စိတ်ပျော်ရွှင်အောင်

၁. သွက်သွက်လက်လက်နဲ့ (အင်အားတွေ ဝင်သွားသလိုဖြစ်အောင်) လှုပ်ရှားပေးရပါမယ်။ ဖုန်းပြောရင် မတ်တပ်လေးရပ်၊ ဟိုလျှောက် ဒီလျှောက်နဲ့ ပြောကြည့်ပါ။ အလုပ်မှာဆို အချင်းချင်း e-mail ပို့နေ မယ့် အစား လမ်းလျှောက်ပြီး သွားပြောလိုက်ပါ။ အသံနေအသံထားက အစ အားစိုက်ထုတ်ပြောင်းလဲ ပြောဆိုကြည့်ပေါ့ ။ ၁၀မိနစ်လောက် လမ်းလေးခပ်စိပ်စိပ်လျှောက်ပေးရင် ပိုကောင်းတာပေါ့။( ဒီလိုလုပ်လို့ အလုပ်မှာ အားအားယားယားဖြစ်နေသူ၊ စကားပြောတာတောင် ပဲ ထည့်ပြောသူ လို့ အထင်ခံရနိုင်ချေရှိပါတယ်)

၂. လမ်းလျှောက်ပါ။ Research တွေ အရ အလင်းရောင်ဟာ ဦးဏှောက်ကို stimulate လုပ်တဲ့ အတွက် စိတ်ဓာတ်ကို ကြည်လင်စေပါတယ်။ မနက်စောစော နေရောင်ခြည်ကို ခံယူရင်း အားကစားတစ်ခုခု လုပ်နိုင်ရင် ကောင်းပါတယ်။

၃. အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ ဆီကို e-mail ဖြစ်ဖြစ်ပို့ပါ။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ မိတ်ဆွေအသစ်ဖွဲ့ပါ။(Lift ထဲမှာ ရံဖန်ရံခါ တွေ့တတ်တဲ့ အတူစီးတဲ့သူကို ပြုံးပြနှုတ်ဆက်တာမျိုးပေါ့)။ ကိုယ်ပုံစံက ခင်မင်တတ်တဲ့ပုံ ဖြစ်နေတာကောင်းပါတယ်။ဒါ့အပြင် သူများအပေါ် ဖော်ဖော်ရွေရွေဆက်ဆံတာကို ပိုတိုးတက်စေပါတယ်။(ကောင်မလေးတွေ အဖော်ရွေလွန်လို့ ကောင်လေးတွေ တစ်သီကြီးပါလာရင်တော့ မသိ)

၎. လုပ်ဖို့ရာ အီးလေးဆွဲနေတဲ့ ကိစ္စတွေ ကို ထလုပ်လိုက်ပါ။ ဝယ်စရာရှိတာ ဝယ်လိုက်ပါ။ ရက်ရွှေ့ ညရွှေ့  လုပ်နေတဲ့ ဆရာဝန်နဲ့ ချိန်းထားတာမျိုးဆို သွားလိုက်ပါ။ to-do list ထဲက ကိုယ်မလုပ်ချင်လို့ ချန်ထားတဲ့ ကိစ္စတွေ တစ်ခုချင်းစီ လုပ်ပြီးသွားတာ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရစေပါတယ်။(ဆရာဝန်နဲ့ သွားတွေ့ပြီးမှ ကိုယ့်မှာ ကုမရတဲ့ ရောဂါရှိနေတာ သိ သွားတာမျိုးဖြစ်ရင် တော့ ခေါင်းပိုခဲစရာပါပဲ)

၅. လာတဲ့ စာ တွေ ပုံနေတာကို ထိုင်ပြီး ရှင်းလင်းသလိုမျိုး၊ မီးဖိုချောင်ထဲက တိုလီမုတ်စပစ္စည်းလေးတွေ စီရီသလိုမျိုး လုပ်ပါ။ အဲ့လိုမျိုးကို ၁၀မိနစ်လောက်အချိန်ပေးလုပ်ကြည့် ပါ။ သေးသေးလေးတွေ လုပ်စရာများတာကလည်း လူကို မသိမသာ မွန်းကျပ်စေတတ်လို့ပါ။(လာတဲ့စာတွေထဲမှာ အကြွေးပေးဖို့မေ့နေတဲ့ အကြွေးတောင်းစာ၊ ဘီလ် တွေပါရင်တော့ ပိုမိုမွန်းကျပ်သွားပါလိမ့်မယ်)

