တစိမ့်စိမ့်တွေးမယ်

*******************
ကိုယ်က တစ်ခုခုကိုလိုချင်လို့ ရအောင်လုပ်တဲ့ အခါမှာ သူ့ဖို့ ကိုယ့်ဖို့ ထည့်တွက်တတ်တဲ့ ကိုယ်ချင်းစာတရားဟာ လူ့သဘာဝပဲ။ ကိုယ်ချင်းစာတရား မပါပဲ နဲ့ လောဘကြီးကြီးနဲ့ ငါရဖို့ချည်းပဲ၊ ငါ ရရင်ပြီးရော၊ သူများ ဘယ်လိုထိခိုက် ထိခိုက် ကိစ္စမရှိ ဘူး ။ ဂရုမစိုက်ဘူး ဆိုရင်တော့ လူ့ခန္ဓာကိုယ် ပုံသဏ္ဍာန် အသွင် ရှိပေမယ့် လူစကားပြောနေပေမယ့် လူစိတ်မရှိဘူးလို့ ပြောရမှာပဲနော်။
*******************
ကိုယ်ချင်းစာနာစိတ်တစ်ခု ကို လက်ကိုင်ထားရင်ကိုပဲ အင်မတန် မြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ
*******************

ဘာကို ကြောက်လို့ လိမ်နေတာလဲ

*******************

လူ့လောကကြီးက ကိုယ့်တစ်ယောက်ထဲ အတွက် စိတ်တိုင်းကျ ဖန်တီးထားတာ မဟုတ်ဘူး

*******************

ပြင်ပလောကမှာ မတည်ငြိမ်မှု များလေလေ အတွင်းလောကဖြစ်တဲ့ ကိုယ့်စိတ်က တည်ငြိမ်မှုရှိဖို့ အရေးကြီးလေလေပဲ။

*******************

ငွေရှာနိုင်တာ တစ်ခုထဲနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာရင် စီးပွားရေးကျတာနဲ့ စိတ်ဓာတ်ကျတာဟာ ကိုယ့်အတွက် ထပ်တူလို ဖြစ်နေမယ်

*******************

ကိုယ့်ကို လူတွေက လေးစားတာ၊ တန်ဖိုးထားတာကို လိုချင်လို့၊ ကိုယ့်ကို စိတ်ကောင်းရှိတယ်လို့ လူတွေထင်စေချင်လို့ လူတွေကို ကူညီမယ် ဆိုရင် တော့ စိတ်ဆင်းရဲရလိမ့်မယ်။

*******************
ဘီလူးကိုနိုင်အောင်တိုက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဘီလူးဖြစ်မသွားအောင် သတိထားဖို့လိုမယ်
*******************
ပြဿနာတစ်ခု ကို reasonable ဖြစ်တဲ့ အမြင်ရှိမှပဲ ဖြေရှင်းလို့ရတယ် unreasonable ဖြစ်နေရင် အဖြေမရှိဘူး

*******************
ငါနဲ့တွေ့တဲ့သူတိုင်းဆီက ပညာယူစရာတွေ ရှိတယ်။ ငါယူတတ်ရင် ရမယ်။
*******************
ဆရာတော်ဦးဇောတိက - တစိမ့်စိမ့်တွေးမယ် မှ ကောက်နုတ်သည်

Comments