....31st jan To 6th Feb....

ခုတလော..ဘာဖြစ်နေမှန်းမသိဘူး၊ ဘာမှကို မလုပ်ဖြစ်ပါဘူး။
အားတာနဲ့ ရုပ်မြင်သံကြားက MTV ထိုင်ကြည့် သီချင်းနားထောင်၊ ကိုရီးယား ဂျပန်ဒရမ်မာ တွေကြည့်..

သတင်းလည်းမကြည့် ၊ အင်တာနက်လည်း မတက်ချင် ကွန်ပြူတာဖွင့် လျှပ်စီးစာစစ်ပြီး၊ facebook က အကောင်လေးနဲ့ ကစား ..ဒါပဲ.။ ကမ္ဘာတစ်ဝှမ်းမှာ ဘာဖြစ်နေသလဲလည်း မသိဘူး။ ပျင်း ပျင်း..ပျင်းကာနေ၏။
people မဂ္ဂဇင်းအသစ်တင်ထားတာတောင် Installment နဲ့ ဖတ်နေတယ်။ ပြီးရော..။ စိတ်ညစ်တယ်.ဒီလိုစိတ်အခြေအနေကြီးကို မကြိုက်ဘူး ။ ဘာမှန်းကိုမသိဘူး။ ကိုယ့်ကိုယ့်ကိုယ်ကို အမြင်ကတ်လာပြီ။ ၂၀၀၉ ထဲရောက်မှ ထူးထူးခြားခြားသေးသေးမွှားမွှား ဆိုလို့ လိုတရနေတယ်။ လိုတရတယ်ဆိုတာလည်း ဆန္ဒပေါက်စလေးတွေ ပြည့်နေတာ ပြောပါတယ်။ အဟ..။ အင်္ကျီတစ်ထည်ကြောင့် fancy ဆွဲကြိုးဝယ်ဖို့ကို မဝယ်တတ်တာရယ်၊ ရွေးနေတာရယ်နဲ့ မဝယ်ရသေးတာ.. သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးတယ်..လိုချင်တဲ့ အပြာရောင်လေး တိုက်တိုက်ဆိုင်ဆိုင်..။ ကိုယ်က fancy ဆို အလာဂျီဖြစ်လို့ မဝတ် ၊မဝယ်တာ သူလည်းသိသားနဲ့။ ဘာစိတ်ကူးပေါက်သလဲ မသိ၊ ဘာပဲဖြစ်ဖြစ် တစ်ခါပဲ ဝတ်ဖို့အတွက်မို့ ပိုက်ပိုက်ကုန်သင့်မကုန်သင့် စဉ်းစားနေတာ..အဆင်ပြေသွားတယ်။

ကိုယ်ကပျင်းနေတော့ အိမ်က ကြောင်လေးတွေပါ ပျင်းနေမှာစိုးလို့ သူတို့အတွက် ဆော့စရာ အသစ် နှစ်ခု ဝယ်လာပေးခဲ့တယ်။

