Watching Movie ..Again ...


မနေ့  က  Movie  ၃ခု ကြည့်ပြီး ရူးချင်ချင် ဖြစ်သွားတယ်။ တစ်ခုချင်းဆီ ကြည့်ရင် ကောင်းမှာဖြစ်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကိုယ်က ဆက်တိုက်ကြည့်မိသွားတယ်။

1) Space Battleship
Takura Kimura ပါတဲ့ ဂျပန်ကားတစ်ခုပါပဲ။
အာကာသထဲက ကားဆိုတော့ အမြင်ပြောင်းပြီး ကြည့်ရတာ ကောင်း တယ်။    သရုပ်ဆောင်တာတွေ က လည်း ကောင်းကြတာတယ်။  ဇာတ်ပို့ အရံသရုပ်ဆောင် တွေကိုက အစ မြင်ဖူး ကြည့်ဖူးတဲ့သူတွေပဲ။
ယာဉ်ပျံတွေ ပစ်ကြခတ်ကြတာ ကြည့်ရတာလည်း ငယ်ငယ်က စက်ကလေးထဲကို အခွေထိုးကစားခဲ့ရတဲ့ combat ဂိမ်း တွေ ကိုတောင် သတိရမိတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း အားလုံးကို ကယ်တင်ဖို့ မင်းသားက အသက်နဲ့ လဲ ပေးသွားရတာပါပဲ။ ( မင်းသားကို မသေစေချင်တဲ့ ကိုယ်က တော့
ဒီလို အာကာသထဲ သွားနေတဲ့ ခေတ်လွန်ယာဉ်ဖြစ်ပြီး ဘာကြောင့်  Timing  နဲ့ auto လုပ် ပြီး တိုက်ခိုက်လို့မရတာလည်း လို့ မကျေမလည် ဖြစ်ကျန်မိတယ် )

2) Magic to Win
စကြည့်တုန်းက ဘာကားပါလိမ့်ပေါ့။ Happy Ghost  ထဲက အဖိုးကြီး စ ပါ တော့ သူများ မျက်လှည့်ဆရာကြီးများလားပေါ့.။
Luis Koo လည်းပါတယ်။ Fahrenheit က ၀ူချွန်းး လားးး ၀ူချူးလား သူလည်းပါတော့ ကြည့်မိသွားတယ်.။ ရွှေ ၊ သစ်သား ၊ ရေ ၊ မြေ ၊ မီး ဓာတ်ကြီးငါးပါး စွမ်းအား ရှင် တွေ ကား ပေါ့။ ကြည့်ပျော်ပါတယ်။ ၀ူချွန်း က အသက်ကြီးသွားတော့သိပ်မချောတော့ဘူး။ တကယ်တော့ Luis Koo ကလည်း ဒီကားမှာ အရံသရုပ်ဆောင် သဘောလောက်ပါတယ်.။ အခန်းနည်းပေမယ့်  သူက ဒီလိုဖြစ်ပျက်မယ့် ကြိုတင်ဟောကိန်းတွေကို စာရေးထားသူအဖြစ် သရုပ်ဆောင်ရင်း ခေါင်  နေရာ ရ ထားတယ်။ ( ပြောလို့ ပြောတာမဟုတ်ဘူး Luis Koo က သရုပ်ဆောင် တအားကောင်းတယ်။ သူ့ ရုပ် က အရမ်းချောတဲ့ အထဲမှာ မပါလို့ ထင်တယ်။ ခပ်ပေါ့ပေါ့ နေရာကဆိုလည်း စိတ်ပျက်ချင်စရာ ပေါကြောင်ကြောင် လုပ်နိုင်တယ်။ ကောက်ကျစ်ပြီဆိုလည်း တကယ်ကောက်ကျစ်တဲ့ စက်ဆုပ်စရာမျက်နှာထွက်တယ်။ Casanova  နေရာကဆိုလည်း တကယ်ချောတယ်။ သူ့ကားတွေ တစ်ကားပြီးတစ်ကားက မျက်နှာဖုံး မျိုးစုံ လှည့် တပ်နေသလိုမျိုး ကြည့်ရတယ်။)

3)In Time
Justin Timberlate ကားတစ်ခုပဲ။ ထွက်တာ တစ်နှစ်လောက်ရှိပြီ ထင်တယ်။ တကယ်တော့  Money = Time ဆိုတာကို အခြေခံပြီး ရေးထားတဲ့ ဇာတ်လမ်းပါပဲ။ အချိန်ဆိုတဲ့ နေရာမှာ ပိုက်ဆံ ဆိုတာကို အစားထိုး တွက်ပြီး ကြည့်ရင် ရိုးရိုးဆင်းဆင်းဇာတ်တစ်ခုပါပဲ။ လူတစ်ယောက် ရဲ့ သက်တမ်းက သူ့လက်ဖျံပေါ် မှာ  Digital CountDown နဲ့ ပြနေတယ်။ ၀ယ်လို့ ရတယ် ၊ ချေးလို့ရတယ် ၊ ရောင်းလို့ ရတယ်ပေါ့။ အသက် တွေ အများကြီးကို ပိုင်တဲ့သူက အသက်ဘဏ် ဖွင့် ထားတဲ့ သူဌေးကြီးပေါ့။ လမ်းဘေးဖုန်းက တစ်ခါဆက်ရင် တစ်လ သက်တမ်း ပေး လိုက်ရတယ်။ ဘတ်စ် စီးရင် လည်းပိုက်ဆံအစား အချိန်ပေး ရတယ်။ Daily   အလုပ်လုပ်တဲ့ နေ့စားတွေက အချိန်ကို တစ်နေ့လုပ်မှ တစ်နေ့ရတယ်။ ကိုယ့်အသက်အတွက် အလုပ်လုပ်ရတာပဲပေါ့လေ။  အသုံး အစွဲ တွေ ရှုပ်ရှုပ်သွားလို့
စဉ်းစားရတာနဲ့      ကားက  ဒီလိုပဲ ပြီးသွားတယ်။ (   တိန်န်န်န် ..သူက အခြေခံကျပြီးသား တစ်ခုကို ထပ်ဆောင်းရှုပ်ထား ကိုယ်က ပြန်ပြောင်းစဉ်းစားနဲ့ လုပ်လိုက်ရတာကိုးးးးး)

အူချာချာဖြစ်သွားပုံများ နောက်နေ့ တီဗွီ ကို လှည့်မကြည့်ချင်တော့အောင်ပါပဲ။ နောက်ဆို so bored  ဆိုပြီး လျှောက်မကြည့်တော့ဘူး။
နောက်ဆို သမားရိုးကျ စဉ်းစားဖို့ပဲ တတ်နေတော့တဲ့ ဦးဏှောက်ကို ပူ စေချင်ရင် ဒီလိုကားတွေ များများကြည့်ပေးရမယ်။ :p

Comments