အကြွေးတွေ

အင်င်င်းးးအသံကြားရုံနဲ့ လန့် စရာ။။ မလန့်ရင် တောင် အနည်းငယ် ရှဲ သွားမှာ အမှန်။
တကယ်ကို ပဲ ခုတလော အကြွေးတွေများနေတယ်။ မလုပ်ဖြစ်တာတွေ ၊ နောက်ဆုတ်ထားတာတွေ၊
မသိချင်ယောင်ဆောင်ထားတာတွေ...။

ဘလော့ဂ် နဲ့ ပတ်သက်တာတွေရော...
မြန်မာစာဖောင့်တွေများစွာ ထဲ မှာ ဘယ်အသစ်ကို ဘယ်လိုသုံးရမယ် မသိ၊ သုံးသင့် မသုံးသင့် ဘာညာ စဉ်းစားတာနဲ့ တော်ရုံ ဘလော့ဂ် ကို ၀င်မရေးဖြစ်တော့ဘူး။ တော်ရုံ နဲ့ မရေးတော့ပါဘူးလေ ဆိုတော့ ဘာမှ မယ်မယ်ရရ မရှိပဲနဲ့ မရေးတော့ပါဘူးလို့ စဉ်းစားမိပြန်တယ် ။ အဲ့လိုနဲ့  ရေးစရာ ရှားပါးလာတယ်။ ဒီလိုနဲ့ ကိုယ့် အကျင့်အတိုင်း ပစ်ထားပါများရင် မေ့သွားတော့မှာ စိုးလာမိတယ်။ ဒီလိုနဲ့ တစ်ပတ်ပြန်လည် လာတယ်ပေါ့လေ..။ ဘလော့ဂ်လေးကို အရောင်ဖြစ်ဖြစ် ပြောင်းဦးမယ် စဉ်းစားတယ်။

ကိုယ့်ကိုယ်ကိုယ် တပ်လှန့်တဲ့သဘော....။

Comments