ငါးလေးက သေးတော့ သိပ်မဆော့ဘူး၊ မျက်စိအောင်တင် ပျောက်နေတယ် ထင်တယ်။ သူတို့ စိတ်ဝင်စားအောင် လှုပ်ခတ်ပြရင်း ဒီငါးက ငါဆော့ဖို့လား၊နင်တို့ဆော့ဖို့လား ပြန်မေးနေရတယ်။ အဲ့ဒေါ့....ဒီငါးက ကြောင်တွေ အတွက် ၁ကျပ်ဖိုးလောက်ပဲ တန်တော့တယ်။ မှတ်...၊ နောက်ဆို သေးသေးကွေးကွေးမဝယ်မိစေနဲ့.....။ ကြွက်ကျတော့ ဆော့တော့ဆော့ပါရဲ့  ..ကြွက်ကိုကိုက်ရင်း နောက်ဆုံး သူတို့ တကယ်စိတ်ဝင်တစား ဖြစ်တာကတော့ လူကိုင်ဆော့ပေးရတဲ့ကြိုးနေရာကို ဖြစ်နေတယ်။ ကြွက်ကလေးကို သူတို့ရှေ့ မှာ လှုပ်ပြလိုက် သူတို့က ကြိုးကိုခုန်အုပ်လိုက်နဲ့..။ဟုတ်နေတာပဲ..။ ကြွက်..ကြွက်....ကြွက် မလည်း အိမ်ကကြောင်တွေဆီ ရောက်မှ ကြွက်ရာမဝင် ဖြစ်တော့တာပဲ..။ ဝယ်ပေးရကျိုးနပ်အောင် ဆော့ရင်း ဆော့ရင်း..လူ့ လက်လည်း သူတို့ခြစ်ရာ ကုတ်ရာချည့်ပဲ..။ အဲ့ ကြောင်ကစားစရာ ထုတ်တဲ့ ကုမ္ပဏီ ကို အကြံပေးဦးမှ ထင်ပါရဲ့ ။ အင်င်းးးကိုယ်တိုင် အဲ့လို နေရာမျိုးမှာ အလုပ်လုပ်ရရင် ပျော်စရာကောင်းမယ် ငြီးကို ငြီးငွေ့မှာ မဟုတ်ဘူးရယ်။ သူတို့ဘာ ကြိုက်တတ်လဲ ဆော့တတ်လဲ စဉ်းစားနေရတာနဲ့ ။ တော်ကာမှပါလေ...အလုပ်မရှိ ကြောင်ရေချိုး ကနေ နောက်တစ်မျိုး စကားပုံတစ်ခု ထွက်လာနေဦးမယ်..။ အမှန်တော့ ကြောင်စားစရာ နဲ့ ကစားစရာတွေ ဟာ ရေးမလို့....။

ကျန်တာတွေ ကတော့ .. ဆက်ရေးဖို့ ပျင်းသွားပြန်ပြီ..။
ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ... ခပ်ပါးပါး မြေခွေး ပဲ ပြန်ဖတ်လိုက်ဦးမယ်။ ရင်မှာခွေနေတဲ့မြေခွေး စာအုပ်ထဲ မှာ မောင်ဝဏ္ဏ ရေးထားတာ အချစ်စာ၊အလွမ်းစာတွေ အများကြီးပါတယ်။ ရှေးတုန်းက စာပိုဒ်၊ရတု၊ကဗျာတွေ..။ တော်လိုက်တာ..အဲ့ဒါတွေ အခုအရွယ်အထိ မှတ်မိနေတယ်။ စာအုပ် စာအုပ်...လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကြည်အေး ရဲ့  စိုးနဲ့ ခိုင်” ဖတ်ပြီး -တွေဝေခံစားသွားပြီးကတည်းက ဘာမှ ဆက်မဖတ်ဖြစ်တော့တာ။ ကြည်အေး စာအုပ်တွေဖတ်ရင် အဲ့လိုပဲ ဇာတ်ကောင်အမျိုးသမီးတွေနောက် ကိုယ်ပါ ပါ ပါ သွားတယ်။ ဘာလို့လည်း မသိဘူး၊ ဖတ်ပြီး ခိုင့် ကိုအားမလို အားမရတွေဖြစ်လိုက် ၊ စိုး ကို သနားလိုက်နဲ့..။ ခင်နှင်းယု ဇာတ်ဆောင်တွေနဲ့ အဲ့တာကွာတယ်. ခင်နှင်းယုဇာတ်ဆောင်တွေက လူကို အားတက်သဘောတကျ ဖြစ်စေတယ်။ အခု ခိုင် ကျ အပြင်စိတ်ထဲထိ စွဲပါလာတယ်..။ (စာရေးသူတွေ ၊ အနုပညာရှင်တွေကို ဦး ၊ ဒေါ် တပ်မခေါ်သင့်တယ် ထင်ပေမယ့် ဒီအတိုင်းခေါ်(ရေး)လိုက်ရတာကို ပိုနှစ်လိုအားရနေတုန်းပဲ)

Comments