စကားပြောသော လက်ရေး..

လက်ရေးကို ခပ်သေးသေး ရေး တတ်တဲ့သူတွေက - သီးသန့်ဆန်ဆန်နေတတ်တဲ့သူတွေ ဖြစ်နေတတ်တယ်။ ခံစားချက်ကို ဖော်ပြဖို့ တွန့်ဆုတ် တဲ့သူတွေပါတဲ့။

လက်ရေးကြီးကြီးရေးတတ်တဲ့သူတွေ က- သွက်သွက်လက်လက် ရှိတဲ့သူတွေဖြစ်တယ်၊ လူအများကြားမှာ ဝင်ဆံ့ပျော်ဝင်ရတာကို နှစ်သက် သဘောကျတတ်တဲ့သူမျိုး တွေ ဖြစ်တယ်။

စာလုံးတစ်လုံးကို ရေးရာမှာ အဝန်း အဝိုက်ခပ်များများနဲ့ ရေးတတ်သူ၊ လက်ရေးကိုကြည့်လိုက်တာနဲ့ ခပ်ဝိုင်းဝိုင်း ဖြစ်နေရင် - သူတို့တွေက နူးနူးညံ့ညံ့သမားတွေ ဖြစ်သတဲ့။ အေးအေးလူလူနေလိုသူတွေပေါ့။

သူနဲ့ပြောင်းပြန် -လက်ရေးမှာ အဝိုင်းတွေ မပါသလောက် နဲ နေမယ်ဆိုရင်တော့ - ပြတ်သားမာကျောတဲ့ သူတွေဖြစ်တယ်။ ဘယ်အရာမဆို ရင်ဆိုင်လိုက်ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။

စာကြောင်းတစ်ခုရေးရာမှာ လက်ရေးတွေက - ကိုယ်ရေးတဲ့ဘက်ကို စောင်းနေမယ် (Italic ပုံစံ) ဆိုရင် - သူတို့ရဲ့  လုပ်ဆောင်မှုတွေက စိတ်ခံစားမှုကို မူတည်ပြီး ဖြစ်ပေါ်လာတာတွေ ဖြစ်တယ်။ သူတို့ရဲ့  ခံစားမှုကို ဖော်ပြဖို့လည်း ဝန်မလေးတတ်ကြဘူး။

လက်ရေးက -ရေးသူရဲ့  ပြောင်းပြန်(ညာ)ဘက် ကို စောင်းနေတဲ့ပုံစံပေါ်နေရင်- ခံစားမှုကိုလျှို့ ဝှက် ချုပ်ထိန်းတတ်တဲ့ သူတွေ ဖြစ်ပါသတဲ့။

ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ဖြစ်ပါတယ်ရှင်။ တိုက်ဆိုင်ကြည့်နိုင်ကြပါစေ။

Comments