English Movie Review

ပြီးခဲ့တဲ့ အပတ်က ဘာဓာတ်ကျမှန်းမသိ ၊ အင်္ဂလိပ်ကား တွေ တစ်ရက်တည်း ဆက်တိုက် ကြည့်ဖြစ်သွားတယ်။ ကိုရီးယား ၊ ဂျပန် ကွိစိကွစ တွေကြား နစ်မျောပါများလို့ ထင်ပါတယ်။ ကြည့်လို့ ကောင်းပြီး စိတ်ထဲ ကျန်နေတယ်။

Bang Bang Club

ဒီကားကို စကြည့်ကြည့်ချင်း နာမည်က ဘာလို့ကြားဖူးမှန်းမသိ ကြားဖူးသလိုရှိလို့ စကြည့်မိတယ်။ အစပိုင်းမှာ လူမည်းတစ်ချို့ က တစ်ယောက်တည်းကို ၀ိုင်းရိုက်တာ လမ်းမပေါ်မှာ၊ အဲဒါကို မင်းသား က ဓာတ်ပုံရိုက်ဖို့လုပ်တယ်ပေါ့ ။ အဲ့မှာ သွေးထွက်သံယို နဲ့ ရက်ရက်စက်စက်ပုံမျိုးတွေဆိုတော့
သတ္တိခဲပီပီ ဆက်မကြည့်တော့ပဲ ပစ်ထားလိုက်သေးတယ် ။ နောက ကြည့်စရာအခွေမကျန်တော့မှ့ ဒါ ဖြစ်ရပ်မှန်ပဲ ကြည့် သင့်ပါတယ် လို့ကိုယ့်ဘာသာ အားပေးရင်းနဲ့ စိတ်ဝင်တစား ဆုံးခန်းတိုင် ကြည့်သွားဖြစ်တော့တယ်။

ဇာတ်လမ်းက တစ်ဝက်ကျော်လောက်ရောက်တော့ xxx လဒငှက်က သေလုမူးမူး ကလေးမလေး ကို စောင့် နေတာကို ဒုမင်းသားက ဓာတ်ပုံရိုက်တာ ပါလာပါတော့တယ်။
အဲ့ဒါတွေ့ တော့မှ ပူလစ်ဇာဆုရတဲ့ ဓာတ်ပုံပဲဆိုပြီး ဇာတ်ကားမူလအခြေခံကို ခန့်မှန်းမိတော့တယ်။

စွန့်စား ရဲတဲ့ ဓာတ်ပုံဆရာတွေရဲ့  စိတ်ဓာတ်၊ Mandela စပြီး ပြည်တွင်းငြိမ်းချမ်းရေးကို စတည်ဆောက်ရတဲ့ အချိန်မျိုး တကယ့်သမိုင်းဖြစ်ရပ် ပုံစံ စတာတွေကြောင့် အတော်ကြည့်ပျော်တဲ့ ဇာတ်ကားကောင်းပါပဲ။

The Beaver

စီးပွားရေး မိသားစုအရေးတွေမှာ အဆင်မပြေ ဖြစ်နေတဲ့ လူတစ်ယောက် အကြောင်းပါပဲ။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ပတ်ဝန်းကျင်နဲ့ အဆင်မပြေတော့တဲ့သူပေါ့။ နားလည်မှုလွဲတာတွေ ကြားထဲမှာ အားပေးဖော်လည်း မရှိ Depression ၀င်ရာက လက်ထိုးရုပ်ကလေး တစ်ခု ကောက်ယူမိပြီး အဲ့လက်ထိုးရုပ်ကလေးနဲ့ စကားပြောရင်း သူ့ကိုယ်သူ တစ်ဖက်လှည့်အားပေးနားလည်သလို လုပ်ရင်း စီးပွားရေး အိမ်ထောင်ရေးကို ပြန်တည်ဆောက်လာနိုင်တဲ့ လူတစ်ယောက်ပေါ့။ အဲ့အရုပ်ကလေး ကသာ သူ့ကို နီးစပ်
အားပေးသလို ဖြစ်လွန်းလို့ သူရဲ့ အဖော် လူတစ်ယောက်လို့ သူထင်မိသွားတဲ့အထိပါပဲ။
အဲ့တော့လည်း စိတ်ရောဂါနောက်တစ်မျိုးထဲ ဘောင်ဝင်သွားပြန်တာပေါ့လေ။

နည်းနည်းတော့ ပျင်းစရာကောင်းနေမလားပဲ။ ဒါပေမယ့် အဓိပာယ်ရှိလှတဲ့ အတွေးပွားစေတဲ့
ကားလေးပါပဲ။ စကားပြောတွေ များပေမယ့် စဉ်းစားစရာတွေ ပေးတဲ့ကားပါ။ လူတွေအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း စိတ် လိုအပ်ချက်တွေ ရှိတယ် ဆိုတာ သတိပေးနေသလိုပါပဲ ။

Comments

Popular Posts