ကြည့်ဖြစ်သော ကိုရီးယားကားများ

Queen In Hyun' Man
ဇာတ်လမ်းက တော့ အဲ့လောက်မကောင်းဘူး၊ တစ်ချို့ က တော့ ခေတ်ကို ဟို ဒီ ကူးနေလို့ မကြိုက်လှဘူး ပြောကြတယ်။
အဲ့ဒီ မင်းသမီးလေးကို ချစ်လို့ သေချာကြည့်ဖြစ်တယ်။ အသက် က ၃၁ တဲ့။ လုံးဝမထင်ရဘူး။ သူက Secret Garden  မှာ ကတည်းက လူကြိုက်များလာတာ ။ အဲ့ကားပြီးတော့ သူတို့ နှစ်ယောက်လည်း ချစ်သူဖြစ်သွားကြတယ် ပြောတယ်။( တကယ်ကိုလား ၊ Promotion  အတွက်လားမသိ။ အင်င်းးးးးကိုယ်သာ မင်းသားဆိုလည်း သူ့ကို ကြိုက်သွားမှာသေချာတယ်။ သိပ်ချစ်စရာကောင်းတယ်။) သေချာတာတော့ ၂၀၁၂ ထဲမှာ Romantic အဖြစ်ဆုံး drama တွေထဲ သူပါတယ် ( YG artist တွေက ထူးချွန်ကြတယ်။ YG Boss ကိုက အမြင်ရှိပြီး IQ EQ ကောင်းဟန်တူတယ် )

Big
ကော်ဖီချစ်သူ ထဲက မင်းသား၊ စစ်ထဲက ထွက်ပြီးကာစ မှာ ရိုက်ထားတဲ့ဟာာ..။ အီဗြောင်ဟွန်း ရဲ့  ချစ်သူ မင်းသမီးလည်း  ပါတယ်။ Miss A ထဲ Suzy ကဒီကားကနေ Fame  ပိုရလာတယ် ပြောတယ်။ ဂေါင်းယူး သရုပ်ဆောင်တာ ကောင်းတယ် ။ ၁၈ နှစ်သား soul က သူ့ body  ထဲ ၀င်သွားတာက စတာပဲ။ ရယ်လည်းရယ်ရတယ်။ နောက်ပိုင်းကျ တော့လည်း  heavy ဖြစ်လာတော့ ကောင်းပါတယ်။ တစ်ချို့ က တော့ ဇာတ်သိမ်း မကြိုက်ကြဘူး ပြောတယ် ( ဇာတ်သိမ်း က အားရဖွယ် မဖြစ်ဆုံး ၃ ကား ထဲ မှာ ဒီကားလည်း ပါတယ် ၊ ကျွန်မတော့ ပြီးအောင် မကြည့်ရသေးတော့ မပြောတတ်...^^)
My husband Got a family
ဒီကားကတော့ KBS က Queen Of ....တွေ ထဲက သရုပ်ဆောင်တွေပဲ။ ကင်မ် နမ် ဂျူး  သရုပ်ဆောင်တာကတော့ ကောင်းပြီးသားပဲ။ ဒီကားထဲက သူ့ ကိုင်တဲ့ အိတ်တွေ အ၀တ်အစား ဒီဇိုင်း တွေက လူကြိုက်များတယ် ပြောတယ်။ ဇာတ်လမ်းကတော့  In-Law  တွေ နဲ့ ဆက်ဆံရမှာမျိုးကို ကြောက်လို့ တစ်ကောင်ကြွက်  ရှာ ယူထားကာမှ တကယ့် မိဘ အစစ်တွေ ၊ မောင်နှမ တွေ တလှေကြီး ပေါ်လာတဲ့ ဇာတ်လမ်း ။ရယ်လည်း ရယ်ရတယ်။ ဇာတ်အိမ်ကြီးကြီး  နှစ်သက်တဲ့ သူတွေ အကြိုက်တွေ့မယ့် ကား ပဲ။ အဲ့ ကားထဲမှာ မင်းသမီး မောင်လေး လုပ်တဲ့ CNBLue  က Drummer  ကောင်လေးက ချစ်ဖို့ကောင်းတယ်။ ဇာတ်အိမ် ခပ်ကြီးကြီးတွေ ဆိုသိပ်စိတ်မရှည်လို့ မကြည့်တတ်ပေမယ့် သူ့ ကြောင့် ဆက်ကြည့်ဖြစ်နေသေးတယ်။

Comments