08-06-09

၁. မနေ့ညက အိပ်မက်တယ်။ အဆောင်အအုံတစ်ခုထဲ ဝင်သွားတာ..အဖော်တစ်ယောက်လည်းပါတယ်။ ဘယ်သူလည်းတော့ မသိဘူး( အိပ်မက်တွေက အဲ့လိုပဲ လို့ ထင်တယ်၊ ကိုယ်တိုင်သာ ပါ မှန်းသိတာ..မျက်နှာ ဘာညာ အားလုံးက ဝေဝါးဝါးရယ် မှတ်လားး)။ ဝင်သွားတော့ လူတွေ အများကြီး စည်စည်ကားကား တွေ့ရတယ်။ မှန် ခေါင်းတလား တွေ ထဲမှာ လူတွေ အိပ်နေသလိုမျိုး ၊ အိပ်မက်ထဲမှာ လန့် မသွားပါဘူး။ ပါလာတဲ့ သူငယ်ချင်းကို ဟယ်ယ် သူတို့ က မသေပဲနဲ့ ဘာလို့ အခေါင်းထဲ ဝင် နေကြတာလဲ လို့၊ မေးလိုက်သေးတယ်။ တစ်ချို့  က အဲ့နားမှာ တန်းစီနေသေးတာ..ဟိုဘက်က ဘာပြန်ဖြေသလဲတော့ မသိဘူး ကိုယ်တိုင်က ရယ်ရယ်မောမောနဲ့ ဆက်ပြောလိုက်သေးတယ်။ အေးလေ..တရုတ်တွေလို နေမှာပေါ့..။ မသေခင် အခေါင်းဝယ်ထားတာမျိုး ထင်တယ်နော် လို့။

အိပ်မက်စာအုပ် ကို ဖတ်ကြည့်တော့ အခေါင်း အသုဘ မက်ရင် မင်္ဂလာသတင်း ကြားရမယ် တဲ့။ ကိုယ် မျှော်လင့်နေတာများ ကြားရမလားလို့ စိတ်ကူးယဉ်ပြုံးမိသေး။ ကဲ ..အခုမှ ဒီနေ့ မှတ်ချက်လာပြီ..။ နေ့လည်လောက်ကျ အမေ့ဆီက ဖုန်းဝင်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့.. မင်္ဂလာသတင်း တစ်ခုလို့ပဲ ဆိုရမယ်။ အမေက ဒက်ဒီဖားသားဆီ ဖုန်းဆက် လိုက်ဦး ပြောတယ်။ မာမီမားသားမေမေ ပျော်နေ၏..။

၂. သူငယ်ချင်းဆီ စာ အခုထိ မထည့်ရသေးဘူး၊ အိမ်နားမှာကို စာတိုက်ပုံးတွေ အများကြီးကို၊ အပြင်ရောက် စာတိုက်ပုံးမြင်ကာမှ သတိရတယ်။ ရေးထားပြီးတာ ၃လကြာ၊ စာအိတ်ထဲ ထည့်ပြီး ၁လခွဲကြာ၊ တံဆိပ်ခေါင်းဝယ် စာအိတ်ပိတ်အပြီး ၁လအကြာ ဖြစ်နေပြီ။ ပြန်ဖွင့်ပြီး အသစ်ရေးရမှာ ပျင်းစရာ၊ နောက်တစ်စောင်ရေးပြီး အတူထပ်ထည့်လိုက်ရင် ကောင်းမယ် ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ချိတ်ညစ်ရဒယ်ယ်။

၃.သူငယ်ချင်းတစ်ယောက် ရန်ကုန်ပြန်သွားတော့ သူနဲ့ အတူနေ သူငယ်ချင်းက တစ်အိမ်လုံးမှာ တစ်ယောက်တည်း၊ အဲ့ဒါနဲ့ လှမ်းစနေတာ .တစ်ယောက်တည်း တစ်ခုခုကို အကျွန်ုပ် ကို ဖုန်းခေါ်ရန်၊ ဘာညာနဲ့ ရေးပြီး နောက်ဆုံးတစ်ကြောင်းမှာ နောက်ကို လှည့်ကြည့်လိုက် လို့ ရေးလိုက်တယ်။ ဟီးး။ အမှန်တော့ ကိုယ်လည်း အိမ်မှာတစ်ယောက်တည်း ကျန် နေခဲ့တာ။ သူများကို ကျ နောက် တတ်တယ် ၊ ကိုယ်တိုင် တောင်တွေး မြောက်တွေးနဲ့ အိပ်မပျော်မှ ဟုတ်ပေ့ဖြစ်နေမယ်။ ခက်ပါ့ကွယ်ယ်..။

၎.Facebook ထဲကနေ ပြုံးချင်စရာ status တွေ တွေ့ထားတယ်။ သူများ status ကို အားအားယားယားရယ်စရာလား လို့ မမှတ်ပါနဲ့။ သူတို့က ဟာသတွေ share ထားတာကို ပြောချင်တာပါ။ ဦးဏှောက်ဖောက်စားတယ် လို့ ခေါ်မလားတော့ မသိ။ :)

Comments