ကရကဋ် ရာသီဖွား

စံဇာဏီဘို ( ၁၂ ရာသီ အချစ် )

ကရကဋ် ရာသီ ၏ သဘောသဘာဝ
ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၂ ရက်ကြား မွေးသော သူများကို ကရကဋ် ရာသီဖွားများဟု သတ်မှတ်ထားသည် ။ မြန်မာလ ၀ါဆိုလနှင့် နီးစပ်တူညီသည် ။
ရာသီရုပ် လက်မထောင် ဂဏန်းကောင်

်စိုးမိုးဂြိုလ် တနင်္လာဂြိုဟ်
်ဓာတ်သဘာဝ ရေ
အရောင် အစိမ်း ၊ အဖြူ ၊ နို့ နှစ် ၊ မီးခိုး
ရတနာ ပုလဲ ၊ သန္တာ ၊ စိန်

သော့ချက်ဗီဇ
စိတ်ဆိုးလွယ် စိတ်ပြေလွယ်သည် ။ စိတ်ဓါတ် တက်လွယ် ကျလွယ်သည် ။ အငြိမ် မနေတတ် ။ မွေးရပ်ကို ခွဲခွာပြီး ကြီးပွားမည် ။ ဘ၀ တွင် အတက်အကျ များမည် ။ စိတ်ကူး ကောင်း ရှိသည် ။ တီထွင် ဖန်တီးမှု စွမ်းရည် မြင့်မည် ။ မိမိ အကြောင်းကို အမြဲစဉ်းစားတတ်သည် ။ အတိတ်ကာလကို ပြန်လည် စဉ်းစား စိတ်ကူးမှု များသည် ။ ဘ၀ တွင် မိမိ မျှော်လင့် မထားခဲ့သော အတိုင်းအတာအထိ ဥစာ ပိုင်ဆိုင်မည် ။ ဘ၀ တိုးတက်မှု ရမည် ။ သို့ သော် ပတ်ဝန်းကျင်နှင့် တစ်စစ ကင်းကွာမည် ။ ချမ်းသာသော်လည်း အထီးကျန်ဆန်မည် ။
ချစ်ရေးဆို ရက်ကောင်းများ
လစဉ် လတိုင်း ၏
၁ ၂ ၄ ၇ ၁၀ ၁၁ ၁၉ ၂၀ ၂၅ ၂၈
ရက်နေ့ များသည် ရာသီဖွား အမျိုးသား များ အတွက် နှလုံးသားအား ဖွင့်လှစ် ချစ်ရေးဆိုရန် ရက်ကောင်းများ ဖြစ်ပါသည် ။
အချစ် အဖြေပေး ရက်ကောင်း
တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ နေ့ များတွင် မိမိ ကိုချစ်ရေးဆိုလာသူ အား တုံပြန် မေတ္တာ နှင်းအပ် ၊ အဖြေပေး ခေါင်းညိမ့်ရန် လျော်ကန် သင့်မြတ်ပါသည် ။