၆. ကိုယ့်အကျိုးလုံးဝမပါတဲ့ ကိစ္စမျိုး လုပ်ကြည့်ပါ။ အကျိုးရှိတဲ့ သတင်းကို ဖြန့်ဝေတာမျိုး ပေါ့။(တစ်ဖက်သားက ကိုယ့်ကိုအားအားယားယား ဆိုပြီး Reply ပြန်လာမှာမျိုးကို မျှော်လင့်ထားပါ)

၇. သူများအသက်ကို ကယ်တာ၊ organ donor လုပ်တာမျိုး။(တကယ်ကောင်းတဲ့ မွန်မြတ်တဲ့ အလုပ်ပါပဲ၊ သင့်မိသားစုကလည်း အရင် ထောက်ခံဖို့တော့ လိုပါလိမ့်မယ်နော်)

၈. ပျော်ရွှင်ချင်ယောင်ဆောင်ပါ။ တကယ်ထင်သွားအောင်ကို အယောင်ဆောင်လိုက်ပါ။ အပြုံးတုတစ်ခုကိုက စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။။ ကိုယ်က ပြုံးနေတတ်တဲ့သူမျိုးဆို သူများတွေက ခင်မင်တတ်ပုံပဲလို့ မြင်ပါလိမ့်မယ်။
(ကိုယ့်ကိုယ်ကိုယ်တောင် ပြန်လိမ်တဲ့ သဘောမျိုးရောက်နေတာပေါ့လေ..Illusion ကနေ Reality လိုဖြစ်တတ်တာတော့ အမှန်ပါပဲ။ခဏခဏ မလုပ်သင့်ဘူး လို့ suggestလုပ်ပါတယ်၊ နောက်ဆို ကိုယ့်စိတ်နဲ့ကိုယ်တောင် ယောင်တောင်တောင်ဖြစ်သွားမှာ စိုးရိမ်ရတယ်။ နောက်ရေးထားတာ the people will perceive you as being friendlier and more approachable တဲ့။ ပြုံးမနေရင်တောင် servey ကောက်သူ,ကြော်ငြာစာရွက်ကမ်းသူ၊ ပစ္စည်းရောင်းသူတွေ ကြိုက်တဲ့ ရုပ်ရည်မျိုးကို ဆိုလိုတယ်ထင်ပါရဲ့။)

၉. အသစ်အသစ်တွေ လေ့လာပါ။ ဘာနဲ့ ပတ်သတ်လို့ ကိုယ်စိတ်ဝင်စားလဲ၊ သင်ချင်လဲ လို့ ကိုယ့်ကိုယ်ကို အရင်မေးပါ။ ၁၅မိနစ်လောက်အင်တာနက်မှာ ရှာဖတ်ကြည့်၊ ဒါမှမဟုတ် စာအုပ်ဆိုင်မှာ သွားဝယ်ဖတ်လိုက်ပေါ့။ ကိုယ်ဘာဖတ်ချင်လဲဆိုတာ သေချာစမ်းဆစ်ပါ။ ကိုယ်စိတ်ဝင်စားတာမျိုးနော.. စိတ်ဝင်စားသင့်တဲ့၊ စိတ်ဝင်စားရမယ့် အရာမျိုး မဟုတ်ပါ။(ဒီအချက်တော့ ကျွန်မနဲ့ တိုက်ဆိုင်သွားတယ် ဟိုးတစ်နေ့က Libary မှာ အိပ်မက် စာအုပ် ဖတ်ဖြစ်လိုက်တယ်။ တစ်ယောက်တည်းစဉ်းစားလိုက် ဖတ်လိုက် နဲ့ အတော်ဟုတ်သွားသေးတယ်၊ လွတ်လပ်နေသလို ခံစားရတာမျိုး)

ဒီအချက်တွေက စိတ်ညစ်နေလို့ ၊စိတ်ညစ်နေမှ  ပျော်အောင်လုပ် ဆိုတာမျိုး မဟုတ်ပါဘူး ၊ ပျင်း လို့ ပဲဖြစ်ဖြစ် စမ်းလုပ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ Yahoo သတင်းက ဖတ်ဖူးတာ ပြန်ဝေငှတာပါ။

Comments