အိပ်မက် တွေ အကြောင်း


ကျွန်မ မက်တဲ့ အိပ်မက်တွေ အကြောင်းတော့ မဟုတ်ပါဘူး။ အိပ်မက်တွေ မမက်တာကြာလှပြီပေါ့။ စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ပျော်နေလို့ပဲလား၊ စိတ်ထင့်တာမျိုးတွေ အိပ်ခါနီးမတွေးမိအောင်နေမိလို့လားမသိ။
ကဲပါလေ...လိုရင်း သွား တာကောင်းပါတယ်...။

စက်ဘီး
အားထုတ်မှု၊ motivation
မိမိကိုယ်ကို ယုံကြည်မှု၊ ဘက်ညီမျှမှု တို့နဲ့ ပတ်သက်လို့ အားမလိုအားမရ ဖြစ်နေရင်
မက်တတ်ပါတယ်။

လှေ၊သင်္ဘော
ဘ၀ရဲ့ အတက် အကျ တွေမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ၊ ဘယ်လိုဖြေရှင်းနေသလဲ ဆိုတဲ့ စိတ်ဖြစ်ပေါ်နေချိန်မို့ မက်တာမျိုးဖြစ်တယ် လို့ ဆိုပါတယ်။

Relationship ကိစ္စ မှာ ရင်ဆိုင်နေရတာ ၊ အများနဲ့ ဆက်နွယ်နေရတာမျိုးအတွက် ကိုယ်စားပြုနေပါတယ်။

ရည်းစား
ကိုယ့်ချစ်သူ ရည်စားကို အိပ်မက်မက်တာက အများအားဖြင့်တော့ သူ့ကို ကိုယ့်စိတ်ထဲမှာ စိုးရိမ်နေတာမျိုးတွေ မက်တတ်ပါတယ်..တကယ့်အပြင်မှာ ဖြစ်မှာမျိုးမဟုတ်ဘူး။ ဥပမာ- ကိုယ့်ချစ်သူ ဖောက်ပြန်မှာ စိုးရိမ်နေရင်  အိပ်မက်ထဲမှာ သူ့ကိုတစ်ခြားတစ်ယောက်နဲ့ တွဲနေတာမျိုး မက်တတ်ပါတယ်။
ကိုယ်ဖြစ်ချင်တာမျိုးကိုလည်းမက်တတ်ပါတယ်။ ချစ်သူဆီက လက်ဆောင်တစ်ခုခုလိုချင်တဲ့ စိတ်မျိုးဖြစ်နေရင် အိပ်မက်ထဲမှာချစ်သူက စိန်လက်စွပ်ကြီး ၀ယ်ပေးသလိုမျိုးပေါ့။


တံတား
စိတ်တွေအမျိုးမျိုးဖြစ်နေရင် ၊လိုချင်တာ ဖြစ်ချင်တာတွေ များ နေရင် အိပ်မက်ထဲမှာ ထည့်မြင်တတ်ပါတယ်။


တောင်စောင်း
လိုချင်တာမရမှာ ၊ မျှော်မှန်းတဲ့ ရာထူး၊ အဆင့် မရမှာ စိုးထိတ်နေတဲ့ အခိုက်မျိုးမှာ မက်တတ်ပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချရမှာမျိုးမှာ မက်တတ်ပါသတဲ့။

အထက်ပါတွေက Libraryတစ်ခုမှာ သူငယ်ချင်းကို စောင့်နေတုန်း ဖတ်မိတာလေးတွေ ပြန်မှတ်ထားခြင်းပါပဲ။  စာရေးသူ၊ စာအုပ်နာမည် တော့ မမှတ်မိတော့တာ .နောက်ဆို သတိထားမှ ဖြစ်ပါလိမ့်မယ် ထင်ပါရဲ့။

Comments