ကရကဋ် အချစ် ဘဝ
ဇွန် ၂၁ မှ ဇူလိုင် ၂၂ ကြား မွေးသော ကရကဋ် ရာသီဖွားများ၏ အချစ်ဘ၀သည် ဒဏ္ဍာရီ ဆန်လှသည် ။
လက်တွေ့ ဘ၀ ကို ဥပက္ခာပြု မေ့လျော့ပြီး စိတ်ကူးယဉ် ကမ္ဘာလေးကို နုနုရွရွလေး တည်ဆောက်လိုသည် ။ နေ့ စဉ် နေထိုင်မှု ဘ၀ နှင့် အချစ် ဘ၀ တို့ ကို သီးခြားထားကာ လူတစ်ကိုယ် ဘ၀ နှစ်ခုနှင့် နေသောသူများဖြစ်သည် ။
အချစ်ကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်ကြည်နူးခြင်း ၊ ၀မ်းနည်း ရခြင်း ၊ ထိခိုက် ခံစားရခြင်း ... အလုံးစုံ ကို တသသ ခံစားလိုသော စိတ်ကြောင့် မလိုလားအပ်သော အနှောင့်အယှက် ရှိမည် ။ အချစ်ဘ၀ တွင် နှလုံးသားကို လွန်လွန်ကဲကဲ ဦးစားပေးရန် မသင့်တော်ချေ ။ ထို့ အပြင် ရုပ်ဝတ္ထု ပိုင်းဘက် ဦးစားပေးလွန်းခြင်းကိုလဲ ရှောင်ပါ ။ အချစ်နှင့် အချစ်စစ်ကို မခွဲခြားနိုင်သမျှ မိမိအချစ်ဘ၀ မဖြောင့်ဖြူးနိုင်ချေ ။
ဤရာသီဖွားများသည် အသက် ၂၂ နှစ် မတိုင်မီ ဘ၀ချင်း ကွာခြားပြီး မတူညီသော အနေအထားကို အချစ်ဆိုသော အရာနှင့် ဇွတ်အတင်းညှိ အချစ်ဘ၀ ကို ဖြတ်သန်းရင်း အချစ် အိပ်မက် ၊ စိတ်ကူး ကမ်ဘာ တည်ဆောက်မည် ။ လက်တွေ့ နှင့် ကွာဟမှုကြောင့် စိတ်ညစ်ဖွယ်များနှင့်သာ ကြုံမည် ။ မိမိ ကိုယ်တိုင်က အသည်းကွဲခြင်းကို ခံစားလိုသောကြောင့် အသဲကွဲမည် ။
အသက် ၂၂ မှ ၂၆ ကြား မေတ္တာရေးတွင် တည်ငြိမ်လိုသော ဦးနှောက်ခံစားချက် ရှိသော်လည်း နှလုံးသား တောင်းဆိုမှုကြောင့် မကြာခဏ စိတ်ပြောင်းရမည် ။ ဦးနှောက် နှင့် နှလုံးသား အားပြိုင်မည် ။
အသက် ၂၆ ပြည့်ပြိး နောက်ပိုင်း အချစ်အိပ်မက်မှ နိုးထလာပြီး လက်တွေ့ ဆန်သော ဘ၀ သို့  ဦးတည် မည်။သတိပြုရန်မှာ ကရကဋ် ရာသီဖွား ၄၀% သည် အိမ်ထောင် နှစ်ဆက် ကျတတ်သည် ။ ပထမ အိမ်ထောင်ဘက်နှင့် ပတ်သတ်ပြီး ငွေကြေး ပစည်း ရတတ်သည် ။ အမွေကဲ့သို့  ရမည် ။ တရားရုံးမှ ရမည်။
ကရကဋ် ရာသီဖွားများ၏ အချစ်ဘ၀သည် အချစ်ဝတ္ထု ၊ ရုပ်ရှင်ထဲမှ ဇာတ်ကောင်များ သဖွယ် တွေ့ ၊ ချစ် ၊ ကြိုက် ၊ ကွဲ ၊ ပြန်ဆုံ ၊ အရွေးရခက် ၊ နောက်ဆုံး အခြေအနေ အပေးဆုံး သူနှင့် ဇာတ်သိမ်းတတ်သည် ။ အလွမ်းဘက် ဦးတည်ပြီး ချစ်သူ ကို အကြောင်းတစုံတရာ နှင့် စွန့် လွှတ်ပြီး သူတပါးက အပြစ် မပြောနိုင်သော ဖြစ်စဉ် အကြောင်းပြချက်များနှင့် ငွေကြေးဓန ပြည့်စုံသူ ကို အိမ်ထောင်ပြုရပြီးကာမှ ချစ်သူဟောင်းကို တသသ ကိန်းကြုံမည် ။
အသက် ၁၈ မှ ၂၀ ကြား ၊ ၂၂ မှ ၂၃ ကြား ၊ ၂၅ မှ ၂၆ ကြား ၊ ၃၀ မှ ၃၁ ကြား ၊ ၃၂ မှ ၃၃ ကြား ကာလများတွင် အချစ်ရေး ၊ အိမ်ထောင်ရေး ၊ မေတ္တာရေး အညံ့ရှိမည် ။ အခြား ကာလများတွင် ကြီးမားသော အညံ့မရှိပါ ။
ကိုယ်လုံး ကိုယ်ထည် တောင့်တင်း မျက်နှာဝိုင်းကာ အသားလတ် နှုတ်ခမ်းလှပပြီး သွားစွယ် သွားတက်များ ရှိသောသူနှင့် ဆုံစည်းဖူးစာ ဖက်ရမည် ။

ကရကဋ် အချစ် ဒဿန
ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၂၂ ရက်ကြား မွေးသည့် ကရကဋ် ရာသီဖွားများသည် အလွန် စိတ်ကူးယဉ် ဆန်သော ၊ အချစ်ကို လိုလားသော သူ ဟု ပညာရှင် များက သတ်မှတ်ထားသည် ။ အလွန်လှပ ဆန်းကြယ် တင့်တယ်သော ရေကန်၏ အလယ်တွင် လရောင်ဖျန်းသော အခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့  နှလုံးသားကို ပိုင်ဆိုင်သူ အဖြစ် ကရကဋ်ရာသီဖွားများ၏ နှလုံးသား အချစ်မေတ္တာ အားဖော်ကျူးသည်။ ချစ်ခြင်းမေတ္တာ အား စိတ်ကူးယဉ်စရာ တစ်ခုဟု သတ်မှတ်ထားသည် ။ လက်တွေ့ ဘ၀နှင့် ကင်းကွာသော အချစ်ကို လိုလားသည် ။

ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ ၊ စိတ်ကူးယဉ်စရာ အဖြစ် သတ်မှတ်ပြီး ဒဏ္ဍာရီ ပုံပြင် သမိုင်းထဲမှ အချစ်သူရဲကောင်းများအား နှစ်သက်သဘောကျ အားကျတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားသည် ။ အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည် ။

ကရကဋ် ရာသီဖွားများ အဖို့  ချစ်ခြင်း နှင့် မုန်းခြင်း ကြား နယ်နိမိတ်သည် မျဉ်းကြောင်း ငယ်လေးမျှသာ ဖြစ်သည် ။ တစ်ပါးသူ အပေါ် သံဃောဇဉ် ထားမိ ၊ ချစ်မိ ၊ တွယ်တာမိလျှင် အရာရာ ပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝ လှည့်မကြည့်တတ် ။ မိမိ၏ နှလုံးသား သည် အငြိုးကြီးသည် ၊ အမှတ်သည်းခြေ ကြီးသည်။ မိမိ ကို ဒုက္ခပေးထား ၊ နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည် လက်တုန့် ပြန် ၊ လက်စားချေတတ်သော နှလုံးသားအား ပိုင်ဆိုင်သည် ။ စိတ်ကောက်တတ်သည် ။ စိတ်ကြီးသည် ။ ဆတ်ဆတ်ထိ မခံတတ် ။ တစ်စုံတစ်ရာ မိမိ နှလုံးသားကို နာကျင် ထိခိုက်အောင် တစ်ဖက်သူမှ ပြုလျှင် ချက်ချင်း မုန်းတီး အရွဲ့ တိုက် တတ်သော အချစ်နှလုံးသား ဒဿန ရှိသည် ။

ချစ်ခြင်းမေတ္တာ အပေါ် အထိအခံ ၊ အလွန်တန်ဖိုးထားတတ်သော သူ ဖြစ်သည် ။ သို့ သော် မေတ္တာရေးတွင် မချောမွေ့ ။ ကံခေတတ်သော သဘာဝ ကို ပိုင်ဆိုင်သည် ။အချစ်ဦး နှင့် ဆုံဆည်းခြင်း မရှိ ။ ကွေကွဲရခြင်း အပေါ်လဲ ၀မ်းနည်းကိန်း မရှိ ။ ထူးခြားချက်မှာ အချစ်ဆုံးသူ နှင့် အိမ်ထောင်ကျမည် ။

မိမိ ၏ အချစ်နှင့် နှလုံးသား ခံယူချက်သည် ဆက်ဆံသော အသိုင်းအ၀ိုင်း အလိုက် စိတ်ပြောင်းလဲ တတ်သော သဘာဝ ရှိသည် ။ ပတ်ဝန်းကျင် ၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးနှောက် ၏ ဆုံးဖြတ်ချက်ကို အလေးထားသလို ဖြစ်မည်။

ဘ၀ တွင် အသိုင်းအ၀ိုင်း က နှစ်သက်သူ တစ်ဦး ၊ နှလုံးသား ကလက်ခံသူ တစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည် ။ ထိုအခါတွင် ရုပ်ဝတ္ထု ပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သော သူ ကိုသာ ဦးစားပေးပြီး ရွေးချယ်သင့်သည် ။ ဆုံးဖြတ်ချက် ချသော အခါ တပါးသူစကား နားယောင်မှုထက် ကိုယ်ပိုင် နှလုံးသား ခံယူချက်အပေါ် အခြေပြုပါ ။ အသက် ၁၆ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူ ပေးသော ကတိအပေါ် ယုံစားတတ်မှုကြောင့် စိတ်အနှောင့်အယှက် ကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည် ။ အသက် ၂၅ နှင့် ၂၉ နှစ် ကြားတွင် မိမိ အပေါ် သံဃောဇဉ် ရှိသူအား ဖယ်ခွာကာ နောက်မှ ပေါက်သော ရွှေကြာကို ဦးစားပေးမည် ။
မိမိ က မေတ္တာရေး နှင့် ချစ်ခြင်း ကို လေးနက်စွာ ထားပြီး ဘ၀ အဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ၊ ငွေနောက် လိုက်သည်ဟု သတ်မှတ်မည် ။ ကရကဋ် ရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်း နှင့် ဆန့် ကျင်ဘက် ဖြစ်သည်ဟု ဘ၀တလျောက် တွေးခေါ်ထားသော သဘာဝ အားပိုင်ဆိုင်သည် ။
ဤ ကား ကရကဋ် ရာသီဖွား တို့  ၏ အချစ် ဒဿန ပေတည်း ။

မှန် မမှန် ကိုယ့် ဘာသာ ကိုယ် ဆုံးဖြတ် ကြပါ ကုန်သော် =D

Comments