာလည်း အရေးကြီးပါတယ်။ဆေးလိပ်မီးကို ငြိမ်းသတ်ရမယ့် နေရာဟာ အလှအပဆင်ထားတဲ့ တိုက်နံရံ တို့ ၊ Public အတွက် နားနားနေနေလုပ်ဖို့ ထားထာတဲ့ ခုံတန်းလိုမျိုးတွေ မဖြစ်သင့်ပါ။
ပြီးပြီးပြေးပြေး
Public bathrooms တွေက လူတိုင်းအသုံးပြုကြပါတယ်။ကိစ္စပြီးရင် toilet seat ကို သန့်ရှင်းပေးထားခဲ့ဖို့ မမေ့ပါနဲ့။ နောက်တစ်ယောက်အတွက် ကိုယ့်ရဲ့အညစ်အပတ်ကို ချန်ခဲ့တာ အတော်ကို လက်မခံချင်စရာကောင်းတဲ့ အပြုအမူတစ်ခုပါပဲ။
အတိုအလျှိုလေး
parking spot ခိုးတာမျိုးပေါ့။မီးနီးလေ မှိတ်တုတ်ပြပြီး နေရာဦးနေရင် သူတို့ spot ပါ။သူများတွေကို ကိုယ့်ကို အပြုခံချင်တဲ့ ပုံစံအတိုင်းဆက်ဆံပါ။

ဗိုက်သားဝင်းဝင်းလေး
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ..ငယ်တော့တဲ့ အရွယ်မဟုတ်တော့ရင်၊ ရေကန်၊ beach မှာ မဟုတ်ရင် ဗိုက်သားဖော်တာမျိုး မလုပ်ပါနဲ့။ှဗိုက်သားဝင်းဝင်းချပ်ချပ်ကလေး ဘယ်လောက်ပဲလှလှ တစ်ခါတစ်လေ သူတို့ကလည်း အရုပ်ဆိုးစေတတ်ပါတယ်။ခေတ်ဖက်ရှင်အလိုက်ပေမယ့် သင့်ရဲ့  ဗိုက်သားဝင်းဝင်းလေးမှာ "Teen" ဆိုတဲ့ စာသားလေးကပ် မထားရင် အရုပ်ဆိုးသွားပါလိမ့်မယ်။ဗိုက်သားဖော်ပြီး သူများကို ရှဲ စရာမလိုပဲ အလှပြတဲ့တခြားနည်းတွေ အများကြီး ရှိပါတယ်တဲ့ရှင်။

ထွီ...
အတော်မသတီစရာကောင်းတဲ့ လုပ်ရပ်ပါပဲ။ လူတစ်ချို့ အထူးသဖြင့် ယောက်ျားလေတချို့  ဟာတံတွေးထွေးတာမျိုးကို စတိုင်လ်ကျကျလုပ်တတ်ပါတယ်။ သင့်ရဲ့  အညစ်အကျေးကို ဘယ်တစ်ဦးတစ်ယောက်ကမှမမြင်ချင်ပါဘူး။ အကျင့်ရှိရင် တစ်ရှုးလေးဆောင်ထားပြီး သုံးပါ။
တီတီဂြီဂြီ
ပြဿနာတစ်ခုခုဖြစ်လို့ ဟွန်းတီးတာမျိုးက လွဲလို့ မလုပ်သင့်ပါဘူး။ သူတို့ စိတ်ထဲမှာ ဖြစ်တာကို ဖော်ပြဖို့အတွက်နဲ့ တင်ဟွန်းတီးတာမျိုးက စိတ်ညစ်စရာကောင်းတဲ့ အလေ့အထပါပဲ။

The Worst (And Most Common) Etiquette Mistakes ကို နားလည်သလို ဘာသာပြန်လိုက်ပါတယ်။

Comments