၆.၅ ဒိုင်ယာရီ

ဒီနေ့ ပျော်နေတယ်။ အိမ်ကနေ သရက်သီးထည့်ပေးလိုက်တယ်။ မမှာပဲနဲ့ ထည့်ပေးလိုက်တာ။ စားရချည်သေးရဲ့ ... စိန်တစ်လုံးနဲ့ ဝေးနေတာ ၁၀နှစ်လောက် ရှိရော့မယ်။ မှည့်အောင်တော့ စောင့်ရဦးမယ်။ ယူလာပေးတဲ့ အစ်ကိုတော့ အတော်သယ်လာရရှာမယ်။ မန်းလေးကနေ..။ သရက်သီးဆို အမျှင်ပါတဲ့ သရက်သီးကို မစားတတ်ဘူး။ ဘာလို့မှန်းမသိဘူး။ အမျှင်ပါရင် ရှတတနဲ့ အရသာပျက်တယ်လို့ စိတ်စွဲနေမိတတ်တာ။

သူငယ်ချင်းက စာအုပ်တွေ ထည့်ပေးလိုက်တယ်။ ဖတ်စရာ ရပြီ။ ခုတလေ Heavy တွေ ဖတ်ဖြစ်နေတာနဲ့ အတော်ပဲ။ စာအုပ်နာမည် အသည်းကြီးဝတ်ရည် ဆိုတာလေး ကြိုက်တယ်။ အင်င်းး ဘာပဲဖြစ်ဖြစ် သူ့စာအုပ်ဆို ခေါင်းစီးလေးတွေကို သဘောကျတယ်။ သူကလည်း ခေါင်းစီးနာမည် Crazy ဆိုပဲ။ စာအုပ်ကြော်ငြာ ဖြစ်မှာစိုးလို့ သူ့နာမည် ကို လျှောက်ဆော့ထားတယ်။ ((သူပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရနေမိတယ်။ သူငယ်ချင်းဆိုတာ အတူတူငိုဖူးခဲ့တဲ့သူ က ကိုယ့်အတွက် အစစ်ပဲတဲ့။ အတိအကျတော့ မမှတ်မိတော့ဘူး။ သူပြောတာကို ဟုတ်လိုက်တာလို့ တွေးနေမိတယ်။ ကိုယ်တိုင် သူ့ရှေ့ မှာ ငိုချခဲ့ဖူးတုန်းက သူပါဝမ်းနည်းနေတဲ့ အသံနဲ့ချော့လိုက်၊ ခေါင်းကို သပ်ပေးလိုက် တစ်ရှူးတွေ ယူပေးလိုက်နဲ့ လုပ်ပေးခဲ့တဲ့ သူငယ်ချင်းကို အမြဲအမှတ်ရနေတုန်းပဲ။ စိတ်ထဲမှာလည်း အတော်ခင်မင်မိတယ်))



Comments