စိတ်ဓာတ်ကျခြင်း

ခေါင်းစဉ် ကို က ဖတ်လိုက်တာနဲ့ စိတ်ညစ်သွားစေတာ။ Mood ပို ၀င်သွားတယ်လို့ သဘောထားပြီး ခေါင်းစဉ်ကို မပြောင်းတော့ပါဘူး။။။

တကယ်ကို အထက်ပါတိုင်း စိတ်ဓာတ်တွေကို ကျနေတယ်။ Confidence လျော့ကျတာက စတာပဲ။ သာမာန်ဆို အမှားတခုခု လုပ်မိလို့ Confidence လျော့သွားတာမျိုးပဲ ရှိတာ...ခု ဘာအမှားမှလည်း ကြီးကြီးကျယ်ကျယ် မလုပ်မိပါပဲလျက်...
အဲ့ဒီနောက် စိတ်ပါ နည်းနည်း လေ လာတယ်။ အပြင်ပန်းအရ ထိထိခိုက်ခိုက် ဘာ ပြဿနာမှ မရှိပဲ နဲ့ စိတ် လာ ထိ နေလို့ ပိုဆိုးတယ်။ အဖြေရှာလေ မထွက်လေ၊ ယုံကြည်ချက်လျော့ပါးလေ။ စိတ်ညစ်လေ။ ဘာကြီးမှန်းလည်း မသိဘူး။ တခါတုန်းတွေက ၊ အလုပ်ရှာမတွေ့ခင် ကာလမျိုးတုန်းကတောင် ဒီလို စိတ်ဓာတ် မျိုး မရှိဖူးဘူး။ ခုတလော အတွေးအခေါ် တွေ တောင် လျှက်တပြက်အတွင်း တုံး သွားတယ် ထင်မိတယ်။ အတော်မကောင်းတာပဲ။။။။။။
ကိုယ့်စိတ်ကိုယ်တောင် ဘာဖြစ်နေမှန်း ဘာကြောင့်မှန်းမသိဘူးး။။။ တကယ်ကို ကျွန်မ ဘာမှ မသိသေးဘူး။။။ :(

ကဲ သွားတော့ စိတ်ဓာတ်ကျခြင်းတွေ ရေ.....။ နင် တစ်ပတ်လောက် အလည်လာလိုက်ရတာ ကျေနပ်ပါတော့။ ငါ တစ်ပတ်နဲ့တင် မူး သွားပါပြီ။

Comments